ၾကားသိရသမွ်

မင်္ဂလာပွဲကျင်းပနေတုန်း မီးက ရုတ်တရက် အရှိန်ပြင်းပြင်းနဲ့ထလောင်နေခဲ့ပေမဲ့ အစားအသောက်မပြတ်နေခဲ့ကြတဲ့ ပွဲလာဧည့်သည်နှစ်ဦး (ရုပ်သံ)

အိန္ဒိယနိုင်ငံ Bhiwandi မြို့၌ မင်္ဂလာဆောင်ပွဲတစ်ခုရှိအမျိုးသားနှစ်ဦးဟာ ၎င်းတို့နောက်ကွယ်တွင် ရုတ်တရက်မီးလောင်ကျွမ်းမှုဖြစ်ပွါးနေစဉ် ၎င်းတို့ဟာ စိတ်ပူပုံမပေါက်နေဘဲ နှစ်ယောက်သားငြိမ်သက်စွာထိုင်ပြီး အစားအသောက်များကိုသုံးဆောင်နေခဲ့ကြပါတယ်။ အိန္ဒိယမီးသတ်ဌာနက ၎င်းမင်္ဂလာဆောင်ဧည့်သည်နှစ်ဦးတို့ဟာ မီးပွါးလာမှာကို စိုးရိမ်တဲ့ကြားကနေ မင်္ဂလာပွဲမှာကျွေးတဲ့အစားအသောက်ကို ဆက်သုံးဆောင်နေခဲ့တဲ့ ပျံ့နှံ့လာတဲ့ဒီဗီဒီယိုဖိုင်ကို Facebook မှာ ပြန်လည်မျှဝေထားပါတယ်။ ဗီဒီယိုထဲမှာတော့ ၎င်းဧည့်သည်အမျိုးသားတွေဟာ ၎င်းတို့ရဲ့အစားအသောက်ကိုရွေးစားဖို့ ထိုင်ခုံမှာ ကျန်နေဖို့ရွေးချယ်ရင်း အရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့မီးကို လှည့်ကြည့်နေကြတာကို တွေ့မြင်ရမှာပါ။ နိုဝင်ဘာ ၂၈ ရက်နေ့က တင်ပေးခဲ့သည့် အဆိုပါဗီဒီယိုဟာ ကြည့်ရှုသူ ၂၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

“Maha Scholar” ရဲ့တည်းဖြတ်သူ Musab Qazi ကလည်း Twitter မှတဆင့် ၎င်းဗီဒီယိုကို ” ပွဲလာဧည့်သည်တွေက အနောက်က အခြေအနေကိုလည်းကြည့်ချင်တဲ့စိတ်နဲ့ အရသာရှိတဲ့ဟင်းလျာကိုစားချင်တဲ့စိတ်တွေရဲ့ကြား ဗျာများနေပုံရတယ် ” ဆိုတဲ့ caption ဖြင့် ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ Indian Express ၏အဆိုအရ အဆိုပါမီးလောင်မှုမှာ နိုဝင်ဘာ ၂၈ ရက်က Maharashtra ပြည်နယ်ရှိ Ansari Marriage ဖွင့်ပွဲခန်းမတွင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါတယ်။

မီးလောင်ရသည့်အကြောင်းရင်းကို မသိရသေးပေမဲ့လည်း Khandu Pada ဧရိယာရှိတစ်နေရာမှာစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပါတယ်။ မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့လည်း ခြောက်ဘီးယာဉ်နှစ်စီးနှင့် အလှဆင်ပစ္စည်းများ သိုလှောင်ခန်းတစ်ခန်း ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူအချို့က မယိမ်းမယိုင်သွားတဲ့မင်္ဂလာပွဲအတွက် အံ့အားသင့်နေကြပေမဲ့လည်း အချို့က ၎င်းက ငြိမ်သက်စွာနေဖို့သာ မှန်ကန်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။

JRose (KB Chimmy One)

Reference : nextshark

Zawgyi

အိႏၵိယႏိုင္ငံ Bhiwandi ၿမိဳ႕၌ မဂၤလာေဆာင္ပြဲတစ္ခုရွိအမ်ိဳးသားႏွစ္ဦးဟာ ၎တို႔ေနာက္ကြယ္တြင္ ႐ုတ္တရက္မီးေလာင္ကြၽမ္းမႈျဖစ္ပြါးေနစဥ္ ၎တို႔ဟာ စိတ္ပူပုံမေပါက္ေနဘဲ ႏွစ္ေယာက္သားၿငိမ္သက္စြာထိုင္ၿပီး အစားအေသာက္မ်ားကိုသုံးေဆာင္ေနခဲ့ၾကပါတယ္။ အိႏၵိယမီးသတ္ဌာနက ၎မဂၤလာေဆာင္ဧည့္သည္ႏွစ္ဦးတို႔ဟာ မီးပြါးလာမွာကို စိုးရိမ္တဲ့ၾကားကေန မဂၤလာပြဲမွာေကြၽးတဲ့အစားအေသာက္ကို ဆက္သုံးေဆာင္ေနခဲ့တဲ့ ပ်ံ႕ႏွံ႔လာတဲ့ဒီဗီဒီယိုဖိုင္ကို Facebook မွာ ျပန္လည္မွ်ေဝထားပါတယ္။ ဗီဒီယိုထဲမွာေတာ့ ၎ဧည့္သည္အမ်ိဳးသားေတြဟာ ၎တို႔ရဲ႕အစားအေသာက္ကိုေ႐ြးစားဖို႔ ထိုင္ခုံမွာ က်န္ေနဖို႔ေ႐ြးခ်ယ္ရင္း အရွိန္ျပင္းျပင္းနဲ႔ေတာက္ေလာင္ေနတဲ့မီးကို လွည့္ၾကည့္ေနၾကတာကို ေတြ႕ျမင္ရမွာပါ။ ႏိုဝင္ဘာ ၂၈ ရက္ေန႔က တင္ေပးခဲ့သည့္ အဆိုပါဗီဒီယိုဟာ ၾကည့္ရႈသူ ၂၈,၀၀၀ ေက်ာ္ရွိခဲ့ပါတယ္။

“Maha Scholar” ရဲ႕တည္းျဖတ္သူ Musab Qazi ကလည္း Twitter မွတဆင့္ ၎ဗီဒီယိုကို ” ပြဲလာဧည့္သည္ေတြက အေနာက္က အေျခအေနကိုလည္းၾကည့္ခ်င္တဲ့စိတ္နဲ႔ အရသာရွိတဲ့ဟင္းလ်ာကိုစားခ်င္တဲ့စိတ္ေတြရဲ႕ၾကား ဗ်ာမ်ားေနပုံရတယ္ ” ဆိုတဲ့ caption ျဖင့္ ျပန္လည္ေဝမွ်ေပးခဲ့ပါတယ္။ Indian Express ၏အဆိုအရ အဆိုပါမီးေလာင္မႈမွာ ႏိုဝင္ဘာ ၂၈ ရက္က Maharashtra ျပည္နယ္ရွိ Ansari Marriage ဖြင့္ပြဲခန္းမတြင္ျဖစ္ပြါးခဲ့ျခင္းျဖစ္ပါတယ္။

မီးေလာင္ရသည့္အေၾကာင္းရင္းကို မသိရေသးေပမဲ့လည္း Khandu Pada ဧရိယာရွိတစ္ေနရာမွာစတင္ေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္ပါတယ္။ မီးေလာင္မႈတြင္ ထိခိုက္ဒဏ္ရာရသူမရွိေပမဲ့လည္း ေျခာက္ဘီးယာဥ္ႏွစ္စီးႏွင့္ အလွဆင္ပစၥည္းမ်ား သိုေလွာင္ခန္းတစ္ခန္း ပ်က္စီးဆုံးရႈံးသြားခဲ့ပါတယ္။ အင္တာနက္သုံးစြဲသူအခ်ိဳ႕က မယိမ္းမယိုင္သြားတဲ့မဂၤလာပြဲအတြက္ အံ့အားသင့္ေနၾကေပမဲ့လည္း အခ်ိဳ႕က ၎က ၿငိမ္သက္စြာေနဖို႔သာ မွန္ကန္လိမ့္မယ္လို႔ ယူဆခဲ့ၾကပါတယ္။

JRose (KB Chimmy One)