သတင္း

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း အဲ့တုန်းကလဲ အာဏာမလုခဲ့ရင် မြန်မာရှေ့ရောက်နေပြီ

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းသည် ရတနာပုံခေတ်နှောင်းပိုင်းတွင် ထင်ရှားသော နန်းတွင်းလုပ်ကြံမှုကြီး ဖြစ်သည်။ ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ (၂)ရက်၊ ကြာသပတေးနေ့တွင် မင်းတုန်းဘုရင်နှင့် တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးသော သားတော်ကြီးများဖြစ်သည့် မြင်ကွန်းမင်းသား(သီလဝ)နှင့် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်တွင် စည်းဝေးနေသော အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို ဥပါယ်နှင့် လုပ်ကြံခဲ့သည်။

ကနောင်မင်းသားကြီးမှာ ပွဲချင်းပြီး ကွယ်လွန်သွားသည်။ မင်းသားများသည် ခမည်းတော်ဖြစ်သော မင်းတုန်းဘုရင်ကိုပါ လုပ်ကြံဖို့ရာမှာ မအောင်မြင်ခဲ့ပေ။

ထို့ကြောင့် ဘုရင်ပိုင် ရေနန်းစင်္ကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီး ပုန်ကန်ခဲ့ပါသည်။ မကြာခင် အရေးနိမ့်သွားသည့်အတွက် အင်္ဂလိပ်သိမ်းထားသော မြန်မာပြည်အောက်ပိုင်းကို ဝင်ရောက်ခိုလှုံသွားပါသည်။

ကုန်းဘောင်မင်းဆက်တည်ထောင်သည့် အလောင်းမင်းတရား က ငါ့သားကြီးများ အစဉ်အတိုင်း မင်းပြုရစ်´ဟု မှာကြားခဲ့သည့်အတိုင်း သားတော်ကြီး နောင်တော်ကြီးမင်း ကွယ်လွန်အနိစ္စရောက်သည့်အခါ ညီတော် မြေဒူးမင်း(ဆင်ဖြူရှင်)က ထီးနန်းအမွေဆက်ခံသည်။မြေဒူးမင်းက ဖခင်မှာကြားသည့်အ တိုင်း မလုပ်ဘဲ သားတော် စဉ့်ကူးမင်းကို အိမ်ရှေ့အရာပေးသည်။

စဉ့်ကူးမင်းနေပြည်တော်မရှိခိုက် ဖောင်းကားစား မောင်မောင်က ထီးနန်းလုသည်။ ဖောင်းကားစား မောင်မောင်ကို ဘိုးတော်ဘုရား(ဗဒုံမင်း)က မှူးမတ်အကူအညီဖြင့် တိုက်ခိုက်အောင်နိုင်ပြီး ထီးနန်းသိမ်းပိုက်သည်။ဘိုးတော်ဘုရားသည် ထီးနန်းကိုလုပ်ကြံစဉ် ညီတော် ပင်းတလဲမင်းကို အိမ်ရှေ့စံထားမည်ဟု ကတိထားခဲ့သော်လည်း နန်းတက်သောအခါ သားတော်ကိုသာ အိမ်ရှေ့စံထားသည်။ သို့သော် သားတော်အိမ်ရှေ့စံ ကွယ်လွန်သဖြင့် မြေးတော် ဘကြီးတော်(စစ်ကိုင်းမင်း)ကို ဆက်လက်အိမ်ရှေ့စံထားသည်။

စစ်ကိုင်းမင်းကို ညီတော် သာယာဝတီမင်းက ပုန်ကန်ပြီး နန်းတက်သည်။ သာယာဝတီမင်း၏ ထီးနန်းအမွေကို သားတော် ပုဂံမင်းက ဆက်ခံသည်။ ပုဂံမင်းကို မင်းတုန်းမင်းနှင့် ကနောင်မင်းသားက တော်လှန်ကာ မင်းတုန်းမင်း နန်းတက် သည်။မင်းတုန်းမင်း သည် ဆင်ဖြူရှင်မင်းက စပြီးပျက်ခဲ့သော အစဉ်အလာကို ပြန်လည်ပြုပြင်သည်။ သားတော်များကို ထားပြီး ညီနောင်ကနောင်မင်းကို အိမ်ရှေ့စံ အဆောင် အယောင်များ အပ်နှင်းသည်။

ထိုကြောင့် သားတော်များဖြစ်သော မြင်ကွန်းမင်းသားညီနောင်များက မကျေနပ်သော အကြောင်းတစ်ချက် ဖြစ်ပေသည်။အိမ်ရှေ့စံ ကနောင်မင်းသား၏ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်နေမှုကို နယ်ချဲ့အင်္ဂလိပ်တို့က မလိုလားကာ မြင်ကွန်းမင်းသားညီနောင်များအား သွေးထို းပေးခြင်းသည် အကြောင်းတစ်ရပ် ဖြစ်ပေသည်။မင်းတုန်းမင်း၏ အလိုအတိုင်း တူတော်မင်းသားများကို ကနောင်မင်းသားက ကြည့်ရှု့စောင့်ရှောက် ထိန်းသိမ်းရ၏။

မင်း သားအများက ကနောင်မင်းသား၏ အဆုံးအမအောက်တွင် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ငြိမ်နေကြရသည်။သို့သော် မင်းတုန်းမင်း၏ သားတော်ကြီးတစ်ပါးဖြစ်သော မြင်ကွန်းမင်းသားကမူ ငြိမ်နေကြသူများထဲတွင် မပါ။

အခွင့်အရေးရသည်နှင့် ကနောင်မင်းသားကိုသာမဟုတ် ဖခမည်းတော် မင်းတုန်းမင်းတရားကိုပင် ထပြီးဆန့်ကျင်သည်။မြင်ကွန်းမင်းသားသည် မင်းတုန်းမင်းနှင့် တောင်ရွှေရေးဆောင် မိဖုရားမှ ဖွားမြင်သော သားတော်ကြီး ဖြစ်သည်။ ကနောင်မင်းသား၏ သမီးတော် တောင်ညိုမင်းသမီးနှင့် လက်ထပ်ခဲ့သဖြင့် သမက်တော်စပ်သော်လည်း ကနောင်မင်းသားအား မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ဆန့်ကျင်ခဲ့သူ ဖြစ် သည်။ကနောင်မင်းသားက မြို့စား၊ ရွာစားမင်းသားများအား မိမိတို့အပိုင်စားရသည့် နယ်မြေသို့ သွားရောက်နေထိုင်ခွင့် မပြုခြင်းအပေါ်တွင်လည် းကောင်း၊ မိမိတို့၏ ထီးနန်းဆက်ခံခွင့်ကို အပိုင်သိမ်းကာ အိမ်ရှေ့စံ ဖြစ်နေသည်ကိုလည်းကောင်း မကျေနပ်ရင်းစွဲ ရှိနေခဲ့သည်။မင်းတုန်းမင်းတရားသည် သာသနာပြုမင်းပီပီ သားငှက်များကို ဘေးမဲ့ပေးသည်။ နေပြည်တော်တွင် ကျွဲသား၊ နွားသားမစားရ၊ မသတ်ရဟု အမိန့်ထုတ်သည်။

မြင်ကွန်းမင်းသားညီနောင်က ခမည်းတော်ပိုင် မင်္ဂလာနွားဖြူကို သတ်စားသည်။ထိုသို့ မင်းမိန့်ကို ဖီဆန်သော သားတော်နှစ်ဦးအား ဆုံးမရန် မင်းတုန်းမင်းက အိမ်ရှေ့စံ ကနောင်မင်းသားကို တာဝန်ပေးသည်။ ကနောင်မင်းသားက မင်းသားညီနောင်ကို ကြေးတိုက်သွင်းကာ ချုပ်နှောင်ထားလိုက်သည်။

မင်းမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းသည် သေဒါဏ်ထိုက်သည့် အပြစ်ဖြစ်သည်။ ကနောင်မင်းသားသည် တူတော်တို့အား သေဒါဏ်မပေးဘဲ ချုပ်ရုံချုပ်ထားသည်ကို မင်းသားညီနောင်က မကျေနပ်ကြပေ။ခမည်းတော် မင်းတုန်းမင်းအပေါ်တွင်လည်း သားတော်များကို ထီးနန်းဆက်ခံခွင့် ပေးရန်မစဉ်းစားဘဲ ညီတော်ကို အိမ်ရှေ့စံအရာ ပေးထားခြင်းအတွက် ကျေနပ်ဟန်မတူပေ။ ထို့ကြောင့်ပင် မြင်ကွန်းမင်းသားသည် တစ်နေ့တွင် နန်းတော်ကို ပုန်ကန်ပြမည်ဟု ကြိမ်းဝါးလေ့ရှိသည်။

မြင်ကွန်းမင်းသားသည် မင်းတုန်းမင်း အမရပူရမြို့၊ အိမ်နိမ့်စံအဖြစ် စံတော်မူစဉ် ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်တော်မူသော သားတော်ဖြစ်သည်။ ငယ်နာမည်မှာ မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့တော်မှာ သီလဝ ဖြစ်သည်။မြင်ကွန်းမင်းသားသည် ပုဂံမင်းလက်ထက်ကပင် သတိုးမင်းလှကျော်စွာဘွဲ့နှင့် မတဲမြို့ကို စားရ၏။

ခမည်းတော် မင်းတုန်းမင်း နန်းတက်သောအခါ သုမဟာသီရိဓမ္မရာဇာဘွဲ့နှင့် မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်းမင်းသားဟု ခေါ်ဆိုကြလေသည်။မင်းတုန်းမင်း၏ သားတော်များတွင် အသက်အားဖြင့် အကြီးဆုံးဖြစ်သည်။

သတ္တိဗျတ္တိ အကောင်းဆုံးနှင့် စိတ်ဓာတ်အားဖြင့် အထက်ဆုံးဖြစ်ပြီး ညီတော်၊ နှမတော်များကိုလည်း ချစ်ခင်သောကြောင့် ညီတော်၊ နှမတော်အားလုံးက အထူးပင် ချစ်ကြောက်ရိုသေရလေသည်။မင်းတုန်းမင်းတရားသည် သားတော်ကြီးများ စုံညီစွာခစားမိလျှင် ပြုံးတော်မူလျှက်ကိုင်း ငါ့သားများ ခမည်းတော်ဘုရားကို ပွဲတော်ဟင်းများ ကိုယ်ချက်တတ်ရာ သား၊ ငါးများကို ကိုယ်တိုင်ချက်၍ ဆက်ကြစမ်းပါ။

မြိန်ရှက်စွာ ပွဲတော်တည်လိုတယ်´ဟု စင်စစ်အားဖြင့် ဆန္ဒမရှိသော်လည်း ကျွမ်းဝင်ချစ်ခင်သည်ဟူသော ပရိယာယ်ဖြင့် မိန့်တော်မူလျှင် အချို့သော သားတော်များမှာ ဝမ်းမြောက်စွာဖြင့် မည်သည့်ဟင်းချက်တတ်ကြောင်း၊ ကိုယ်တိုင်ချက်၍ ဆက်သကြသည်။ မြင်ကွန်းမင်းသားအလှည့်တွင် မှန်လှပါ။ ဘုရားသားတော် အမဲသားဟင်း ချက်တတ်ကြောင်းပါဘုရား´ဟု လျှောက်ထားလိုက်သည်။

မင်းတုန်းမင်းသည် အမဲသားဟင်းကို ကိုယ်တိုင်လည်း ပွဲတော်မတည်၊ တိုင်းသူပြည်သား၊ ရဟန်းရှင်လူအားလုံး မစားသောက်ရန် တင်းကျပ်စွာ တားမြစ်ထားရာ ရုတ်တရက် မြင်ကွန်းမင်းသား လျှောက်တင်ချက်ကို ကြာ
းသောအခါဟင်´ဟု သာ တစ်လုံးတည်း နှုတ်မှထွက်ကာ မျက်နှာတော်ညို၍ အတွင်းတော်သို့ ဝင်တော်မူသည်။ထိုအကြောင်းကို ကြားသိရသော ငယ်ကျွန်များက အရှင်က ဒါတော့ လွန်လွန်းထင်ပါ့ဘုရား´ ပြောရာ မြင်ကွန်းမင်းသားကမဟုတ်တရုတ် နေရာရှာလို့၊ ငါတို့ကို ဟင်းချက်ခိုင်းနေရသေးတယ်၊ လခပေးထားတဲ့ စားတော်ကဲတွေ အရှိသားနဲ့၊ ဒါနဲ့ ငါကလည်း သူတားမြစ်ထားတဲ့ နွား အမဲသားချက်တတ်ကြောင်း အရွဲ့တိုက်ပြီး သံတော်ဦး တင်လိုက်တာပဲဟေ့´ဟု မိန့်တော်မူသည်။

မြင်ကွန်းမင်းသားသည် တမင်အရွဲ့တိုက်လျက် တင်ခြင်းဖြစ်သည်။မင်းတုန်းမင်းသည် သားတော်များကိုဟင်းချက်ခိုင်းသည်သာမဟုတ်၊ မိဖုရားများကိုလည်း ရံဖန်ရံခါ အားလုံးကိုခေါ်ပြီးလျှင် ဟင်းချက်ခိုင်းတော်မူခြင်း၊ မုန့်လုပ်ခိုင်းတော်မူခြင်းရှိသည်။ တနေ့၌ မိဖုရားများအား လုပ်တတ်သော မုန့်များကို ကိုယ်တိုင်လုပ်၍ ဆက်သစေ၏။

ဆက်သလာသော မုန့်အမျိုးမျိုးထဲတွင် လက်နှင့်စမ်းလိုက်လျှင် ပျော့ပျော့ပျောင်းပျောင်း နူးနူးညံ့ညံ့ ရှိသော်လည်း စားမည်ဟုဖဲ့လိုက်သောအခါ မည်သို့မျှ ဖဲ့မရ၊ ဖြတ်မရသော မုန့်ကို တွေ့၍ ဒီမုန့် ဘယ်မိဖုရားလုပ်တာလည်းဟု စစ်မေး၏။ သို့သော် ယင်းမုန့်ကို လုပ်သူ လက်သည် မပေါ်ဘဲ မည်သူမျှ စား၍မရဘဲ လွှင့်ပစ်လိုက်ရ၏။လွှင့်ပစ်သောအခါ ခွေးများပင်ကိုက်စား၍မရဘဲကျီးများ၊ စွန်များ ချီသွားခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

ထိုမုန့်ကား ဘုရင်တွင် စားစရာ ပေါများပါလျက် အကြောင်းရှာပြီး မိဖုရားများကို မုန့်လုပ်ခိုင်းရမည်လောဟု ဒေါပွနေသည့် မြင်ကွန်းမင်းသားက သူ၏ မယ်တော်ဆောင်မှ အပို့လွှတ်သောသူကို နှုတ်ပိတ်ပြီး ဖလှယ်ပေးလိုက်သော မုန့်ပင်ဖြစ်သည်။တမင်တကာရှာကြံပြီး ဆင်သေ၏ သိုကြီးကို ဓားဖြင့်လှီးဖြတ်ကာ မုန့်နှင့်တူအောင်ကြော်၍ ပေးလိုက်သော ဆင်၏သိုသားပင် ဖြစ်၏။

တစ်နေ့၌ မြင်ကွန်းမင်းသားညီနောင်တို့သည် ငယ်ကျွန်များနှင့်တကွ ဥယျာဉ်တော်ထဲတွင် ကစားနေကြသည်။အကစားလွန်ပြီး မိုးချုပ်သွားသောအခါ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက် ပြုတ်ထားမည့်သူ မရှိဘဲ ဖြစ်နေလေသည်။

ထိုအခါ မြင်ကွန်းမင်းသားညီနောင် နှစ်ပါးသည် လေးသိန်းတံခါးအထွက် ကျုံးတော်အနီး၌ မြက်စားနေကြသော ဘုရင်၏ မင်္ဂလာနွားဖြူ တစ်ရှဉ်းလုံးကို ဖမ်း၍သတ်ကာ ချက်ပြုတ်၊ ကြော်လှော်ပြီး စားသောက်လိုက်ကြသည်။မင်းတုန်းမင်းသိသောအခါ အကျဉ်းချရန် ညီတော် ကနောင်မင်းသားကို တာဝန်ပေးသည်။

အိမ်ရှေ့မင်းသားကြီးက နှစ်ပတ်ချုပ်ပြီး ပြန်လွှတ်ပေးလိုက်ပါသည်။ ထိုအဖြစ်ကြောင့်ပင် အိမ်ရှေ့ကိုယ်တော်ကြီးအား မြင်ကွန်းမင်းသားက ပိုမိုအငြိုးပြင်းထန်လာခဲ့ပါသည်။မြင်ကွန်းမင်းသားညီနောင်ပုန်ကန်ရန် ဆုံးဖြတ်ချက်ချသည်ကို အိမ်ရှေ့စံ ကနောင်မင်းသား၏ သမီးတော်၊ မြင်ကွန်းမင်းသား၏ မိဖုရားက သိရှိလေသော ကြောင့် လျှို့ဝှက်စွာ ခမည်းတော်အား သံတော်ဦးတင်၏။

ထိုအကြောင်းကို မြင်ကွန်းမင်းသား သိသောအခါ သယ်..သင့်အဖေ ရှင်ဘုရင်ဖြစ်တော့ သင့်ကို မိဖုရားမြှောက်မတဲ့လား၊ ငါရှင်ဘုရင်ဖြစ်မှ သင်းမိဖုရားဖြစ်မှာတော့ သူမကြည့်ဘူး၊ ဒါလောက် အဖေကို လင်ထက်ပိုချစ်လှတဲ့ သတ္တဝါမ၊ သွားမြဲလမ်းကိုသာ သွားတော့´ဟု ပြောဆိုကြိမ်းဝါးပြီး အင်္ဂတေထောင်းသော မောင်းဆုံထဲသို့ အရှင်လတ်လတ် တုတ်နှောင်ကာ ထည့်ထောင်း၍ ရက်ရက်စက်စက် သတ်ပစ်လိုက်လေသည်။(သမီးတော်ကို မြင်ကွန်းမင်းသား သတ်ပစ်ကြောင်း ကနောင်မင်းသား သိသော်လည်း အရေးမယူပဲသားသမီးပဲ နောင်များစွာရနိုင်သေးသည်´ဟု ဆိုကာ အေးအေးနေခဲ့လေသည်။)

ညီတော် မြင်းခုန်တိုင်မင်းသားကလည်း သက်တော် ၁၆နှစ်၊ ၁ရနှစ်တိုင်အောင် တောင်ဥယျာဉ်တော်အတွင်းရှိ ရေကန်တွင် ငှက်ပျောတုံးကို ဖောင်ဖွဲ့၍ တက်စီးပြီး ရှေ့ကကြိုးတတ်လျက် လူနှစ်ယောက်က ဆွဲရလေသည်။ နေ့စဉ် ပြုလုပ်ရသောကြောင့် မှူးမတ်ကြီးများမှစ၍ အရာရှိများက ကွယ်ရာတွင် မြင်းခုန်တိုင်ဟု မခေါ်ဘဲ လူတေလေးဟု ခေါ်လေသည်။

မြင်ကွန်းမင်းသားသည် မိမိ၏ အထွေထွေ မကျေနပ်မှုကို အကောင်အထည်ဖော်ရန် ညီတော်မြင်းခုန်တိုင် မင်းသားနှင့် တိုင်ပင်သည်။ ခ မည်း တော်နှင့် ဘထွေးတော်တို့ကို ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်ရန် ကြံစည်သည်။ ထိုအကြံအစည်ကို ရတနာပုံနေပြည်တော်ရှိ အင်္ဂလိပ်ကိုယ်စားလှယ်များက အားပေးအားမြှောက်ပြုသည်။

နိုင်ငံတော် ခေတ်မီရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသော ကနောင်မင်း သားမရှိလျှင် ခေတ်မီရေးလုပ်ငန်းများ ရပ်စဲကုန်လိမ့်မည်ဟု အင်္ဂလိပ်တို့က တွေးထင်ယုံကြည်ကြပုံပေါ်သည်။စရိုက်ကြမ်းပြီး မိမိလုပ်ကိုင်ချင်ပြီဆိုလျှင် မည်သည့်အရေးကိုမျှ မငဲ့ကွက်၊ မည်သူ့မျက်နှာကိုမှ မထောက်သော မြင်ကွန်းမင်းသားသည် ထီးနန်းစည်းစိမ် လုယူရေးအ တွက် လူယုံများကို စုသည်။

စာပေပညာရှင်၊ ဗေဒင်ပညာရှင် ဖြစ်သော စလေဦးပုညက အခါတော်ပေးသည်။မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ဦးပုည တွက်ချက်ပေးသော အခါတော်အတိုင်း လှုပ်ရှားရန် ပြင်ဆင်ကြသည်။ (ပထမဆုံးလုပ်ကြံရန် ဦးပုညထံ အခါတောင်း၍ ကြိုးစားကြရာ၌ မင်းတုန်းမင်းတရား လယ်ထွန်မင်္ဂလာဆင်းချိန်တွင် လုပ်ကြံရန် ဖြစ်သည်။

သို့သော် စစ်အင်္ဂါလေးပါးနှင့် ဘုရင်ကို ဝိုင်းရံထားကာ ကြွမြန်းသောကြောင့် လုပ်ကြံရန် မအောင်မြင်ခဲ့ကြောင်း သိရှိရပေသည်။)သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၇) ရက်၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ရတနာပုံနေပြည်တော်တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံသွားစေသည့် အရေးအခင်းကြီးပေါ်လာသည်။

ထိုနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားသည် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေသည်။

မင်းတုန်းမင်းတရားကြီးမှာ တောင်နန်းမတော် မိဖုရားနှင့်အတူ မဟာလောကမာရဇိန် ဘုရားပရိဝုဏ်တော်အတွင်း၌ ပါဠိပိဋကတ်တော်များ ကျောက်ထက်အက္ခရာတင်ရာတွင် ကြီးကြပ်ရန် စီစဉ်နေသည်။မင်းတရားနှင့်အတူ သားတော်မက္ခရာမင်းသား၊ အနောက်ဝန်ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော် ဖြစ်သေနတ်ဗိုလ်၊ ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေထီးဓားလက်စွဲ စသည့် နောက်လိုက်ငါးဆယ်ခန့်တို့ လိုက်ပါရန် ပွဲတော်ဆောင်မှ စံနန်း တော်အနောက်တံခါးဆီသို့ ထွက်လာကြသည်။

နန်းတော်ဝင်းနှင့် ကပ်လျက်ရှိ မြင်ကွန်းမင်းသားဝင်းတွင် ငဖြူသီး၊ ဇော်ဂျီဗိုလ် အစရှိသော မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့၏ နောက်လိုက် (၅၀)ခန့်မှာ အရက်သေစာ သောက်စားရင်း ရဲဆေးတင်နေကြသည်။ဦးပုည သတ်မှတ်ပေးသော မွန်းတက်ချိန် အခါတော်သို့ရောက်သည်နှင့် တောင်ပြင်ဟော်ကုန်းဘက်တွင် စောင့်နေသူတို့က မီးရှို့အချက်ပေးသည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ရန်ဖြစ်လေဟန်

အကွက်ဆင်ပြီး စံနန်းတော်အတွင်းသို့ ပြေးဝင်သည်။မြင်ကွန်းမင်းသားသည် ဓားကိုင်ကာ ခုတ်မည့်ဟန်ဖြင့် မြင်းခုန်တိုင်မင်းသားနောက်မှ လိုက်သည်။

မြင်းခုန်တိုင်မင်းသားက အသက်ဘေးမှ လွတ်အောင်ပြေးသည့်ဟန်ဖြင့် ပြေးလာရင်း လွှတ်တော်အနီးသို့ ရောက်သည့်အခါ ဘထွေးတော် ကယ်တော်မူပါ´ ဟု အသံကုန်အော်သည်။ကနောင်မင်းသားသည် မင်းသားညီနောင်တို့ ရန်ဖြစ်နေကြပြီဟု မှတ်ထင်ပြီး တားရန်ကြိုးစားသည်။

သို့သော် စံနန်းတော်ဝင်းအတွင်း ဓားကိုင်၍ဝင်လာသော မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို သတိပြုမိသွားသည်။မိမိကိုယ် တိုင်ပင်လျှင် လွှတ်တော်တက်ရာ၌ ဓားလှံ၊ သေနတ်များကို စံနန်းတော်အပြင် အုတ်ဇရပ်၌ နောက်လိုက်နောက်ပါများနှင့်အတူ ထားခဲ့ရပါလျက် မြင်ကွန်းမင်းသားက ဓားကိုင်ပြီး စံနန်းတော်ဝင်းအတွင်း ဝင်လာပုံမှာ မရိုးသားဟု အိမ်ရှေ့စံ ကနောင်မင်းသား စဉ်းစားမိသွားသည်။

မင်းသားညီနောင်တို့နောက်မှ နောက်လိုက်များ ပါလာသည်ကလည်း မသင်္ကာစရာ ဖြစ်၏။ထိုအချိန်တွင် မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို ရိပ်စားမိသဖြင့် စုံစမ်းရန် ရှေ့သို့တိုးထွက်သွားသော မြတောင်ဝန်ကြီးဦးမှိုမှာ ပုန်ကန်သူတို့၏ ဓားချက်မိသွားလေသည်။

ဦးမှို၏အဖြစ်ကို တွေ့မြင်လိုက်ရသော ဖိနပ်တော်သား ဦးကရင်ကရန်သူတော်ပါဘုရား၊ သတိထားပါဘုရား´ဟု အော်ဟစ်သတိပေးသည်။

ကနောင်မင်းသားသည် တူတော်မောင်မင်းသားများ ရန်ရှာမည့် အစီအစဉ်ကို သိသွားသည်။ ထို့ကြောင့် လွှတ် တော်ပေါ်သို့ ပြေးတက်၏။

အိမ်ရှေ့စံ ကနောင်မင်းသားသည် ရန်ကိုရှောင်ရန် ကြိုးစားရင်း လှေခါးအတက်တွင် မြင်ကွန်းဘက်တော်သား

ငဖြူသီး မီလာပြီး ဓားနှင့်ခုတ်သဖြင့် ခြေထောက်ကို ဓားချက်ထိပြီး လဲကျသည်။

ထိုအချိန်မှာပင် မြင်းခုန်တိုင်မင်းသား ရောက်လာကာ အိမ်ရှေ့စံ ကနောင်မင်းသား၏ ခေါင်းကို ဖြတ်ယူလိုက်သည်။

နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်ချင်သော အိမ်ရှေ့စံ ကနောင်မင်းသားသည် မလောက်လေး မလောက်စား မင်းသားငယ်များ၏ လက်ချက်ဖြင့် ကျဆုံးရသည်။ပုန်ကန်သူတို့သည် ကနောင်မင်းသား၏ ဘက်တော်သားများဖြစ်သော မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်းက ခေါ်သည့်ဟန် လိမ်ညာခေါ်ယူကာ စံနန်း တော် လက်ယာဝင်း တံခါးအပြင်၌ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။

ဒီအရေးမှာ အိမ်ရှေ့စံ ကနောင်မင်းသား၊ မြတောင်မြို့စားသေနတ်ဝန်ကြီး၊ မလွန်မင်းသား၊ စကုမင်းသားနဲ့ ပြင်စည်မင်းသားတို့ ကျဆုံးခဲ့ကြသည်။ လောင်းရှည်မြို့စား ဝန်ကြီး၊ လက်ဝဲဝင်းမှူး၊ မြေဒူးမြို့စား စသူတို့ ဒဏ်ရာရက
ြသည်။ ပခန်းဝန်ကြီး ဦးရန်ဝေး အပါအဝင် မှူးမတ်အချို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။

မြင်ကွန်း မြင်းခုန်တိုင်ညီ နောင် တို့၏ နောက်လိုက်သားများသည် တံခါးနီ နန်းမြေဘုံစံနန်းတော်ကို အတင်းဝင်ကြသည်။

အရှေ့ဝင်းမှူး၊ တောင်ထားဝယ်ဗိုလ်၊ ကင်း ဝန် မင်းကြီးတို့သည် စံနန်းတော်သို့ကျူးကျော်လာသော မြင်ကွန်းမင်းသားတို့အား ခုခံတိုက်ခိုက်သည်။

သို့သော်အားခြင်းမမျှ ခုခံသူတို့ အ ထိအခိုက် အကျအနာများသည်။အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို

ဓားများဖြင့်မိုးကာ ခြိမ်းခြောက်၍ သစ္စာခံစေသည်။ သူရဲဝန် ရွှေပြည့်ရန်အောင်မြင်းဝန် သတိုးမင်းကြီး မဟာသမိန်ဘေဖြတ်စ´

ကိုလည်း ၎င်းနည်းအတိုင်း သစ္စာခံစေရာ သစ္စာမခံငြင်းဆန်သဖြင့် ငဖြူသီးကပင် လုပ်ကြံလိုက်ရာ စံနန်းတော်ပေါ်တွင် ကျဆုံးရ၏။

သူရဲဝန်၏ ကျောက်စီဓားကို ငဖြူသီးက ရလေသည်။ ဗောင်းတော်ဆောင်မာရဘင် တံခါးကိုဖျက်၍

အတင်းဝင်ရောက်လုပ်ကြံကြသဖြင့် တံခါးမှ စောင့်ရှောက်ခုခံသူ တောင်ဒဝယ်ဗိုလ်သည် ရန်သူ့လက်ချက်ဖြင့် ကျဆုံးရလေသည်။

မြင်းခုန်တိုင်မင်းသားသည် မင်းတုန်းမင်းရှိရာ ယာယီနန်းတော်သို့ အပြေးလာသောအခါ

မင်းတုန်းမင်းအနီး ခစားနေသော ကင်းဝန်မဟာမင်းလှဇေယျသူမှခမည်းတော်ကို မလုပ်ကြံသင့်ပါ ဘုရား´ဟုဆိုကာ ရှေ့မှစီး၍ကာက

ွယ်သဖြင့် မြင်းခုန်တိုင်မင်းသားလက်ချက်ဖြင့် ကင်းဝန်မဟာမင်းလှဇေယျသူမှာလည်း ကျဆုံးရလေသည်။

မင်းတုန်းမင်းလည်း လုပ်ကြံမည့်ဆဲဆဲ လွတ်မြောက်ခဲ့၍ အခင်းဖြစ်သည်ဆိုသည်နှင့် နန်းတော်သို့ ဝင်ရန်ကြိုးစားသည်။

ဝင်းအပြင်သို့အရောက်တွင် မြင်ကွန်းမင်းသားက လုပ်ကြံရန် တာဝန်ပေးထားသော ရွှေဓားဗိုလ် ငပိုက်ကြီးနှင့် တွေ့သည်။

မင်းတုန်းမင်းသည် သူ့အား လုပ်ကြံရန်စောင့်နေသော ငပိုက်ကြီးကို တွေ့သည်နှင့် ငပိုက်ကြီး ငါ့ကိုပို့စမ်း´ဟု အမိန့်ပေးသည်။

ငပိုက်ကြီးသည် မင်းတုန်းမင်း၏ အမိန့်ပေးသံကို ကြားသည်နှင့် သူ၏ တာဝန်ကို မေ့လျော့သွားသည်။ သူလုပ်ကြံရမည့် မင်းတုန်းမင်းကို ချီပိုးပြီး နန်းတော်ဆီသို့ ခပ်သုတ်သုတ်လျှောက်သည်။ မိဖုရားခေါင်ကြီးကို ကုလားပျိုသေနတ်စာ ရေး မောင်ခြုံက ချီပိုးပြီး ပို့ရသည်။မက္ခရာမင်းသားမှာ နောက်လိုက်နောက်ပါများနှင့် အတူ ဖခင်မင်းတရားကို ကာကွယ်ပြီးလိုက်သည်။ လမ်းခရီးတွင် အနောက်ဝန်ဦးတက်တူကို မြင်းနှင့်တွေ့သည်။ မင်းတုန်းမင်းသည် ထိုမြင်းပေါ်သို့ပြောင်းစီးပြီး ခရီးဆက်ကာ နန်းတော်သို့ မြို့တော်မြောက်ဘက် ပန်းဦးတံတားမှ ဘေးကင်းစွာ ဝင်နိုင်ခဲ့သည်။ ဝန်ကြီးဦးရန်ဝေးမှာလည်း တပ်တော်နှင့် တွေ့ပြီး နောက်ကလိုက်ပါလာသည်။မင်းတုန်းမင်း ရွှေနန်းတော်သို့ ဝင်ရော

က်သွားချိန်တွင် မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ယာယီနန်းတော်အတွင်း မွှေနှောက်ပြီး ခမည်းတော်ကို လိုက်လံရှာဖွေသည်။

စံနန်းတော်တွင် မတွေ့ရသည့်အခါ နောက်ကြောင်းပြန်လှည့်လာပြီး (ရွှေကျွန်းပိုင်ကျွန်းလွန်ခါမှ ပျိုတားနိုင်ရိုးလား)

ဟူသော တပေါင်သီချင်းများကို ဟစ်အော်ကြွေးကြော်ရင်း ရွှေမြို့တော် ဦးထိပ်တံခါးမှ မြို့အတွင်းသို့ ဝင်သည်။

မြို့အတွင်းသို့ရောက်သည်နှင့် ရွေးတော်ယူတံခါးမှ သစ်တပ်အတွင်းသို့ ဝင်ရန်အားထုတ်ကြသည်။

ရွေးတော်ယူတံခါးတွင် နတ်ရှင်ရွေး သေနတ်ဗိုလ် မောင်စို တပ်နှင့် ရင်ဆိုင်တိုက်ခိုက်သည်။

သေနတ်ဗိုလ်တပ်က မြင်ကွန်းတပ်ကို မတားနိုင်သဖြင့် ဆုတ်ခွာရာ ရွေးတော်ယူတံခါး ပွင့်သွား၏။

မြင်ကွန်းမင်းသား၏ အမိန့်နှင့် နောက် လိုက် တပ်သားများက လွှတ်တော်ကို ဝင်စီးသည်။

လွှတ်တော်အတွင်းရှိနေသော မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှ သီဟသူ၊ ဝန်ထောက်ကျောက်ရဲ မြို့စားမင်းကြီး မင်းခေါင်သီဟသူ၊

အသည်ဝန်ထောက်မင်းကြီး မဟာသီဟသူရ၊ ဝန်ကြီးဦးကြာနုနှင့် မှူးမတ်များ အဖမ်းခံကြရသည်။

မြင်ကွန်းမင်းသား၏ တပ်သည် တံခါးနီကို စီးနိုင်ရန် ကြိုးစားသည်။ တံခါးနီပေါက်လျှင် နန်းတော်သို့ရောက်ပြီ။

ထိုအခါ ရာဇပလ္လင်သည် မိမိတို့ လက်ဝယ်သို့ ရောက်မည်။ တံခါးနီမှန

ေ၍ မက္ခရာမင်းသားနှင့် ပခန်းဝန်ကြီးတို့ ဦးစီးသောတပ်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံသည်။

မြင်ကွန်းမင်းသားသည် မက္ခရာမင်းသားကို စည်းရုံးရန်ကြိုးစားသည်။မက္ခရာမင်းသားကငါ့ဗိုက်ထဲမှာ ခမည်းတော်ရဲ့ ထမင်းရှိတယ်´

ဟုဆိုပြီး ပြန်လည်ခုခံသည်။ မြင်းခုန်တိုင်မင်းသားသည် နန်းတွင်းသို့ အလွယ်တကူမဝင်နိုင်သဖြင့် လွှတ်တော်ကို မီးရှို့ရန်

မြင်ကွန်းမင်းသားအား အကြံပေးသည်။ မြင်ကွန်းမင်းသားက နန်းတော်ထဲမှာ မယ်တော်ရှိနေ၍ ညီတော်၏ အကြံကိုလက်မခံပေ။

မင်းသားညီနောင်တို့သည် ပုရပိုက်တွင် မြို့နန်းတစ်ခြမ်းကို ရပြီ၊ ခမည်းတော်သဘောထားကို သိလိုသည်ဟု စာရေး၍ ပိုးနီပုဝါရစ်ပတ်ကာ

တံခါးနီအတွင်းသို့ ပစ်ချသည်။ ထိုစာကို တံခါးနီအမှုထမ်း ငရေချမ်းမှတစ်ဆင့် မင်းတုန်းမင်းကိုယ်တော်တိုင်ဖတ်ပြီး

ငါ့ကိုရန်မပြုနှင့်ဟု စာရေးကာ ပုဝါနီရစ်ပတ်ပြီးလျှင် မြင်ကွန်းညီနောင်တို့၏ မိခင် တောင်ရွှေရေးမိဖုရားအား အပို့လွှတ်သည်။

မင်း သားညီနောင်တို့သည် စာကိုအရေးမထားဘဲ ဆက်လက်တိုက်ခိုက်သည်။

ထိုစဉ် ကနောင်မင်းသား၏တပ်များက ကနောင်မင်းသားကွယ် လွန်သည်ကို မသိဘဲ ၎င်း၏သခင်ကိုရှာရန် နန်းတော်သို့ ချီတက်လာကြသည်။

မြင်ကွန်းမင်းသား၏ တပ်များသည် ကနောင်မင်း၏ တပ်များလာသောအခါ ထွက်ပြေးကြရသည်။အသာစီးရနေသော မြင်ကွန

်းမင်းသားတပ်များသည် တခဏအတွင်းမှာပင် အရေးနိမ့် သွားကြသည်။

တိုက်ပွဲတွင် မြင်ကွန်းမင်းသားဘက်က အထိနာပြီး အနောက်ရုံးဘက်တွင် သွားရောက်စုရုံးစဉ် မင်းတုန်းမင်းအား

လွှတ်ပေးလိုက်သော ငပိုက်ကြီးကို တွေ့သည်နှင့် မြင်ကွန်းမင်းသားက အဆုံးစီရင်လိုက်သည်။

အနောက်ရုံးမှနေ၍ တစ်ညလုံး နန်းတော်သို့ သေနတ်စိန်ပြောင်းများဖြင့် ပစ်ခတ်သည်။မင်းတုန်းမင်းတပ်က နန်းတော်မှနေ၍လည်းကောင်း

ကနောင်မင်းသားတပ်က သစ်တပ်အပြင်မှနေ၍လည်းကောင်း တိုက် ခိုက်သဖြင့် မြင်ကွန်းတပ်သည် ည သုံးချက်တီးကျော်အချိန်၊ မြို့တောင်ဘက် `ရန်နှိမ်´တံခါးမှ ဆုတ်ခွာကာ ဆိပ်ကမ်းရှိ ဘုရင်ပိုင်ရေနန်းစကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီးပြေးကြသည်။လမ်းခရီးတွင် မြို့ရွာများကို တိုက်ခိုက်ကာ ရွှေငွေရတနာပစ္စည်းများကို သိမ်းယူသည်။ မြင်ကွန်းမင်းသားနှင့် အပေါင်းအပါတို့သည် မြင်းခြံတွင်လူစုကာ နေပြည်တော်ကို တိုက်ခိုက်ရန်ကြံသော်လည်း မအောင်မြင်။ မြင်ကွန်းမင်းသားတို့ကို ဖမ်းဆီးရန်အတွက် အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို လက်နက်လူ သူ အပြည့်နှင့် မြနန်းစကြာ သင်္ဘောဖြင့် လိုက်စေသည်။သို့သော် မြင်ကွန်းမင်းသားအဖွဲ့သည် အင်္ဂလိပ် အစိုးရပိုင်နယ်မြေထဲသို့ ဆုတ်ခွာသွားပြီး

လွတ်မြောက်သွားခဲ့သည်။မြင်ကွန်းမင်းသား ညီနောင်နှင့်အတူ မိခင် တောင်ရွှေရေးမိဖုရားလည်း ပါသွားလေသည်။

မြင်ကွန်းမင်း သား ညီနောင်တို့သည် နောက်လိုက်အခြွေအရံ အနည်းငယ်နှင့် ရန်ကုန်သို့ ထွက်ခွာလာရာ

အလွန်မောပန်းတော်မူသဖြင့် တောစပ်တစ်ခု၌ အိပ်ပျော်နေစဉ် နယ်ချဲ့အင်္ဂလိပ်တို့က မလွတ်တမ်း အစောင့်အကြပ် ပြင်းထန်စွာဖြင့်

ဖမ်းဆီးပြီးလျှင် အလွန်ကျဉ်းမြောင်းလှသော အချုပ် အနှောင်တို့ဖြင့် ကပ္ပလီကျွန်းသို့ ပို့လေသည်။ထိုမြို့၌လည်း စိတ်မချရသေးသဖြင့်

ကာလကတ္တားသို့လည်းကောင်း၊ ထိုမှတဆင့် ချူနာမြို့သို့လည်းကောင်း၊ တဖန် ဗာရာဏသီမြို့သို့လည်းကောင်း ပို့ဆောင်ကာ မည်သည့်ကိုမျှ ထွက်ခွင့် မပြုတော့ချေ။

Credit – မူရင်း