

Unicode
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ယခင်တလောက ထွက်ရှိခဲ့တဲ့ နာမည်ကြီး သီချင်းလေးတစ်ပုဒ်ကို အားလုံးသိကြမှာပါနော်၊ အဆိုတော်မေခလာနဲ့ နိုရာ တို့တွဲဖက်သီဆိုထားတဲ့ ”ဦးရဲ့ကလေး၊ မောင်လေးရဲ့မမ” သီချင်းကဆိုရင်
အားလုံးက ကြိုက်နှစ်သက်ကြပြီး အားပေးမှု့ အများအပြားရရှိခဲ့တာပဲ ဖစ်ပါတယ်၊ သီးချင်းနဲ့ အောင်မြင်လာခဲ့တဲ့ နိုရာ ကတော့ သီချင်းသစ်တွေကို ဆက်လက် သီဆိုနေဆဲ ဖြစ်ပါတယ်…။
ခုဆို နိုရာရဲ့ သီချင်းသစ် MusicVideo ”ခင်ထား”ဆိုတဲ့ သီချင်းလေးထွက် ရှိလာခဲ့ပါတယ်။ သီချင်းလေးကတော့ ရှေးခေတ်ပုံသဏ္ဍန် ဟန်ပန်လေးနဲ့ သီဆိုထားလို့ အသစ်အဆန်းလေး တစ်ခုအနေနဲ့
ပရိသတ်တွေကို ဆွဲဆောင်လာခဲ့ပါတယ်။ သို့ပေမယ့်နိုရာ.ရဲ့ ခင်ထားသီချင်း.က ယခင်ကသီချင်း၊ ဗီဒီယိုပုံစံတွေနဲ့ တစ်ထပ်ထဲတူညီနေလို့ ကော်ပီယူပြီးရိုက်ကူးထားတယ် ဆိုပြီးပြော လာခဲ့ကြတာပဲ ဖြစ်ပါတယ်…..။
နိုရာ ကတော့ အဲလိုကြားပြီးနောက်ပိုင်းမှာ သူမက ယခင်ကအဲသီချင်းကို သိပေမယ့် ဗီဒီယိုကို လုံးဝမကြည့်ဖူးပါဘူး၊သူမခုရိုက်တဲ့ ဗီဒီယိုပုံစံနဲ့ ထပ်တူကျနေလို့ နိုရာဘက်က တောင်းပန်ခဲ့ပါတယ်။
သို့ပေမယ့်နို့ရာ အနေနဲ့ သီချင်းကီးတွေပါ ထပ်တူကျနေတယ်ဆိုတဲ့ စွတ်စွဲမှု့ကိုတော့ လုံးဝ လက်မခံနိုင်ပါဘူးတဲ့၊ သူမမှာ သက်သေတွေရှိလို့ တိုက်စစ်ဆေးလို့ရပါတယ်လို့ ဆို လာပါတယ်။
သီချင်းရေးပေးတဲ့ သူမရဲ့ သီချင်းရေးဆရာတွေတော့ မစော်ကားစေချင်ဘူး၊သူတို့ကအ လုပ်ကို Professionalကျကျ လုပ်နေကြတဲ့သူတွေပါဆိုပြီး ထွက်ဆိုလာခဲ့ပါတယ်။ နောက်တော့ ခုလို့စွတ်စွဲပြောဆိုတဲ့ သီချင်းပိုင်ရှင်က သူမနဲ့ ယခင်ကတဲက အဆင်မပြေတဲ့သူလို့ သိရပါတယ်နော်….၊



