ၾကားသိရသမွ်

အိမ်ထောင်စု (၅၃၀၀) ကျော်အတွက် တစ်အိမ်တစ်အိတ်နှုန်းဖြင့် ဆန်အိတ်များ လှူဒါန်းခဲ့တဲ့အလှူရှင်မိသားစု

အိမ်ထောင်စု (၅၃၀၀) ကျော်အတွက် တစ်အိမ်တစ်အိတ်နှုန်းဖြင့် ဆန်အိတ်များ လှူဒါန်းခဲ့တဲ့အလှူရှင်မိသာစု

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှ အလှူရှင်တစ်ဦးတည်းက အောင်ချမ်းသာရပ်ကွက်ရှိ အိမ်ထောင်စု ၅၃၀၀ ကျော်အတွက် ဆန်၂၄ ပြည်ပါ ဆန်အိတ် တစ်အိတ်နှုန်းဖြင့် လှူဒါန်းနေကြောင်း သိရသည်။

“အလှူရှင်က မိုးကုတ်မြို့ အောင်ချမ်းသာ ရပ်ကွက်က ဦးတင့်ဆွေ၊ ဒေါ်အလေး မိသားစုကနေ လှူဒါန်းတာပါ။ ခုလို ကိုဗစ် ကာလမှာ မရှိဆင်းရဲသူတွေအတွက် ဆန်တစ်အိတ်က တော်တော်လေး အဆင်ပြေပါတယ်။

လက်လုပ်လက်စားဖြစ်တဲ့ အိမ်ထောင်စုတွေကလဲ ခုချိန်မှာ ဘာမှ မလုပ်နိုင်တော့ အများကြီး အထောက်အကူ ရပါတယ်ဟု မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အ မှတ်၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းတင်က ပြောပြထားပါတယ်။

မိုးကုတ်မြို့တွင် ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်နေ ပြည်သူများအား ရန်ကုန် မန္တလေးတို့တွင် နေထိုင်သည့် မိုးကုတ်သားကုန်သည်ကြီးများက နေရပ်များသို့ ပြန်လာပြီး

မိုးကုတ် ကျပ်ပြင်းရပ်ကွက်များ နှင့် မိဘမဲ့ဂေဟာ ကျောင်းများသို့ ဆန် ၊ဆီများ မကြာခဏ လှူဒါန်းပေးနေခြင်းများလည်း ရှိကြောင်း သိရသည်။

Zawgyi







Credit