ရန်ကုန်က ဓါတ်တိုင်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက်ကြိုးတွေကို ဖြတ်တောက်မယ်လို့ ထုတ်ပြန် – ရန်ကုန်တိုင်းအတွင်းက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရှင်းပိုင် ဓါတ်တိုင်တွေမှာ တရားမဝင် သွယ်တန်းထားတဲ့ အင်တာနက်
ဖိုင်ဘာကေဘယ်ကြိုးနဲ့ ဆက်သွယ်ရေးကြိုးတွေကို ဖြတ်တောက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ်

နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက ဓါတ်တိုင်တွေမှာ ခွင့်ပြုချက်မရှိဘဲ တရားမဝင် သွယ်တန်းထားတဲ့ ဖိုင်ဘာကြိုးတွေနဲ့ ဆက်သွယ်ရေးကြိုးတွေကို တွေ့ရှိတာကြောင့် သက်ဆိုင်ရာကုမ္ပဏီနဲ့ အဖွဲ့အစည်း
တွေကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ပြောထားတာ ဖြစ်ပါတယ်။ ဖယ်ရှားရှင်းလင်းခြင်းမရှိတဲ့ ဖိုင်ဘာဆက်သွယ်ရေးကြိုးတွေကို ကော်ပိုရေးရှင်းကနေ ဖြတ်တောက်ဖယ်ရှားသွားမှာဖြစ်ပြီး တရားမဝင်သွယ်တန်းထားတဲ့

ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။ ဓာတ်တိုင်တွေမှာ အများဆုံးသွယ်တန်းထားတဲ့ အင်တာနက်ကြိုးတွေက တပ်ရှယ်ယာ

ပါဝင်တဲ့ Mytel ကုမ္ပဏီရဲ့ကြိုးတြွေဖစ်ပြီး အဲဒီသွယ်တန်းမှုက တရားဝင် မဝင်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပုံစာ- ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ဒီကနေ့ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ချက်။

Zawgyi Code
ရန္ကုန္က ဓါတ္တိုင္ေတြမွာ တရားမဝင္ သြယ္တန္းထားတဲ့ အင္တာနက္ႀကိဳးေတြကို ျဖတ္ေတာက္မယ္လို႔ ထုတ္ျပန္ – ရန္ကုန္တိုင္းအတြင္းက ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုရွင္းပိုင္ ဓါတ္တိုင္ေတြမွာ တရားမဝင္ သြယ္တန္းထားတဲ့ အင္တာနက္
ဖိုင္ဘာေကဘယ္ႀကိဳးနဲ႔ ဆက္သြယ္ေရးႀကိဳးေတြကို ျဖတ္ေတာက္သြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီလက္ေအာက္ခံ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ရန္ကုန္လွ်ပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက ဒီကေန႔ ႏိုဝင္ဘာ ၁၈ ရက္ေန႔ထုတ္

ႏိုင္ငံပိုင္သတင္းစာမွာ ထည့္သြင္းထုတ္ျပန္ထားတာ ျဖစ္ပါတယ္။ ရန္ကုန္တိုင္းအတြင္းက ဓါတ္တိုင္ေတြမွာ ခြင့္ျပဳခ်က္မရွိဘဲ တရားမဝင္ သြယ္တန္းထားတဲ့ ဖိုင္ဘာႀကိဳးေတြနဲ႔ ဆက္သြယ္ေရးႀကိဳးေတြကို ေတြ႕ရွိတာေၾကာင့္ သက္ဆိုင္ရာကုမၸဏီနဲ႔ အဖြဲ႕အစည္း
ေတြကို ႏိုဝင္ဘာ ၃၀ ရက္ေန႔မွာ ေနာက္ဆုံးထားၿပီး ဖယ္ရွားေပးဖို႔ေျပာထားတာ ျဖစ္ပါတယ္။ ဖယ္ရွားရွင္းလင္းျခင္းမရွိတဲ့ ဖိုင္ဘာဆက္သြယ္ေရးႀကိဳးေတြကို ေကာ္ပိုေရးရွင္းကေန ျဖတ္ေတာက္ဖယ္ရွားသြားမွာျဖစ္ၿပီး တရားမဝင္သြယ္တန္းထားတဲ့

ကုမၸဏီနဲ႔ အဖြဲ႕အစည္းေတြကို ဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမယ္လို႔လည္း ရန္ကုန္လွ်ပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက ထုတ္ျပန္ထားပါတယ္။ ဓာတ္တိုင္ေတြမွာ အမ်ားဆုံးသြယ္တန္းထားတဲ့ အင္တာနက္ႀကိဳးေတြက တပ္ရွယ္ယာ
ပါဝင္တဲ့ Mytel ကုမၸဏီရဲ႕ႀကိဳးေႂတြဖစ္ၿပီး အဲဒီသြယ္တန္းမႈက တရားဝင္ မဝင္ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ပုံစာ- ရန္ကုန္လွ်ပ္စစ္ ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းရဲ႕ ဒီကေန႔ ႏိုင္ငံပိုင္သတင္းစာကေန ထုတ္ျပန္ခ်က္။



