ဗဟုသုတ

“ပိုက္ဆံ မရွိလၽွင္ ဘာလုပ္မလဲ” (ျမန္မာလူမ်ိဳးေတြရဲ့ အေျဖႏွင့္ ဂ်ပန္လူမ်ိဳးေတြရဲ့ အျမင္)

ပိုက္ဆံ မရွိလၽွင္ ဘာလုပ္မလဲ..

လြန္ခဲ့တဲ့ ၁၆ ႏွစ္ေလာက္တုန္းက ျမန္မာျပည္က ဂ်ပန္စာသင္တန္းတခုမွာ က်မ ဂ်ပန္စာ သင္ယူခဲ့စဥ္ကေပါ့။ ဆရာမက ဂ်ပန္လူမ်ိဳး။ သင္ခန္းစာထဲမွာ “ရင္ (လၽွင္)” ဆိုတဲ့ စကားစပ္သဒၵါကို ဆရာမက ဥပမာတခုနဲ႔ ရွင္းျပဖို႔ လုပ္တယ္။

သူက ဥပမာတခုအေနနဲ႔ ေမးတယ္

“ဥပမာ ပိုက္ဆံမရွိရင္ရင္(လၽွင္) ၊ ပိုက္ဆံလိုတယ္ဆိုရင္ (လၽွင္) ဘာလုပ္မလဲ” တဲ့။

ကၽြန္ုပ္အပါအဝင္ အားလုံးေသာ ျမန္မာသင္တန္းသားမ်ားက ပိုက္ဆံမရွိလၽွင္ ပိုက္ဆံေခ်းမယ္၊ ပိုက္ဆံလိုရင္ ဆြဲႀကိဳးေပါင္မယ္၊ ပိုက္ဆံမရွိလၽွင္ အေမ့ဆီက ေတာင္းမယ္၊ ပိုက္ဆံလိုရင္ အိမ္က တီဗီေရာင္းမယ္.. စသျဖင့္ တစ္ေယာက္တစ္မ်ိဳး ႀကိဳးစားပမ္းစား ဂ်ပန္လို ဝါက်တည္ေဆာက္ၿပီး ေျဖၾကတယ္။

ဒီမွာတင္ ဂ်ပန္လူမ်ိဳး ဆရာမေလးက တခ်က္ၿငိမ္သြားတယ္။ ၿပီးေတာ့ အခုလိုေျပာတယ္။ ေျဖတဲ့ အေျဖေတြက သဒၵါနည္းအရ မွန္ပါတယ္တဲ့၊ ဒါေပမယ့္ တမ်ိဳးပဲေနာ္တဲ့။ ဒီသင္ခန္းစာအတြက္ သဒၵါေရာ၊ အဓိပၺါယ္ေရာ၊ ယုတၱိအရွိဆုံးျဖစ္တဲ့ အေကာင္းဆုံး အေျဖေတာ့ မဟုတ္ဘူး တဲ့။

ကၽြန္ုပ္တို႔အေျဖေတြကို သူက ယုတၱိမရွိဘူးဆိုပါ့လား။

ၿပီးေတာ့ သူက အခုလိုဆက္ၿပီး ေမးေျပာ ေျပာလိုက္ပါတယ္။ တကယ္ဆို ေလာကမွာ လူတစ္ေယာက္ ပိုက္ဆံမရွိဘူးဆိုရင္၊ ပိုက္ဆံလိုတယ္ဆိုရင္ အေျဖက “အလုပ္လုပ္ရမယ္” မဟုတ္ဘူးလားတဲ့။

ဒါဟာ သူ႔ရဲ့ ယုတၱိရွိတဲ့ အေျဖလား။

သူက မခ်ိတင္ကဲ ထပ္ေျပာျပန္တယ္။ “ပိုက္ဆံမရွိရင္ အလုပ္လုပ္မယ္ေလ” “ပိုက္ဆံလိုခ်င္ရင္ အလုပ္လုပ္ရမယ္ေလ” အဲ့လိုမဟုတ္ဘူးလားဟင္ တဲ့။

တျခားသူေတြေတာ့ ဘယ္ႏွယ့္ရွိတယ္ မေျပာတတ္ဘူး၊ ကၽြန္ုပ္ကေတာ့ အဲ့သည့္တုန္းက ဂ်ပန္လူမ်ိဳးဆရာမေလးရဲ့ မ်က္ေပါက္က်ဥ္းက်ဥ္းေလးေတြ ဝိုင္းသြားတဲ့အထိ ကၽြန္ုပ္တို႔အေပၚၾကည့္တဲ့ နားမလည္တဲ့ အၾကည့္၊ အံ့ၾသတဲ့အၾကည့္ေတြကို မွတ္မိေနတုန္းပဲ။

ကၽြန္ုပ္တို႔ ေျဖလိုက္တဲ့ အေျဖေတြဟာ ကၽြန္ုပ္တို႔ေန႔စဥ္ျဖတ္သန္းေနရတဲ့ ဘဝအေနအထားမ်ားအရ လတ္တေလာပိုက္ဆံလိုရင္ တကယ္လုပ္ျဖစ္မယ့္ ကိစၥေတြဆိုတာကို ကၽြန္ုပ္တို႔အခ်င္းခ်င္းပဲ နားလည္နိုင္ပါတယ္။ တနည္းအားျဖင့္ေျပာရရင္ သူက သိပ္မမွန္ဘူးလို႔ေျပာတဲ့ ကၽြန္ုပ္တို႔အတြက္ အမွန္တရားကို သူ မခံစားတတ္ဘူးျဖစ္ေနတယ္။ ဘယ္ခံစားတတ္ပါ့မလဲ၊ သူက ဂ်ပန္ျပည္က ဂ်ပန္ကိုး။

အဲ့သည့္တုန္းက ကၽြန္ုပ္တို႔ကလည္း “ပိုက္ဆံလိုရင္ အလုပ္လုပ္ရမယ္” ဆိုတဲ့ သူ႔အမွန္တရားကို လက္မခံခ်င္ဘူး။ မခံစားတတ္ဘူး ျဖစ္ေနတယ္။ ဘယ္ခံစားတတ္ပါ့မလဲ၊ ကၽြန္ုပ္တို႔က ျမန္မာျပည္က ျမန္မာကိုး။ ျမန္မာျပည္မွာက တစ္ရက္အတြင္း၊ တစ္ပါတ္အတြင္း၊ တစ္လအတြင္း လတ္တေလာ ပိုက္ဆံလိုေနရင္ ခ်က္ခ်င္းအလုပ္ေကာက္လုပ္၊ ခ်က္ခ်င္းပိုက္ဆံရတဲ့ အေနအထားမ်ိဳးမွ မရွိတာ။

အဲ့သည္လို အေနအထားမ်ိဳးရွိတဲ့ (ဂ်ပန္ကဲ့သို႔ေသာ) တိုင္းျပည္တျပည္မွာ တိုင္းသူျပည္သားျဖစ္ရတဲ့ အရသာကို အဲ့တုန္းက ဂ်ပန္မေရာက္ဖူးေသးေတာ့ ကၽြန္ုပ္လည္း မသိခဲ့ဘူးေပါ့။ လူတစ္ေယာက္မွာ “အလုပ္လုပ္ရင္ ပိုက္ဆံရမယ္” ဆိုတဲ့စိတ္အေတြးမ်ိဳး ငယ္စဥ္ကတည္းက ကိန္းေအာင္းေနျခင္းဟာ အဲ့သည့္လူအဖို႔ ဘာမဆိုျဖစ္နိုင္တယ္ဆိုတဲ့၊ အင္မတန္တန္ဖိုးရွိတဲ့ စိတ္ရတနာတပါးကို ပိုင္ဆိုင္ထားသလို ျဖစ္ေနတယ္ဆိုတာကို အခုေတာ့ က်မေကာင္းေကာင္းႀကီး နားလည္ခဲ့ရၿပီ။

အလားတူပဲ လူတစ္ေယာက္ဟာ “ပိုက္ဆံမရွိရင္ အလုပ္လုပ္ဖို႔ထက္ တျခားေသာ ျဖတ္လမ္းနည္းမ်ားကိုသာ စဥ္းစားေတြးတတ္ျခင္းဟာလည္း အဲ့သည့္လူတစ္ေယာက္ရဲ့ အနာဂတ္အတြက္ ဘယ္ေလာက္ေတာင္ အႏၲရာယ္ႀကီးတယ္၊ ပ်က္စီးေစတယ္” ဆိုတာကိုလည္း အခုေတာ့ က်မေကာင္းေကာင္းႀကီး သိခဲ့ရၿပီ။ တဆက္တည္းမွာပဲ အဲ့ဒီလို ျဖတ္လမ္းသမားမ်ား စုစည္းေနတဲ့ တိုင္းျပည္တျပည္ရဲ့ အနာဂတ္ဟာလည္း ဘယ္ေလာက္ေတာင္ အႏၲရာယ္ႀကီးသလဲဆိုတာ အခုေတာ့ က်မေကာင္းေကာင္းႀကီး သေဘာေပါက္ခဲ့ရၿပီ။

ေနာက္ဆုံးမွာေတာ့ အဲ့သည္လို တိုင္းသူျပည္သားမ်ားရဲ့ စိတ္ဓါတ္ေတြ၊ အနာဂတ္ေတြ ပ်က္စီးေအာင္ အုပ္ခ်ဳပ္မႈညံ့ဖ်င္းလွတဲ့ အစိုးရတရပ္ဟာလည္း အဲ့သည့္တိုင္းျပည္အတြက္ ဘယ္ေလာက္ေတာင္ ဆိုးရြားတဲ့၊ အႏၲရာယ္ႀကီးတဲ့ အစိုးရျဖစ္တယ္ဆိုတာကို အခုေတာ့ က်မေကာင္းေကာင္းႀကီး ႏွိုင္းယွဥ္တတ္ခဲ့ၿပီ။

ဒါ့အျပင္ “ဘယ္အစိုးရတက္တက္ ကိုယ္လုပ္မွ ကိုယ္စားရတာပဲ” ဆိုတဲ့ ႐ုတ္တရက္ၾကားရရင္ အမွန္တရားလိုလိုရွိတဲ့ ထိုစကားကိုလည္း ဖြံ့ၿဖိဳးတိုးတက္ႀကီးပြားေနတဲ့ တိုင္းျပည္မ်ားမွာ လူျဖစ္ခြင့္ရတဲ့ ဘယ္တိုင္းသူျပည္သားကမွ ကိုယ့္တိုင္းျပည္အစိုးရနဲ႔ပါတ္သက္ၿပီး လက္လြတ္စပယ္ ေျပာေလ့မရွိေၾကာင္းကိုလည္း ေလ့လာေတြ႕ရွိခဲ့ရၿပီ။

အရသာဆိုတာ ေျပာျပတာထက္ ကိုယ္တိုင္ခံစားရမွ သိတာမ်ိဳးကလား။

(Ma Nandar)

Unicode

ပိုက်ဆံ မရှိလျှင် ဘာလုပ်မလဲ..

လွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းက မြန်မာပြည်က ဂျပန်စာသင်တန်းတခုမှာ ကျမ ဂျပန်စာ သင်ယူခဲ့စဉ်ကပေါ့။ ဆရာမက ဂျပန်လူမျိုး။ သင်ခန်းစာထဲမှာ “ရင် (လျှင်)” ဆိုတဲ့ စကားစပ်သဒ္ဒါကို ဆရာမက ဥပမာတခုနဲ့ ရှင်းပြဖို့ လုပ်တယ်။

သူက ဥပမာတခုအနေနဲ့ မေးတယ်

“ဥပမာ ပိုက်ဆံမရှိရင်ရင်(လျှင်) ၊ ပိုက်ဆံလိုတယ်ဆိုရင် (လျှင်) ဘာလုပ်မလဲ” တဲ့။

ကျွန်ုပ်အပါအဝင် အားလုံးသော မြန်မာသင်တန်းသားများက ပိုက်ဆံမရှိလျှင် ပိုက်ဆံချေးမယ်၊ ပိုက်ဆံလိုရင် ဆွဲကြိုးပေါင်မယ်၊ ပိုက်ဆံမရှိလျှင် အမေ့ဆီက တောင်းမယ်၊ ပိုက်ဆံလိုရင် အိမ်က တီဗီရောင်းမယ်.. စသဖြင့် တစ်ယောက်တစ်မျိုး ကြိုးစားပမ်းစား ဂျပန်လို ဝါကျတည်ဆောက်ပြီး ဖြေကြတယ်။

ဒီမှာတင် ဂျပန်လူမျိုး ဆရာမလေးက တချက်ငြိမ်သွားတယ်။ ပြီးတော့ အခုလိုပြောတယ်။ ဖြေတဲ့ အဖြေတွေက သဒ္ဒါနည်းအရ မှန်ပါတယ်တဲ့၊ ဒါပေမယ့် တမျိုးပဲနော်တဲ့။ ဒီသင်ခန်းစာအတွက် သဒ္ဒါရော၊ အဓိပ္ဗါယ်ရော၊ ယုတ္တိအရှိဆုံးဖြစ်တဲ့ အကောင်းဆုံး အဖြေတော့ မဟုတ်ဘူး တဲ့။

ကျွန်ုပ်တို့အဖြေတွေကို သူက ယုတ္တိမရှိဘူးဆိုပါ့လား။

ပြီးတော့ သူက အခုလိုဆက်ပြီး မေးပြော ပြောလိုက်ပါတယ်။ တကယ်ဆို လောကမှာ လူတစ်ယောက် ပိုက်ဆံမရှိဘူးဆိုရင်၊ ပိုက်ဆံလိုတယ်ဆိုရင် အဖြေက “အလုပ်လုပ်ရမယ်” မဟုတ်ဘူးလားတဲ့။

ဒါဟာ သူ့ရဲ့ ယုတ္တိရှိတဲ့ အဖြေလား။

သူက မချိတင်ကဲ ထပ်ပြောပြန်တယ်။ “ပိုက်ဆံမရှိရင် အလုပ်လုပ်မယ်လေ” “ပိုက်ဆံလိုချင်ရင် အလုပ်လုပ်ရမယ်လေ” အဲ့လိုမဟုတ်ဘူးလားဟင် တဲ့။

တခြားသူတွေတော့ ဘယ်နှယ့်ရှိတယ် မပြောတတ်ဘူး၊ ကျွန်ုပ်ကတော့ အဲ့သည့်တုန်းက ဂျပန်လူမျိုးဆရာမလေးရဲ့ မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ဝိုင်းသွားတဲ့အထိ ကျွန်ုပ်တို့အပေါ်ကြည့်တဲ့ နားမလည်တဲ့ အကြည့်၊ အံ့သြတဲ့အကြည့်တွေကို မှတ်မိနေတုန်းပဲ။

ကျွန်ုပ်တို့ ဖြေလိုက်တဲ့ အဖြေတွေဟာ ကျွန်ုပ်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝအနေအထားများအရ လတ်တလောပိုက်ဆံလိုရင် တကယ်လုပ်ဖြစ်မယ့် ကိစ္စတွေဆိုတာကို ကျွန်ုပ်တို့အချင်းချင်းပဲ နားလည်နိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် သူက သိပ်မမှန်ဘူးလို့ပြောတဲ့ ကျွန်ုပ်တို့အတွက် အမှန်တရားကို သူ မခံစားတတ်ဘူးဖြစ်နေတယ်။ ဘယ်ခံစားတတ်ပါ့မလဲ၊ သူက ဂျပန်ပြည်က ဂျပန်ကိုး။

အဲ့သည့်တုန်းက ကျွန်ုပ်တို့ကလည်း “ပိုက်ဆံလိုရင် အလုပ်လုပ်ရမယ်” ဆိုတဲ့ သူ့အမှန်တရားကို လက်မခံချင်ဘူး။ မခံစားတတ်ဘူး ဖြစ်နေတယ်။ ဘယ်ခံစားတတ်ပါ့မလဲ၊ ကျွန်ုပ်တို့က မြန်မာပြည်က မြန်မာကိုး။ မြန်မာပြည်မှာက တစ်ရက်အတွင်း၊ တစ်ပါတ်အတွင်း၊ တစ်လအတွင်း လတ်တလော ပိုက်ဆံလိုနေရင် ချက်ချင်းအလုပ်ကောက်လုပ်၊ ချက်ချင်းပိုက်ဆံရတဲ့ အနေအထားမျိုးမှ မရှိတာ။

အဲ့သည်လို အနေအထားမျိုးရှိတဲ့ (ဂျပန်ကဲ့သို့သော) တိုင်းပြည်တပြည်မှာ တိုင်းသူပြည်သားဖြစ်ရတဲ့ အရသာကို အဲ့တုန်းက ဂျပန်မရောက်ဖူးသေးတော့ ကျွန်ုပ်လည်း မသိခဲ့ဘူးပေါ့။ လူတစ်ယောက်မှာ “အလုပ်လုပ်ရင် ပိုက်ဆံရမယ်” ဆိုတဲ့စိတ်အတွေးမျိုး ငယ်စဉ်ကတည်းက ကိန်းအောင်းနေခြင်းဟာ အဲ့သည့်လူအဖို့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့၊ အင်မတန်တန်ဖိုးရှိတဲ့ စိတ်ရတနာတပါးကို ပိုင်ဆိုင်ထားသလို ဖြစ်နေတယ်ဆိုတာကို အခုတော့ ကျမကောင်းကောင်းကြီး နားလည်ခဲ့ရပြီ။

အလားတူပဲ လူတစ်ယောက်ဟာ “ပိုက်ဆံမရှိရင် အလုပ်လုပ်ဖို့ထက် တခြားသော ဖြတ်လမ်းနည်းများကိုသာ စဉ်းစားတွေးတတ်ခြင်းဟာလည်း အဲ့သည့်လူတစ်ယောက်ရဲ့ အနာဂတ်အတွက် ဘယ်လောက်တောင် အန္တရာယ်ကြီးတယ်၊ ပျက်စီးစေတယ်” ဆိုတာကိုလည်း အခုတော့ ကျမကောင်းကောင်းကြီး သိခဲ့ရပြီ။ တဆက်တည်းမှာပဲ အဲ့ဒီလို ဖြတ်လမ်းသမားများ စုစည်းနေတဲ့ တိုင်းပြည်တပြည်ရဲ့ အနာဂတ်ဟာလည်း ဘယ်လောက်တောင် အန္တရာယ်ကြီးသလဲဆိုတာ အခုတော့ ကျမကောင်းကောင်းကြီး သဘောပေါက်ခဲ့ရပြီ။

နောက်ဆုံးမှာတော့ အဲ့သည်လို တိုင်းသူပြည်သားများရဲ့ စိတ်ဓါတ်တွေ၊ အနာဂတ်တွေ ပျက်စီးအောင် အုပ်ချုပ်မှုညံ့ဖျင်းလှတဲ့ အစိုးရတရပ်ဟာလည်း အဲ့သည့်တိုင်းပြည်အတွက် ဘယ်လောက်တောင် ဆိုးရွားတဲ့၊ အန္တရာယ်ကြီးတဲ့ အစိုးရဖြစ်တယ်ဆိုတာကို အခုတော့ ကျမကောင်းကောင်းကြီး နှိုင်းယှဉ်တတ်ခဲ့ပြီ။

ဒါ့အပြင် “ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” ဆိုတဲ့ ရုတ်တရက်ကြားရရင် အမှန်တရားလိုလိုရှိတဲ့ ထိုစကားကိုလည်း ဖွံ့ဖြိုးတိုးတက်ကြီးပွားနေတဲ့ တိုင်းပြည်များမှာ လူဖြစ်ခွင့်ရတဲ့ ဘယ်တိုင်းသူပြည်သားကမှ ကိုယ့်တိုင်းပြည်အစိုးရနဲ့ပါတ်သက်ပြီး လက်လွတ်စပယ် ပြောလေ့မရှိကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့ရပြီ။

အရသာဆိုတာ ပြောပြတာထက် ကိုယ်တိုင်ခံစားရမှ သိတာမျိုးကလား။

(Ma Nandar)