ဗေဒင်

တစ်ပတ်စာ ခုနှစ်ရက် သားသမီး ကံကြမ္မာ ဟောကိန်း – (2-12-2021 မှ 8-12-2021) အထိ

တစ်ပတ်စာ ခုနှစ်ရက် သားသမီး ကံကြမ္မာ ဟောကိန်း – (2-12-2021 မှ 8-12-2021) အထိ

တနင်္ဂနွေသားသမီး

မိမိလုပ်စရာရှိသောကိစ္စများကိုရဲရဲဝံ့ဝံ့ လုပ်ကိုင်ဆောင်ရွက်ပါ ကြိမ်းသေအောင်မြင်ပါလိမ့်မည် မိမိကိုအကူအညီပေးမည့်သူများလည်းပေါ်ပေါက်လာပါလိမ့်မည် ကျန်းမာရေးအနည်းငယ်ချူ ချာနေလိမ့်မည် အစားမကြာခဏမှားပြီးဝမ်းဗိုက်မအီမလည်ဖြစ်နေတတ်ပါသည်စက်ပစ္စည်းအသစ်တွေလည်းဝင်လာပါလိမ့်မည် အချစ်ရေးတွင်မပွင့်မလင်းမပြတ်မသားဖြစ်နေလိမ့်မည် ထီ ၇၅ပါသောထီထိုးပါ ယတြာလူသွားလမ်းချိုင့်တွေ ကိုအုတ်ခင်းဖို့ပေးပါ

တနင်္လာသားသမီး

ဆုံးဖြတ်ချက်တွေတွေဝေပြီးမပြတ်မသားဖြစ်နေတတ်တဲ့ကာလပါ လုပ်ငန်းတွေလည်းမပြီးမပြတ်နဲ့ကြန့်ကြာနေတတ်ပါတယ် လုပ်လက်စနဲ့တို့လို့တန်းလန်းဖြစ်ဖြစ်ပြီးစိတ်တွေပါလေးလံလာတတ်ပါတယ်ဒီလိုအချိန်မှာဘာပဲလုပ်လုပ်မလောပါနဲ့စိတ်အေးအေးထားပြီးလုပ်ပါအရေးကြီးတဲ့ကိစ္စတွေကိုမှတ်သားဖို့မှတ်စုထားဖို့မမေ့ပါနဲ့ ကျန်းမာရေးမှာခေါင်းနောက်ပြီးသတိမကြာခဏမေ့နေတတ်ပါသည် ငယ်ရွယ်သူများအချစ်သစ်တွေ့ပါမည် ထီ၆၉ထပါသောထီကိုထိုးပါ ယတြာ သစ်ခွဖျော်ရည်ကိုဘုရားကပ်လှုပေးပါ

အင်္ဂါသားသမီး

ရပ်ဝေးခရီးကိစ္စ နိူင်ငံရပ်ခြားကိစ္စများဆောင်ရွက် ထားပါကအထူးအောင်မြင်ပါလိမ့်မည် ပွဲစားလုပ်ငန်းလုပ်သူများ အကျိူးအမြတ်ကြီးကြီးရရှိပါလိမ့်မည် မြေကိစ္စများအကျိူးအမြတ်ရတတ်သလိုအမွေအနှစ်ဆိုင်ရာကိစ္စများအထူးအဆင်ပြေပါလိမ့်မည် ကျန်းမာရေးမကောင်းသူများဆေးကောင်း ဝါးကောင်းတွေ့မည် အချစ်ရေးတွင် ချစ်ရသူထံမှ ချစ်အဖြေရရှိပါမည် ထီ69ပါသောထီကိုထိုးပါ ယတြာ နိူ့ထမင်းကိုဘုရားလှုဒါန်းပေးပါ

ဗုဒ္ဓဟူးသားသမီး

မိမိအတွက်လုပ်ငန်းအခွင့်အလန်းကောင်းများကြုံရမည့်ကာလပါ မိမိဘက်ကသာရရှိလာသောအခွင့်အရေးကိုအမိအရလက်ဆုပ် လက်ကိုင်ပြုပြီးအောင်မြင်အောင်ကြိုးစားသွားဖို့လိုပါသည် ပစ္စည်းပျောက်ငွေပျောက်စာရင်းဇယားမှားခြင်းများဖြစ်တတ်ပါသည် ဘာပဲလုပ်လုပ်အယုံမလွယ်ပါနှင့်သတိထား၍ အလုပ်လုပ်ပါ ခြေထောက်မတော်တဆထိခိုက်မိတတ်ပါသည် အချစ်ရေးတွင်ကိုယ်ချစ်နေတာကတစ်ယောက်ကိုယ့်ပြန်ချစ်နေတာကတစ်ယောက်ဖြစ်နေလိမ့်မည် ထီ85ပါသောထီထိုးပါ ယတြာလူသွားလမ်းချိူင့်တွေခင်းဖို့ပေးပါ

ကြာသာပတေးသားသမီး

စိတ်အလွန်ရှုပ်ထွေးနေရတတ်သောကာလပါ အာရုံကြောအားနည်းခြင်း သတိမကြာခဏမေ့တတ်ခြင်းများဖြစ်တတ်ပါသည် ကျန်းမာရေးအထူးဂရုပြုရမည့်ကာလပါ ခရီးတစ်ခုထွက်ရမည်ကောင်းသောခရီးပါ ခရီးထွက်ရင်းမိမိအတွက်အကျိူးအမြတ် ရနိူင်သောအခွင့်အလန်းကောင်းများနှင့်ကြုံရပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးကံအလွန်စန်းပွင့်နေပါမည် ထီ90ပါသော ထီကိုထိုးပါ ယတြာ ရွှေရင်အေးဘုရားကပ်လှုပါ

သောကြာသားသမီး

ထူးထူးခြားခြားဖြစ်ရပ်များကြုံရတတ်သောကာလပါ အံ့သြဖွယ်ရာဖြစ်ရပ်တွေကြုံရ တတ်ပါတယ်ဂမ္ဘီရပစ္စည်းတွေလည်းဝင်ရောက်လာတတ်ပါတယ် အလုပ်အိုးအိမ်နေရာထိုင်ခင်းကိစ္စများအတွက်စကားပြောဆိုမူများအောင်မြင်ပါလိမ့်မည် အလုပ်လျှောက်ထားသူများအလုပ်အကိုင်ရရှိပါလိမ့် မည်အစပိုင်းမှလစာနည်းပေမယ့်ရေရှည်မှာလစာဝင်ငွေကောင်းလာပါလိမ့်မည် ဒူးအဆစ် အမြစ်တွေညောင်ညာပြီးမလှုပ်ချင်မကိုင်ချင်ဖြစ်နေပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးကံအားနည်းနေပါသေးတယ် မိမိရဲ့အချစ်အပေါ်မယုံကြည်ခြင်းခံနေရပါလိမ့်မည် ထီ၉၁ပါသောထီထိုးပါ ယတြာ ဂျင်းတက်တစ်တက်ပေါ်မှာအမွှေးတိုင်တစ်တိုင်စိုက်ပြီးအိမ်ရှေ့အဝင်ဝမှာထွန်းပေးပါ

စနေသားသမီး

ပညာရေးကိစ္စသင်တန်းကိစ္စများတွင်အနှောင့်အယှက်အနည်းငယ်ကြုံ ပြီးမှသာအဆင်ပြေလာ ပါလိမ့်မည် အရှေ့ တောင်အရပ်မှလက်ဆောင်ပစ္စည်းကောင်းရရှိမည်မိမိတွင်ဖြစ်နေသောအခက် အခဲများအတွက်မိတ်ကောင်းဆွေကောင်းများထံမှ အကူအညီကောင်းအထောက် အကူကောင်းများရပါလိမ့် မည်ကျန်းမာရေးတွင်ရောဂါအသေး အမွှားလေးတွေမကြာခဏဖြစ်နေလိမ့် မည်ငယ်ရွယ်သူများအချစ်ရေးတွင်မိမိချစ်ရသူထံမှမိမိမျှော်လင့်ထားသော အဖြေရရှိပါလိမ့်မည် ထီ၉၇ပါသောထီထိုးပါ ယတြာ သွပ်ပြားလေးလက်တစ်ဆစ်ပေါ်တွင် ဗ ဟုရေးပြီးဆောင်ထားပါ

ကျော်ဘိုဘိုဟိန်း

Zawgyi


တနင်္ဂနွေသားသမီး


တနင်္လာသားသမီး


အင်္ဂါသားသမီး

ရပ်ဝေးခရီးကိစ္စ နိုင်ငံရပ်ခြားကိစ္စများဆောင်ရွက် ထားပါကအထူးအောင်မြင်ပါလိမ့်မည် ပွဲစားလုပ်ငန်းလုပ်သူများ အကျိုးအမြတ်ကြီးကြီးရရှိပါလိမ့်မည် မြေကိစ္စများအကျိုးအမြတ်ရတတ်သလိုအမွေအနှစ်ဆိုင်ရာကိစ္စများအထူးအဆင်ပြေပါလိမ့်မည် ကျန်းမာရေးမကောင်းသူများဆေးကောင်း ဝါးကောင်းတွေ့မည် အချစ်ရေးတွင် ချစ်ရသူထံမှ ချစ်အဖြေရရှိပါမည် ထီ69ပါသောထီကိုထိုးပါ ယတြာ နို့ထမင်းကိုဘုရားလှုဒါန်းပေးပါ

ဗုဒ္ဓဟူးသားသမီး

မိမိအတွက်လုပ်ငန်းအခွင့်အလန်းကောင်းများကြုံရမည့်ကာလပါ မိမိဘက်ကသာရရှိလာသောအခွင့်အရေးကိုအမိအရလက်ဆုပ် လက်ကိုင်ပြုပြီးအောင်မြင်အောင်ကြိုးစားသွားဖို့လိုပါသည် ပစ္စည်းပျောက်ငွေပျောက်စာရင်းဇယားမှားခြင်းများဖြစ်တတ်ပါသည် ဘာပဲလုပ်လုပ်အယုံမလွယ်ပါနှင့်သတိထား၍ အလုပ်လုပ်ပါ ခြေထောက်မတော်တဆထိခိုက်မိတတ်ပါသည် အချစ်ရေးတွင်ကိုယ်ချစ်နေတာကတစ်ယောက်ကိုယ့်ပြန်ချစ်နေတာကတစ်ယောက်ဖြစ်နေလိမ့်မည် ထီ85ပါသောထီထိုးပါ ယတြာလူသွားလမ်းချိုင့်တွေခင်းဖို့ပေးပါ

ကြာသာပတေးသားသမီး

စိတ်အလွန်ရှုပ်ထွေးနေရတတ်သောကာလပါ အာရုံကြောအားနည်းခြင်း သတိမကြာခဏမေ့တတ်ခြင်းများဖြစ်တတ်ပါသည် ကျန်းမာရေးအထူးဂရုပြုရမည့်ကာလပါ ခရီးတစ်ခုထွက်ရမည်ကောင်းသောခရီးပါ ခရီးထွက်ရင်းမိမိအတွက်အကျိုးအမြတ် ရနိုင်သောအခွင့်အလန်းကောင်းများနှင့်ကြုံရပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးကံအလွန်စန်းပွင့်နေပါမည် ထီ90ပါသော ထီကိုထိုးပါ ယတြာ ရွှေရင်အေးဘုရားကပ်လှုပါ

သောကြာသားသမီး


စနေသားသမီး


ကျော်ဘိုဘိုဟိန်း