ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ပြုလုပ်ရမယ့်ချက်များ
စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ပြုလုပ်ရမယ့်ချက်များအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ် ။
ခရီးတော့သွားချင်ပါရဲ့ ။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးက တဆင့် အကူအညီပေးပါရစေ ။
ကားမူးရင် ဘယ်လိုခံစားရလဲ
ကားမူးတယ်ဆိုတာက ကားစီးမှ မူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင် ဖြစ်ဖြစ်၊ ရထားစီးရင်း ဖြစ်ဖြစ် သင်္ဘောစီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေ အနေကို ခေါ်တာပါ။ အတိအကျပြောရရင်တော့ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့ ။ ဒီဝေဒနာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ ။
မအီမလည်ကြီးဖြစ်လာမယ်၊ ငြီးစီစီဖြစ်လာမယ်၊ အော့အန်မယ်၊ အသက်ရှုမြန်လာမယ်၊ ချွေးတွေပြန်လာမယ် ၊ ဖြူဖပ် ဖြူရော် ဖြစ်လာမယ် ၊ ခေါင်းကိုက်မယ် ၊ ခန္ဓာကိုယ်ထဲမှာ နုံးချိချိဖြစ်လာမယ် ။ ကားမူးတဲ့ခံစားချက်က ကားပေါ်ကနေ ဆင်းလိုက်ပြီးတဲ့ အထိတောင် ကျန်နေခဲ့တတ်ပါတယ် ။ အနည်းဆုံးကတော့ ခေါင်းမကြည်ဘဲ ကျန်ခဲ့နိုင်ပါတယ် ။
ကားမူးတဲ့ အစပျိုးလက္ခဏာတွေခံစားရတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်မလဲ။
ကားမူးတဲ့လက္ခဏာက တရိပ်ရိပ်တက်လာတဲ့ ခံစားမှုတစ်ခုပါ ။ချက်ချင်းကြီး ဖြစ်လာတာမဟုတ်ပါဘူး ။ ဒါကြောင့် ကားမူးတာကို ခံစားနေရပြီလို့သိနိုင်တဲ့ အစပျိုးလက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဒီနည်းလေးတွေသုံးပြီး သက်သာအောင် အရင်လုပ်ကြည့်ပါ ။
ပတ်ဝန်းကျင်က အရာတွေကို ကြည့်လိုက်ပါ ။ ခေါင်းကို လှုပ်ရှားမှုနည်းအောင် လုပ်ဆောင်ပါ ။ ကျောမှီထားတာမျိုး မလုပ်ဘဲ ခပ်မတ်မတ်ထိုင်ပေးပါ ။ စာဖတ်နေတာမျိုး လုပ်နေတာဆို ချက်ချင်းရပ်လိုက်ပါ ။ ပြတင်းပေါက်ကို ဖွင့်ပြီး ပြင်ပက လတ်ဆတ်တဲ့လေကို ရှုရှိုက်ပေးပါ ၊ ဝင်သက်ထွက်သက်မှတ်တာမျိုး ၊ သီချင်းနားထောင်တာမျိုးလုပ်ပြီး အာရုံပြောင်းပါ ။ လှဲအိပ်လိုက်ဖို့ အဆင်ပြေတယ်ဆိုရင် လှဲအိပ်လိုက်ပါ ။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့လုပ်ပါ။ အစားတွေ အများကြီးစားတာမျိုး မလုပ်ပါနဲ့။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ပါတဲ့ အရာတွေကိုရှောင်ကြဉ်ပါ ။
ကားမူးတာကို ကာကွယ်ဖို့လုပ်သင့်တဲ့ အချက် (၁၀) ချက်
ကားမူးတာကို ကာကွယ်လို့ရတယ်ဆိုတာ သိပါသလား ။ အခုပြောပြမယ့် အချက်လေးတွေက သင့်ကို ကားမမူးအောင် ကာကွယ်ပေးပါလိမ့်မယ် ။ ခရီးမသွားခင်မှာ အစား အများကြီး မစားပါနဲ့ ။ အပူအစပ်တွေ ၊ အဆီများတဲ့ အစားအစာတွေ ၊ ကဖင်းနဲ့အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေကို ရှောင်ကြဉ်ပါ ။ အနံ့ပြင်းတဲ့ စားစရာ သောက်စရာတွေကို ရှောင်ကြဉ်ပါ။ မူးဝေအော့အန်တာကို သိပ်မဖြစ်စေနိုင်မယ့် နေရာမျိုးမှာရွေးထိုင်ပါ ။
လေယာဉ်ဆို အလယ်ပိုင်းလောက်မှာ ထိုင်ပါ၊ သင်္ဘောတို့၊ လှေတို့ဆိုရင် ကုန်းပတ်ပေါ်မှာ ထိုင်ပါ ။ ကားဆိုရင်တော့ ပြတင်းပေါက်ဘေးဘက်နဲ့ အရှေ့ပိုင်းနားမှာ ထိုင်ပါ။ ခရီးသွားနေတဲ့ဦးတည်ရာနဲ့ ဆန့်ကျင်ဘက် မထိုင်မိပါစေနဲ့၊ ရထားစီးတဲ့အခါမျိုးမှာ အဖြစ်များနိုင်ပါတယ် ။
ခရီးသွားရင်း စာဖတ်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုး မလုပ်ပါနဲ့။ ပြတင်းပေါက်ဖွင့်ထားပြီး ပတ်ဝန် းကျင်က သဘာဝလေကို ရှုရှိုက်ပါ ။ မူးဝေအော့အန်နေသူကို သွားမကြည့်မိအောင်နေပါ။ ကားမူးသက်သာစေနိုင်တဲ့ ဆေးတစ်ခုခုသောက်သုံးပါ ။ Dimenhydrinate ပါတဲ့ ကားမူးပျောက်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရရှိနိုင်နေပြီဖြစ်လို့ ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဆင်ပြေနိုင်မှာပါ။
ယခုပြောပြတဲ့သည့် ကားစီးရင်း မူးမော်အော့အန်တဲ့အခါပြုလုပ်ရမယ့်ချက်များအကြောင်းကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ။ စာမဖတ် ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာ မဟုတ်ပါဘူး။
ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘော ကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီးမင်းတို့ရဲ့ အားပေးမှုက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။
Crd
zawgyi
ကားစီးရင္း မူးေမာ္ေအာ့အန္တဲ့အခါ ျပဳလုပ္ရမယ့္ခ်က္မ်ား
စာဖတ္ပရိသတ္ႀကီးကို ယခုတင္ဆက္ေပးမွာကေတာ့ ကားစီးရင္း မူးေမာ္ေအာ့အန္တဲ့အခါ ျပဳလုပ္ရမယ့္ခ်က္မ်ားအေၾကာင္းကိုတင္ဆက္ေပးလိုက္တာျဖစ္ပါတယ္ ။
ခရီးေတာ့သြားခ်င္ပါရဲ႕ ။ ကားမူးလြန္းလို႔ ခရီးသြားဖို႔ေၾကာက္ေနတယ္ဆိုရင္ ဒီေဆာင္းပါးက သင့္အတြက္ပါလို႔ ေျပာပါရေစ ။ ကားမူးတာက ခံစားရခက္တဲ့ ေဝဒနာတစ္ခုပါ ။ ခရီးသြားရင္း ကားမူးေနရင္ ပတ္ဝန္းက်င္အလွအပေတြကို ခံစားႏိုင္ဖို႔ အခြင့္အေရးကို လက္လႊတ္ရၿပီေလ ။ ေပ်ာ္႐ႊင္ရတဲ့ ခရီးစဥ္တစ္ခု ျဖစ္ေစဖို႔ ဒီေဆာင္းပါးက တဆင့္ အကူအညီေပးပါရေစ ။
ကားမူးရင္ ဘယ္လိုခံစားရလဲ
ကားမူးတယ္ဆိုတာက ကားစီးမွ မူးတာမဟုတ္ပါဘူး။ ေလယာဥ္စီးရင္ ျဖစ္ျဖစ္၊ ရထားစီးရင္း ျဖစ္ျဖစ္ သေဘၤာစီးရင္း ျဖစ္ျဖစ္ မူးေဝၿပီး ေအာ့အန္ခ်င္သလိုျဖစ္လာတဲ့ အေျခ အေနကို ေခၚတာပါ။ အတိအက်ေျပာရရင္ေတာ့ ခရီးသြားစဥ္ မူးေဝေအာ့အန္ျခင္းေပါ့ ။ ဒီေဝဒနာ ခံစားရတဲ့အခါ ခႏၶာကိုယ္မွာ ဘယ္လိုေတြျဖစ္လာႏိုင္သလဲ ။
မအီမလည္ႀကီးျဖစ္လာမယ္၊ ၿငီးစီစီျဖစ္လာမယ္၊ ေအာ့အန္မယ္၊ အသက္ရႈျမန္လာမယ္၊ ေခြၽးေတြျပန္လာမယ္ ၊ ျဖဴဖပ္ ျဖဴေရာ္ ျဖစ္လာမယ္ ၊ ေခါင္းကိုက္မယ္ ၊ ခႏၶာကိုယ္ထဲမွာ ႏုံးခ်ိခ်ိျဖစ္လာမယ္ ။ ကားမူးတဲ့ခံစားခ်က္က ကားေပၚကေန ဆင္းလိုက္ၿပီးတဲ့ အထိေတာင္ က်န္ေနခဲ့တတ္ပါတယ္ ။ အနည္းဆုံးကေတာ့ ေခါင္းမၾကည္ဘဲ က်န္ခဲ့ႏိုင္ပါတယ္ ။
ကားမူးတဲ့ အစပ်ိဳးလကၡဏာေတြခံစားရတဲ့အခါ ဘယ္လိုသက္သာေအာင္လုပ္မလဲ။
ကားမူးတဲ့လကၡဏာက တရိပ္ရိပ္တက္လာတဲ့ ခံစားမႈတစ္ခုပါ ။ခ်က္ခ်င္းႀကီး ျဖစ္လာတာမဟုတ္ပါဘူး ။ ဒါေၾကာင့္ ကားမူးတာကို ခံစားေနရၿပီလို႔သိႏိုင္တဲ့ အစပ်ိဳးလကၡဏာေတြ ခံစားရၿပီဆိုတာနဲ႔ ဒီနည္းေလးေတြသုံးၿပီး သက္သာေအာင္ အရင္လုပ္ၾကည့္ပါ ။
ပတ္ဝန္းက်င္က အရာေတြကို ၾကည့္လိုက္ပါ ။ ေခါင္းကို လႈပ္ရွားမႈနည္းေအာင္ လုပ္ေဆာင္ပါ ။ ေက်ာမွီထားတာမ်ိဳး မလုပ္ဘဲ ခပ္မတ္မတ္ထိုင္ေပးပါ ။ စာဖတ္ေနတာမ်ိဳး လုပ္ေနတာဆို ခ်က္ခ်င္းရပ္လိုက္ပါ ။ ျပတင္းေပါက္ကို ဖြင့္ၿပီး ျပင္ပက လတ္ဆတ္တဲ့ေလကို ရႈရႈိက္ေပးပါ ၊ ဝင္သက္ထြက္သက္မွတ္တာမ်ိဳး ၊ သီခ်င္းနားေထာင္တာမ်ိဳးလုပ္ၿပီး အာ႐ုံေျပာင္းပါ ။ လွဲအိပ္လိုက္ဖို႔ အဆင္ေျပတယ္ဆိုရင္ လွဲအိပ္လိုက္ပါ ။ ခႏၶာကိုယ္ အပူခ်ိန္ကို ထိန္းညႇိဖို႔လုပ္ပါ။ အစားေတြ အမ်ားႀကီးစားတာမ်ိဳး မလုပ္ပါနဲ႔။ အယ္လ္ကိုေဟာနဲ႔ ကဖင္းဓာတ္ပါတဲ့ အရာေတြကိုေရွာင္ၾကဥ္ပါ ။
ကားမူးတာကို ကာကြယ္ဖို႔လုပ္သင့္တဲ့ အခ်က္ (၁၀) ခ်က္
ကားမူးတာကို ကာကြယ္လို႔ရတယ္ဆိုတာ သိပါသလား ။ အခုေျပာျပမယ့္ အခ်က္ေလးေတြက သင့္ကို ကားမမူးေအာင္ ကာကြယ္ေပးပါလိမ့္မယ္ ။ ခရီးမသြားခင္မွာ အစား အမ်ားႀကီး မစားပါနဲ႔ ။ အပူအစပ္ေတြ ၊ အဆီမ်ားတဲ့ အစားအစာေတြ ၊ ကဖင္းနဲ႔အယ္လ္ကိုေဟာ ပါဝင္ေနတဲ့ ေသာက္စရာေတြကို ေရွာင္ၾကဥ္ပါ ။ အနံ႔ျပင္းတဲ့ စားစရာ ေသာက္စရာေတြကို ေရွာင္ၾကဥ္ပါ။ မူးေဝေအာ့အန္တာကို သိပ္မျဖစ္ေစႏိုင္မယ့္ ေနရာမ်ိဳးမွာေ႐ြးထိုင္ပါ ။
ေလယာဥ္ဆို အလယ္ပိုင္းေလာက္မွာ ထိုင္ပါ၊ သေဘၤာတို႔၊ ေလွတို႔ဆိုရင္ ကုန္းပတ္ေပၚမွာ ထိုင္ပါ ။ ကားဆိုရင္ေတာ့ ျပတင္းေပါက္ေဘးဘက္နဲ႔ အေရွ႕ပိုင္းနားမွာ ထိုင္ပါ။ ခရီးသြားေနတဲ့ဦးတည္ရာနဲ႔ ဆန႔္က်င္ဘက္ မထိုင္မိပါေစနဲ႔၊ ရထားစီးတဲ့အခါမ်ိဳးမွာ အျဖစ္မ်ားႏိုင္ပါတယ္ ။
ခရီးသြားရင္း စာဖတ္တာ၊ ဖုန္းသုံးတာ၊ ဂိမ္းေဆာ့တာ၊ တီဗြီၾကည့္တာမ်ိဳး မလုပ္ပါနဲ႔။ ျပတင္းေပါက္ဖြင့္ထားၿပီး ပတ္ဝန္ းက်င္က သဘာဝေလကို ရႈရႈိက္ပါ ။ မူးေဝေအာ့အန္ေနသူကို သြားမၾကည့္မိေအာင္ေနပါ။ ကားမူးသက္သာေစႏိုင္တဲ့ ေဆးတစ္ခုခုေသာက္သုံးပါ ။ Dimenhydrinate ပါတဲ့ ကားမူးေပ်ာက္ေဆးေတြကို ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူလို႔ရရွိႏိုင္ေနၿပီျဖစ္လို႔ ခရီးသြားတိုင္း ကားမူးတတ္သူေတြအတြက္ အဆင္ေျပႏိုင္မွာပါ။
ယခုေျပာျပတဲ့သည့္ ကားစီးရင္း မူးေမာ္ေအာ့အန္တဲ့အခါျပဳလုပ္ရမယ့္ခ်က္မ်ားအေၾကာင္းကလည္း စာဖတ္ရင္း ရလာတဲ့ ဗဟုသုတပါ။ စာမဖတ္ ဗဟုသုတ မရွာခဲ့ရင္ ခုလိုကူညီႏိုင္မွာ မဟုတ္ပါဘူး။
ယခုတင္ဆက္ေပးေသာ အေၾကာင္းအရာေလးကို သေဘာ က်တယ္ဆိုရင္ ျပန္လည္မွ်ေဝေပးဖို႔အတြက္ ေတာင္းဆိုပါရေစ ။ လူႀကီးမင္းတို႔ရဲ႕ အားေပးမႈက ကြၽန္ေတာ္၊ကြၽန္မတို႔အတြက္ ဆက္လက္တင္ဆက္ေပးဖို႔အတြက္ ခြန္းအားသစ္ေတြရရွိပါတယ္ ။
Crd