ၾကားသိရသမွ်

မြေဖြူကိုင်တဲ့ ကျောင်းဆရာမဘဝကနေ ဆေးတပ်သား ဖြစ်လာခဲ့တဲ့ ကလေးမြို့သူ

ေျမျဖဴကိုင္ ေက်ာင္းဆရာမဘဝက ေဆးတပ္သား ျဖစ္လာခဲ့တဲ့ ကေလးၿမိဳ႕သူ

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္အာဏာရွင္ရဲ႕ ဖိႏွိပ္မႈေတြ၊ မတရားမႈေတြကို လုံးဝ လက္မခံႏိုင္တာေၾကာင့္ အနာဂတ္ ရည္မွန္းခ်က္ေတြကို စြန႔္လႊတ္ၿပီး က်ရာေနရာက ဆန႔္က်င္တြန္းလွန္ၾကတဲ့ လူငယ္ေတြ အမ်ားအျပား ရွိလာခဲ့ပါတယ္။

ဒီလူငယ္ေတြထဲက ေက်ာင္းဆရာမေလးအျဖစ္ကေန လက္ရွိ ကေလး PDF အဖြဲ႕မွာ ေဆးတပ္သားအျဖစ္ တာဝန္ယူ လုပ္ကိုင္ေနသူကေတာ့ ကေလးၿမိဳ႕သူ မသႏၲာလင္း ျဖစ္ပါတယ္။

“ေျမျဖဴကိုင္ေနတဲ့လက္ ေဘာပင္ကိုင္ေနတဲ့ လက္ေတြက ဒီလိုမ်ိဳး ေသနတ္ေတြ နားၾကပ္ေတြ ကိုင္ရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးဘူးေပါ့ေနာ္။ က်ေနာ္တို႔နဲ႔မွ မအပ္စပ္တာ။

ဇာတ္ကားထဲမွာသာ ၾကည့္ဖူးတာ”မသႏၲာလင္းဟာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (ကေလး – PDF) တပ္ရင္း ၇ ရဲ႕ ေဆးတပ္သားတစ္ဦးျဖစ္ၿပီး သူမဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာမသိမ္းခင္ အခ်ိန္အထိ ဆရာ မလုံေလာက္တဲ့ နယ္စြန္နယ္ဖ်ားက ေက်ာင္းေတြမွာ ဆြဲခန႔္ဆရာမအျဖစ္နဲ႔ လွည့္လည္ စာသင္ၾကားေပးရင္း ဝါသနာပါရာကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လုပ္ကိုင္ေနခဲ့သူပါ။

“အိမ္ကလည္း က်ေနာ့္ကို မိန္းကေလးလည္း ျဖစ္တဲ့အတြက္ အိေျႏၵရရ ေက်ာင္းဆရာမ အလုပ္လုပ္ေစခ်င္တယ္။ က်ေနာ္ကလည္း ငယ္ငယ္ကတည္းက ေက်ာင္းဆရာမ အလုပ္ကို ဝါသနာပါတယ္။ သို႔ေပမယ့္ က်ေနာ္က အစိုးရဝန္ထမ္း မဟုတ္ဘူး။

ဆရာ မလုံေလာက္တဲ့ နယ္စြန္နယ္ဖ်ား တိုင္းစြန္တိုင္းဖ်ားက အစိုးဝန္ထမ္းမေလာက္တဲ့ အထက္တန္း ေက်ာင္းခြဲေလးေတြမွာ လိုက္ၿပီးေတာ့ ၉ တန္း ၁ဝ တန္းေတြကို Chemistry တို႔ ျမန္မာတို႔ က်ေနာ္ကြၽမ္းက်င္တဲ့ ဘာသာရပ္ေတြကို ျပေပးတဲ့ ဆရာမ”

မ်ိဳးဆက္သစ္ လူငယ္ေလးေတြကို ပညာသင္ၾကားေပးေနရင္း ေက်နပ္ေပ်ာ္႐ႊင္ေနခဲ့တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ေက်ာင္းဆရာမေလးဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္က ႏိုင္ငံ့အာဏာကို သိမ္းယူလိုက္ခ်ိန္မွာေတာ့ ျပည္သူေ႐ြးခ်ယ္တင္ေျမာက္ထားတဲ့ အရပ္သားအစိုးရဆီကေန တရားမွ်တမႈမရွိဘဲ အတင္းအက်ပ္ အာဏာလုယူခဲ့တဲ့ စစ္အာဏာရွင္နဲ႔ ဒီလို လက္နက္ကိုင္ၿပီး ႀကီးႏိုင္ငယ္ညႇင္း စနစ္မ်ိဳးကို လုံးဝလက္မခံႏိုင္တာေၾကာင့္ က်ရာေနရာက ဆန႔္က်င္တြန္းလွန္ဖို႔ ဆုံးျဖတ္ခဲ့ရာက လက္နက္ကိုင္ ေတာ္လွန္ေရးမွာ ပါဝင္လာသူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

စစ္ေကာင္စီတပ္ေတြကို တူမီးေသနတ္ေတြ သုံးၿပီး ပထမဆုံး ျပန္ခုခံတိုက္ခိုက္ခဲ့တဲ့ ကေလးၿမိဳ႕က တိုက္ပြဲေတြထဲမွာ ကေလးၿမိဳ႕သူ ျဖစ္တဲ့ မသႏၲာလင္းလည္း အတူတကြ ပါဝင္ဆင္ႏႊဲခဲ့ပါတယ္။

“အာဏာသိမ္းၿပီးကတည္းက ပထမဆုံး တိုက္ပြဲျဖစ္တာ ကေလးနယ္က ျဖစ္တာေလ။ ကေလးနယ္တိုက္ပြဲမွာ အဲတုန္းက PDF ဆိုတာလည္း မရွိဘူး။ ပကပ သင္တန္းဆင္းဆိုတာ မရွိဘူး။ ႐ိုးရာေသနတ္ေလးေတြနဲ႔ တိုင္းရင္းသားေတြနဲ႔ ေပါင္းၿပီး စေတာ္လွန္တာ။ အဲဒီအခ်ိန္မွာ လူအင္အားလည္း က်ေနာ္တို႔ဘက္က ရာနဲ႔ခ်ီရွိတယ္။

အေနာက္မွာ က်ေနာ္တို႔က ယမ္းလိုတယ္ဆိုရင္ ယမ္းလိုက္ရွာတာတို႔။ က်ည္ဆိုရင္ ဘယ္မွာရွာရမလဲ။ ခဲလိုရင္ ခဲ။ ဘက္ထရီအိုးေတြ သြားျဖည့္ေပါ့ေနာ္။ အဲလိုေတြလုပ္ရင္းနဲ႔ ေနာက္ေတာ့ စိတ္က ကိုယ္ကိုယ္တိုင္ပါ တစ္ေကာင္ေကာင္ေလာက္ေတာ့ တိုက္ခ်င္တယ္။ လုပ္မယ္ေပါ့ေနာ္”

စစ္ေကာင္စီကို ေတာ္လွန္ဖို႔ တိုက္ခိုက္ေရးသမားအျဖစ္ PDF ထဲ ဝင္ခဲ့ေပမယ့္ တိုက္ခိုက္ေရးရဲေဘာ္ေတြ လုံေလာက္တဲ့ အေျခအေနမွာ ရွိေနတာက တစ္ေၾကာင္း ဆရာဝန္ရွားပါးတဲ့ ေနရာျဖစ္တာေၾကာင့္ တစ္ေၾကာင္းမို႔ ေဆးအကူတပ္သားအျဖစ္ ကူညီလုပ္ကိုင္ေပးဖို႔ အေၾကာင္းဖန္လာရပုံကိုလည္း အခုလို ေျပာျပပါတယ္။

“ပထမဆုံးတိုက္ပြဲ က်ေနာ္တို႔႐ြာကပဲ။ ေကာင္ေလးတစ္ေယာက္ ေခါင္းကိုမွန္ၿပီးေတာ့ က်သြားတယ္။ က်န္တဲ့တစ္ေယာက္ကက်ေတာ့ ဆီးခုံကိုမွန္ၿပီး က်သြားတယ္။ အဲဒါဆိုေတာ့ စိတ္ထဲမွာ ေပၚလာတာက ဆရာဝန္ေတြလည္း နီးနီးနားနား မရွိဘူးဆိုေတာ့။ ဒါနဲ႔ တိုက္ခိုက္ေရးသမားလုပ္ဖို႔လည္း အဆင္မေျပဘူး။

ဆိုေတာ့ ဆရာဝန္တစ္ေယာက္ရယ္ ဒီက Medical team က ဆရာမေတြ ဆရာဝန္ေတြ အကူအညီနဲ႔ ေလ့လာတယ္။ ကိုယ္မွီသေလာက္ ကြၽမ္းကြၽမ္းက်င္က်င္ေတာ့ မဟုတ္ဘူးေပါ့။ အဲလိုမ်ိဳးဆိုရင္ ဖုန္းဆက္ၿပီးေတာ့ ေမးတယ္။ ဆရာဝန္ ဆရာမေတြ အကူအညီနဲ႔ ကိုယ္လုပ္ႏိုင္တာေပါ့ေနာ္။ အဓိကက လူနာဘာမွ ျဖစ္မသြားရင္ နည္းနည္းသက္သာရင္ ၿပီးေရာဆိုၿပီး အဲလိုမ်ိဳးနဲ႔ ေဆးဝါးဘက္ကို ျပန္ေျပာင္းျဖစ္သြားတာ”

ကေလးၿမိဳ႕က PDF တပ္ရင္း တစ္ခုစီတိုင္းမွာ တိုက္ပြဲအတြင္း ထိခိုက္ဒဏ္ရာရသူေတြကို ေဆးကုသေပးဖို႔ အေျခခံေဆးပညာ သင္တန္းတက္ထားတဲ့ အမ်ိဳးသမီး ရွစ္ေယာက္ေလာက္ကို တာဝန္ေပးထားတယ္လို႔ အမ်ိဳးသမီး ေဆးတပ္သားေတြက ေျပာပါတယ္။ ႏိုဝင္ဘာ ၁၆ ရက္ေန႔က ေဒသအေျခစိုက္ စစ္ေကာင္စီတပ္က အင္အားသုံးၿဖိဳခြင္းရာမွာ ကေလး PDF တပ္ရင္း (၃) ေနာက္တန္းစခန္းက ေဆးတပ္သား အမ်ိဳးသမီး ကိုးေယာက္ ဖမ္းဆီးခံခဲ့ရပါတယ္။ေဆးတပ္သား တစ္ဦးျဖစ္တဲ့ မသႏၲာလင္းအေနနဲ႔လည္း အလားတူ အျဖစ္မ်ိဳးေတြ ႀကဳံလာရႏိုင္တယ္ဆိုတာ သိေပမယ့္ အဆုံးစြန္ထိေတြးၿပီး အသက္ကို စေတးထားေၾကာင္း RFA ကို ေျပာပါတယ္။

“အဲလိုမ်ိဳး ဖမ္းမိသြားတယ္ဆိုရင္ေတာင္မွ က်ေနာ္တို႔က က်ေနာ္တို႔လူေတြကို ေျပာၿပီးသား က်ေနာ္တို႔ အာဏာရွင္လက္ထဲမွာ တစ္စကၠန႔္ေတာင္ တစ္မိနစ္ေတာင္ မေနခ်င္ဘူး။ က်ေနာ္တို႔ မိသြားၿပီဆိုတာနဲ႔ ေသခ်ာတာကေတာ့ သူတို႔လက္ထဲမွာ ညႇဥ္းပန္းခံရမယ္။ ႏွိပ္စက္ခံရမယ္။

အသက္ကို ဒီေတာ္လွန္ေရးအတြက္ စေတးၿပီးသား ျဖစ္တဲ့အတြက္ အသက္ေတြ ေသြးေတြ ဒီေတာ္လွန္ေရးအတြက္ စေတးၿပီးသား ျဖစ္တဲ့အတြက္ အဆုံးစြန္ထိ သူတို႔ကို ေတာင္းဆိုထားၿပီးသား မိသြားခဲ့ရင္ က်ေနာ္နဲ႔အတူ (ေခြး) ေတြကိုပါ ပစ္သတ္ေပးပါလို႔”စိတ္ထားႏူးညံ့တဲ့ ေက်ာင္းဆရာမ အျဖစ္ကေန ဒီလိုမာေၾကာေၾကာစိတ္နဲ႔ PDF အဖြဲ႕ဝင္အျဖစ္ ေျပာင္းလဲဖို႔ ဆိုတာကလည္း မလြယ္ကူလွပါဘူး။

“ေက်ာင္းသူ၊ ေက်ာင္းသားေတြကို စာသင္ရတဲ့ အခါမ်ိဳးမွာ က်ေနာ့္စိတ္က မၾကမ္းတမ္းဘူး။ ႏူးညံ့တယ္။ သာမန္ မိန္းမတစ္ေယာက္လိုပါပဲ။ ဒါေပမဲ့ ေတာ္လွန္ေရးထဲကို ေရာက္တဲ့အခါ စိတ္ခံစားခ်က္ကို ဦးစားေပးေနလို႔မရဘူး။ က်ေနာ္တို႔ ေတာ္လွန္ရမွာက ႏွစ္ကာလမ်ားစြာ တမင္တကာ ေလ့က်င့္ယူထားတဲ့ အာဏာရွင္ေတြ ျဖစ္တဲ့အတြက္ က်ေနာ္တို႔က သူတို႔ထက္ မသန္မာရင္ေတာင္ သူတို႔ေလာက္နီးပါး သန္မာေနဖို႔လိုတယ္။ ဒါေၾကာင့္မို႔ စိတ္ဓာတ္ကို ေျပာင္းလဲခဲ့ရတာေပါ့ဗ်ာ။

က်ေနာ္ဆို ဆံပင္အရွည္ႀကီး ေက်ာလယ္ေလာက္ထိရွိတယ္။ အဲဒီဆံပင္က ေတာ္လွန္ေရးအတြက္ အဆင္မေျပေတာ့ဘူး။ က်ေနာ့္အတြက္လည္း အေႏွာင့္အယွက္ အျဖစ္မခံႏိုင္ဘူး သူမ်ားကိုလည္းအေႏွာင့္အယွက္ အျဖစ္မခံႏိုင္ဘူး။ ဒါမ်ိဳးေၾကာင့္ ဆံပင္ကို ကိုယ့္ဟာနဲ႔ကိုယ္ ေတာထဲမွာ ကိုယ့္ဟာနဲ႔ကိုယ္ပဲ ညႇပ္ပစ္လိုက္တယ္။ က်ေနာ္တို႔မွာ တြယ္တာစရာ ေႏွာင္ဖြဲ႕စရာ သံေယာဇဥ္ဆိုတာ ထားလို႔မရဘူး”

ပင္ပန္းဆင္းရဲေနတဲ့ၾကားထဲ စိတ္ဓာတ္ေတြကို လုံးဝေျပာင္းလဲခဲ့ရေပမယ့္ မေျပာင္းမလဲ က်န္ရစ္တာကေတာ့ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ေတြအတြက္ အာဏာရွင္ကို အဆုံးထိ ေတာ္လွန္သြားမယ္ဆိုတဲ့ စိတ္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။”ေတာ္လွန္ေရးမွာ အမ်ားႀကီး အသက္ေတြ ေသြးေတြ ေခြၽးေတြ ေပးဆပ္ခဲ့ရတယ္။ ကိုယ္လည္း ဘယ္ေန႔ ဘယ္အခ်ိန္ ေပးဆပ္ရမယ္ဆိုတာ မသိဘူး။ အိမ္ကို ကိုယ့္အသက္နဲ႔ ျပန္သြားရမလားဆိုတာလည္း ေမွ်ာ္မွန္းထားလို႔မရဘူး။ ေျခက်ိဳး လက္က်ိဳးနဲ႔လည္း ျပန္ရင္ျပန္ရႏိုင္တယ္။ အသက္မပါဘဲနဲ႔လည္း တိုက္ပြဲမွာ က်သြားႏိုင္တယ္။ ဒါေပမဲ့ က်ေနာ္တို႔ မႏိုင္မခ်င္း ေနာက္ျပန္မလွည့္ဘူး။ မႏိုင္မခ်င္း အိမ္မျပန္ဘူး”

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကေန ႏိုဝင္ဘာလအထိ စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ ကေလး PDF တပ္ဖြဲ႕ေတြၾကား တိုက္ပြဲေပါင္း ၂၅ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ ကေလးၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြရဲ႕ လက္ခ်က္နဲ႔ ေသဆုံးသူ ၆၅ ေယာက္ေက်ာ္ရွိၿပီး အဖမ္းခံထားရသူ ၃၆၀ ေက်ာ္ ရွိတယ္လို႔ ကေလးၿမိဳ႕ ပင္မသပိတ္က ျပဳစုထားတဲ့ စာရင္းေတြအရ သိရပါတယ္။

ဒီလို ဖမ္းဆီးႏွိပ္စက္မႈေတြ၊ သတ္ျဖတ္မႈေတြရွိေနတဲ့ၾကားက မသႏၲာလင္းတို႔လို လူငယ္ေတြကေတာ့ အာဏာရွင္ကို အျမစ္ျပတ္တဲ့အထိ တြန္းလွန္သြားၾကမယ္လို႔ သႏၷိ႒ာန္ခ်ထားတယ္လို႔ RFA ကိုေျပာၾကပါတယ္။source-RFA

မြေဖြူကိုင် ကျောင်းဆရာမဘဝက ဆေးတပ်သား ဖြစ်လာခဲ့တဲ့ ကလေးမြို့သူ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေ၊ မတရားမှုတွေကို လုံးဝ လက်မခံနိုင်တာကြောင့် အနာဂတ် ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ကျရာနေရာက ဆန့်ကျင်တွန်းလှန်ကြတဲ့ လူငယ်တွေ အများအပြား ရှိလာခဲ့ပါတယ်။ ဒီလူငယ်တွေထဲက ကျောင်းဆရာမလေးအဖြစ်ကနေ လက်ရှိ ကလေး PDF အဖွဲ့မှာ ဆေးတပ်သားအဖြစ် တာဝန်ယူ လုပ်ကိုင်နေသူကတော့ ကလေးမြို့သူ မသန္တာလင်း ဖြစ်ပါတယ်။

“မြေဖြူကိုင်နေတဲ့လက် ဘောပင်ကိုင်နေတဲ့ လက်တွေက ဒီလိုမျိုး သေနတ်တွေ နားကြပ်တွေ ကိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူးပေါ့နော်။ ကျနော်တို့နဲ့မှ မအပ်စပ်တာ။ ဇာတ်ကားထဲမှာသာ ကြည့်ဖူးတာ”မသန္တာလင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး – PDF) တပ်ရင်း ၇ ရဲ့ ဆေးတပ်သားတစ်ဦးဖြစ်ပြီး သူမဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင် အချိန်အထိ ဆရာ မလုံလောက်တဲ့ နယ်စွန်နယ်ဖျားက ကျောင်းတွေမှာ ဆွဲခန့်ဆရာမအဖြစ်နဲ့ လှည့်လည် စာသင်ကြားပေးရင်း ဝါသနာပါရာကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်နေခဲ့သူပါ။

“အိမ်ကလည်း ကျနော့်ကို မိန်းကလေးလည်း ဖြစ်တဲ့အတွက် အိန္ဒြေရရ ကျောင်းဆရာမ အလုပ်လုပ်စေချင်တယ်။ ကျနော်ကလည်း ငယ်ငယ်ကတည်းက ကျောင်းဆရာမ အလုပ်ကို ဝါသနာပါတယ်။ သို့ပေမယ့် ကျနော်က အစိုးရဝန်ထမ်း မဟုတ်ဘူး။ ဆရာ မလုံလောက်တဲ့ နယ်စွန်နယ်ဖျား တိုင်းစွန်တိုင်းဖျားက အစိုးဝန်ထမ်းမလောက်တဲ့ အထက်တန်း ကျောင်းခွဲလေးတွေမှာ လိုက်ပြီးတော့ ၉ တန်း ၁ဝ တန်းတွေကို Chemistry တို့ မြန်မာတို့ ကျနော်ကျွမ်းကျင်တဲ့ ဘာသာရပ်တွေကို ပြပေးတဲ့ ဆရာမ”

မျိုးဆက်သစ် လူငယ်လေးတွေကို ပညာသင်ကြားပေးနေရင်း ကျေနပ်ပျော်ရွှင်နေခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမလေးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူလိုက်ချိန်မှာတော့ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရဆီကနေ တရားမျှတမှုမရှိဘဲ အတင်းအကျပ် အာဏာလုယူခဲ့တဲ့ စစ်အာဏာရှင်နဲ့ ဒီလို လက်နက်ကိုင်ပြီး ကြီးနိုင်ငယ်ညှင်း စနစ်မျိုးကို လုံးဝလက်မခံနိုင်တာကြောင့် ကျရာနေရာက ဆန့်ကျင်တွန်းလှန်ဖို့ ဆုံးဖြတ်ခဲ့ရာက လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်လာသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေကို တူမီးသေနတ်တွေ သုံးပြီး ပထမဆုံး ပြန်ခုခံတိုက်ခိုက်ခဲ့တဲ့ ကလေးမြို့က တိုက်ပွဲတွေထဲမှာ ကလေးမြို့သူ ဖြစ်တဲ့ မသန္တာလင်းလည်း အတူတကွ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

“အာဏာသိမ်းပြီးကတည်းက ပထမဆုံး တိုက်ပွဲဖြစ်တာ ကလေးနယ်က ဖြစ်တာလေ။ ကလေးနယ်တိုက်ပွဲမှာ အဲတုန်းက PDF ဆိုတာလည်း မရှိဘူး။ ပကပ သင်တန်းဆင်းဆိုတာ မရှိဘူး။ ရိုးရာသေနတ်လေးတွေနဲ့ တိုင်းရင်းသားတွေနဲ့ ပေါင်းပြီး စတော်လှန်တာ။ အဲဒီအချိန်မှာ လူအင်အားလည်း ကျနော်တို့ဘက်က ရာနဲ့ချီရှိတယ်။ အနောက်မှာ ကျနော်တို့က ယမ်းလိုတယ်ဆိုရင် ယမ်းလိုက်ရှာတာတို့။ ကျည်ဆိုရင် ဘယ်မှာရှာရမလဲ။ ခဲလိုရင် ခဲ။ ဘက်ထရီအိုးတွေ သွားဖြည့်ပေါ့နော်။ အဲလိုတွေလုပ်ရင်းနဲ့ နောက်တော့ စိတ်က ကိုယ်ကိုယ်တိုင်ပါ တစ်ကောင်ကောင်လောက်တော့ တိုက်ချင်တယ်။ လုပ်မယ်ပေါ့နော်”

စစ်ကောင်စီကို တော်လှန်ဖို့ တိုက်ခိုက်ရေးသမားအဖြစ် PDF ထဲ ဝင်ခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ လုံလောက်တဲ့ အခြေအနေမှာ ရှိနေတာက တစ်ကြောင်း ဆရာဝန်ရှားပါးတဲ့ နေရာဖြစ်တာကြောင့် တစ်ကြောင်းမို့ ဆေးအကူတပ်သားအဖြစ် ကူညီလုပ်ကိုင်ပေးဖို့ အကြောင်းဖန်လာရပုံကိုလည်း အခုလို ပြောပြပါတယ်။

“ပထမဆုံးတိုက်ပွဲ ကျနော်တို့ရွာကပဲ။ ကောင်လေးတစ်ယောက် ခေါင်းကိုမှန်ပြီးတော့ ကျသွားတယ်။ ကျန်တဲ့တစ်ယောက်ကကျတော့ ဆီးခုံကိုမှန်ပြီး ကျသွားတယ်။ အဲဒါဆိုတော့ စိတ်ထဲမှာ ပေါ်လာတာက ဆရာဝန်တွေလည်း နီးနီးနားနား မရှိဘူးဆိုတော့။ ဒါနဲ့ တိုက်ခိုက်ရေးသမားလုပ်ဖို့လည်း အဆင်မပြေဘူး။

ဆိုတော့ ဆရာဝန်တစ်ယောက်ရယ် ဒီက Medical team က ဆရာမတွေ ဆရာဝန်တွေ အကူအညီနဲ့ လေ့လာတယ်။ ကိုယ်မှီသလောက် ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်ဘူးပေါ့။ အဲလိုမျိုးဆိုရင် ဖုန်းဆက်ပြီးတော့ မေးတယ်။ ဆရာဝန် ဆရာမတွေ အကူအညီနဲ့ ကိုယ်လုပ်နိုင်တာပေါ့နော်။ အဓိကက လူနာဘာမှ ဖြစ်မသွားရင် နည်းနည်းသက်သာရင် ပြီးရောဆိုပြီး အဲလိုမျိုးနဲ့ ဆေးဝါးဘက်ကို ပြန်ပြောင်းဖြစ်သွားတာ”

ကလေးမြို့က PDF တပ်ရင်း တစ်ခုစီတိုင်းမှာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့ အခြေခံဆေးပညာ သင်တန်းတက်ထားတဲ့ အမျိုးသမီး ရှစ်ယောက်လောက်ကို တာဝန်ပေးထားတယ်လို့ အမျိုးသမီး ဆေးတပ်သားတွေက ပြောပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့က ဒေသအခြေစိုက် စစ်ကောင်စီတပ်က အင်အားသုံးဖြိုခွင်းရာမှာ ကလေး PDF တပ်ရင်း (၃) နောက်တန်းစခန်းက ဆေးတပ်သား အမျိုးသမီး ကိုးယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ဆေးတပ်သား တစ်ဦးဖြစ်တဲ့ မသန္တာလင်းအနေနဲ့လည်း အလားတူ အဖြစ်မျိုးတွေ ကြုံလာရနိုင်တယ်ဆိုတာ သိပေမယ့် အဆုံးစွန်ထိတွေးပြီး အသက်ကို စတေးထားကြောင်း RFA ကို ပြောပါတယ်။

“အဲလိုမျိုး ဖမ်းမိသွားတယ်ဆိုရင်တောင်မှ ကျနော်တို့က ကျနော်တို့လူတွေကို ပြောပြီးသား ကျနော်တို့ အာဏာရှင်လက်ထဲမှာ တစ်စက္ကန့်တောင် တစ်မိနစ်တောင် မနေချင်ဘူး။ ကျနော်တို့ မိသွားပြီဆိုတာနဲ့ သေချာတာကတော့ သူတို့လက်ထဲမှာ ညှဉ်းပန်းခံရမယ်။ နှိပ်စက်ခံရမယ်။

အသက်ကို ဒီတော်လှန်ရေးအတွက် စတေးပြီးသား ဖြစ်တဲ့အတွက် အသက်တွေ သွေးတွေ ဒီတော်လှန်ရေးအတွက် စတေးပြီးသား ဖြစ်တဲ့အတွက် အဆုံးစွန်ထိ သူတို့ကို တောင်းဆိုထားပြီးသား မိသွားခဲ့ရင် ကျနော်နဲ့အတူ (ခွေး) တွေကိုပါ ပစ်သတ်ပေးပါလို့”စိတ်ထားနူးညံ့တဲ့ ကျောင်းဆရာမ အဖြစ်ကနေ ဒီလိုမာကြောကြောစိတ်နဲ့ PDF အဖွဲ့ဝင်အဖြစ် ပြောင်းလဲဖို့ ဆိုတာကလည်း မလွယ်ကူလှပါဘူး။

“ကျောင်းသူ၊ ကျောင်းသားတွေကို စာသင်ရတဲ့ အခါမျိုးမှာ ကျနော့်စိတ်က မကြမ်းတမ်းဘူး။ နူးညံ့တယ်။ သာမန် မိန်းမတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ တော်လှန်ရေးထဲကို ရောက်တဲ့အခါ စိတ်ခံစားချက်ကို ဦးစားပေးနေလို့မရဘူး။ ကျနော်တို့ တော်လှန်ရမှာက နှစ်ကာလများစွာ တမင်တကာ လေ့ကျင့်ယူထားတဲ့ အာဏာရှင်တွေ ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့ထက် မသန်မာရင်တောင် သူတို့လောက်နီးပါး သန်မာနေဖို့လိုတယ်။ ဒါကြောင့်မို့ စိတ်ဓာတ်ကို ပြောင်းလဲခဲ့ရတာပေါ့ဗျာ။

ကျနော်ဆို ဆံပင်အရှည်ကြီး ကျောလယ်လောက်ထိရှိတယ်။ အဲဒီဆံပင်က တော်လှန်ရေးအတွက် အဆင်မပြေတော့ဘူး။ ကျနော့်အတွက်လည်း အနှောင့်အယှက် အဖြစ်မခံနိုင်ဘူး သူများကိုလည်းအနှောင့်အယှက် အဖြစ်မခံနိုင်ဘူး။ ဒါမျိုးကြောင့် ဆံပင်ကို ကိုယ့်ဟာနဲ့ကိုယ် တောထဲမှာ ကိုယ့်ဟာနဲ့ကိုယ်ပဲ ညှပ်ပစ်လိုက်တယ်။ ကျနော်တို့မှာ တွယ်တာစရာ နှောင်ဖွဲ့စရာ သံယောဇဉ်ဆိုတာ ထားလို့မရဘူး”

ပင်ပန်းဆင်းရဲနေတဲ့ကြားထဲ စိတ်ဓာတ်တွေကို လုံးဝပြောင်းလဲခဲ့ရပေမယ့် မပြောင်းမလဲ ကျန်ရစ်တာကတော့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အာဏာရှင်ကို အဆုံးထိ တော်လှန်သွားမယ်ဆိုတဲ့ စိတ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။”တော်လှန်ရေးမှာ အများကြီး အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့ရတယ်။

ကိုယ်လည်း ဘယ်နေ့ ဘယ်အချိန် ပေးဆပ်ရမယ်ဆိုတာ မသိဘူး။ အိမ်ကို ကိုယ့်အသက်နဲ့ ပြန်သွားရမလားဆိုတာလည်း မျှော်မှန်းထားလို့မရဘူး။ ခြေကျိုး လက်ကျိုးနဲ့လည်း ပြန်ရင်ပြန်ရနိုင်တယ်။ အသက်မပါဘဲနဲ့လည်း တိုက်ပွဲမှာ ကျသွားနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ မနိုင်မချင်း နောက်ပြန်မလှည့်ဘူး။ မနိုင်မချင်း အိမ်မပြန်ဘူး”

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ နိုဝင်ဘာလအထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကလေး PDF တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ ၆၅ ယောက်ကျော်ရှိပြီး အဖမ်းခံထားရသူ ၃၆၀ ကျော် ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ်က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီလို ဖမ်းဆီးနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေရှိနေတဲ့ကြားက မသန္တာလင်းတို့လို လူငယ်တွေကတော့ အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ တွန်းလှန်သွားကြမယ်လို့ သန္နိဋ္ဌာန်ချထားတယ်လို့ RFA ကိုပြောကြပါတယ်။

source-RFA