အလိုက်ကန်းဆိုးမသိတတ်ရင် စာတတ်၊ပေတတ် အဆင့်အတန်းရှိသူလို့မခေါ်ထိုက်ကြောင်း ပြောလာတဲ့ R ဇာနည်
မြန်မာတစ်နိုင်ငံလုံးက ပရိသတ်ကြီးကြီးငယ်ငယ်မရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ အဆိုတော် R ဇာနည်ကတော့ ဂီတလောကရဲ့ နှစ်(၂၀)ကျော်တိုင် တောက်ပနေဆဲ အနုပညာရှင်တစ်ယောက်ပါပဲ။
R ဇာနည်ဟာ အနုပညာအရည်အချင်းကောင်းတွေနဲ့ ပြည့်စုံနေရုံသာမကပဲ ပြည်သူထဲကပြည်သူတစ်ယောက်အဖြစ်နဲ့လည်း တာဝန်ကျေပွန်သူတစ်ယောက်လို့ဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီကနေ့မှာလည်း R ဇာနည်က တစ်နိုင်ငံလုံးပူဆွေးသောကရောက်နေချိန်မှာတောင် အလိုက်ကန်းဆိုးမသိ ပျော်ပါးနေကြတဲ့လူတွေကို အခုလိုပဲဒဲ့ပြောလာပါတယ်။
R ဇာနည်က “စာတတ်ပေတတ် ဆိုတာ စောက်လိုက်ကန်းဆိုးမသိတာနဲ့ကြတော့ ဘယ်လိုပြောရမလဲ ဘွဲ့ရအတန်းပညာနဲ့တော့ ဆိုင်မယ်မထင်ဘူး ထင်တယ် Happy Sweet December ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
R ဇာနည်ကတော့ အလိုက်ကန်းဆိုးမသိတတ်ရင် စာတတ်၊ပေတတ် အဆင့်အတန်းရှိသူလို့မခေါ်ထိုက်ကြောင်း ပြတ်ပြတ်သားသားနဲ့ ဒဲ့ပြောလာတာပဲဖြစ်ပါတယ်။
Source: Zarni Myonyunt ‘s fb
zawgyi



