မကြာသေးမီက Sar Calva အမည်ရှိအမျိုးသမီးဟာ အခြားသူများအတွက် လှုံ့ဆော်မှုဖြစ်စေရန်အတွက် ၎င်းတို့မိသားစုရဲ့ဇာတ်လမ်းကို ပို့စ်တင်ပြီး မျှဝေပေးခဲ့ပါတယ်။ သူမတို့မိသားစုဟာ ယခင်က ဆင်းရဲနွမ်းပါးပြီး လူအများစုရဲ့အိမ်များနှင့် ဝေးကွာတဲ့တဲအိမ်မှာ နေထိုင်ခဲ့ကြပါတယ်။ သူမတို့အိမ်မှာ လျှပ်စစ်မီးတောင်မရှိပေမဲ့ မိဘများက ၎င်းတို့ဘဝမှာတွေ့ကြုံခဲ့ရတဲ့အခက်အခဲများကို မညည်းညူခဲ့ကြပါဘူး။ ထို့ကြောင့် မိဘများက မိသားစုဝင်များစွာနှင့် လျှပ်စစ်မီးမရှိတဲ့တဲအိမ်လေးကို မျှဝေရန် မည်မျှခက်ခဲတာကို ညည်းညူနေမည့်အစား ၎င်းတို့ရဲ့ကိုယ်ပိုင်အိမ်များ ဆောက်လုပ်ရန်သာ အိပ်မက်မက်ခဲ့ကြပါတယ်။ သူမတို့မွေးချင်းကိုးယောက်ကလည်း ၎င်းတို့ရဲ့မိဘများအတွက် အိမ်ဆောက်ပေးဖို့အိမ်မက်မက်ခဲ့ကြပါတယ်။ ဆင်းရဲပေမယ့် သူမရဲ့မိဘများက ပညာရေးရဲ့တန်ဖိုးကို နားလည်ကြပါတယ်။
.
ဆင်းရဲတဲ့မိဘများစွာက ၎င်းတို့ရဲ့သားသမီးများကို ငယ်ရွယ်စဉ်ကတည်းက မိသားစုကိုကူညီဖို့ အလုပ်ခိုင်းတတ်ကြပေမဲ့လည်း သူမတို့ မိဘများကတော့ ထိုသို့မလုပ်ခဲ့ကြပါဘူး။ ယင်းအစား သူမတို့ရဲ့မိဘများက ပိုမိုကောင်းမွန်တဲ့ဘဝအိပ်မက်များကိုဖြည့်ဆည်းနိုင်စေရန် သူမတို့အားလုံးကို ကျောင်းတက်စေခဲ့ပါတယ်။
.
အမှန်ပါဘဲ ၊ တကယ်လည်း သူမတို့ရဲ့ကြိုးစားအားထုတ်မှု အားလုံးဟာ ပြေလည်သွားခဲ့ပါတယ်။ ဆယ်စုနှစ်များစွာကြာပြီးနောက်မှာ သားသမီးတသ်ဦးစီတိုင်းဟာ ၎င်းတို့မှာ ကိုယ်ပိုင်အိမ်နှင့် မိသားစုများရှိနေကြပြီဖြစ်ပေမယ့် ၎င်းတို့မိဘအတွက်အိမ်ဆောက်ဖို့ ၎င်းတို့ရဲ့အိပ်မက်ကို လုံးဝမမေ့ခဲ့ကြပါဘူး။
.
ဒါ့ကြောင့် သူမတို့မွေးချင်းကိုးယောက်ဟာ ၎င်းတို့ရဲ့မိဘများအတွက် ၎င်းတို့ရဲ့စိတ်ကူးအိမ်မက်အိမ်ကြီးကို ဆောက်လုပ်ရန် ၎င်းတို့ရဲ့ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများကိုဖြတ်ကျော်နိုင်ခဲ့ပြီး၊ အမိုးအကာပါရှိတဲ့ လှပတဲ့ ၃ ထပ်တိုက်အိမ်ကို တည်ဆောက်ပေးနိုင်ခဲ့ကြပါတယ်။ သို့ပေမဲ့ ဝမ်းနည်းစရာကောင်းတာက ၎င်းအိမ်အသစ်မပြီးခင်မှာ ၎င်းတို့မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ သို့ပေမဲ့ သူမတို့အစွမ်းကုန်ကြိုးစားခဲ့ကြတာကို သူမတို့မိဘသိခဲ့လိုက်ရခြင်းက ဝမ်းသာစရာတစ်ခုပါဘဲ။
.
သို့ပေမဲ့ နောက်ဆုံး သူမတို့ရဲ့အိပ်မက်များ အကောင်အထည်ပေါ်လာတာကို မိဘများက ကောင်းကင်မှ ပျော်ရွှင်စွာ ပြုံးကြည့်နေကြမှာကိုလည်း သူမတို့အားလုံးက ယုံကြည်ခဲ့ကြပါတယ်။
.
အခြေခံလူ့အခွင့်အရေးအဖြစ်သတ်မှတ်ထားတဲ့ပညာရေးရဲ့တန်ဖိုးဟာ လူများစွာရဲ့ဆင်းရဲမွဲတေမှုမျဉ်းမှလွတ်မြောက်အောင် ကူညီပေးနိုင်တဲ့အစွမ်းထက်တဲ့ကိရိယာတစ်ခုပါဘဲဗျာ။ Sar Calva တို့မိဘနှစ်ပါးလည်း ၎င်းတို့သားသမီးများရဲ့ကြိုးစားအားထုတ်မှုကို မကွယ်လွန်မိလေးကတည်းကပင် အသိအမှတ်ပြုပေးကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်ဗျာ။
JRose (KB Chimmy One)
Reference : rachfeed