ယောက်ျားကောင်း ဆိုတာ…..
ယနေ့ခေတ်အခါ အိမ်ထောင်တည်မြဲဖို့ခဲယဉ်းလွန်းတယ်။
သစ္စာတရားရှိသူတွေရှားပါးလာသလိုပဲ
လွယ်လွယ်နဲ့ ဖောက်ပြန်တတ်ကြကုန်တယ်။
နားလည်မှုနဲ့ ချစ်ချစ်ခင်ခင်
သစ္စာရှိရှိ ချစ်သွားကြမယ်
နေသွားကြမယ်ဆိုရင် အိမ်ထောင်ရေးသာယာလာမှာပဲ။
လူဆင်းရဲပေမယ့်စိတ်ဓါတ်မဆင်းရဲရင် ကောင်းမယ်။
မရခင်တော့ ဖျာလိုလိပ် ထိပ်ပေါ်တင်၊
ရလည်းရရော လက်နှီးစုတ်လို
ချောင်ထိုးတတ်ကြတဲ့ တချို့သော
ယောက်ျားတွေကြောင့် အမျိုးသမီးတချို့
စိတ်ဆင်းရဲရသည့်ပြင် ဘဝတွေပါပျက်ဆီးကြရလေတယ်။
လူပုံအလယ် မျက်နှာမပြရဲတဲ့အထိ
အကဲ့ရဲ့ခံကြရ ဝေဖန်ခံကြရနဲ့
ဟိုတစ်ယောက် ကောင်းနိုးနိုး
ဒီတစ်ယောက် ကောင်းနိုးနိုးနဲ့
ပလီပလာပြောတတ်တဲ့ ယောက်ျားတွေကို
ယုံစားမိရာကနေ အားကိုးစရာမရသည့်ပြင်
မိမိဘဝ ရေတိမ်နစ်ပြီး
ဘဝပျက်မှန်းမသိ ပျက်ခဲ့ရတယ်။
နောက်ပိုင်း အမျိုးကောင်းသမီး ဘဝကနေ
မထူးဇာတ်ခင်းမိရတဲ့ အဖြစ်တွေက
စိတ်မချမ်းသာစရာပါပဲ။
ပြောချင်တာကတော့ ယောက်ျားလေးတိုင်း
အမျိုးကောင်းသား ဖြစ်ဖို့ဆိုရင်
ကိုယ့်ရဲ့ချစ်သူကို အတည်တကျ
မယူရသေးသ၍ သူ့ဘဝလေးကို
မဖျက်ဆီးလေနဲ့ တန်ဖိုးထားပေးပါ။
ယူပြီးသွားရင်လည်း သစ္စာရှိရှိ ကြင်ကြင်နာနာ
နားလည်မှုနဲ့ ဘဝကို တည်ဆောက်ကြပါ။
မိမိမှာလည်း အမ၊နှမနဲ့ အမေရှိချင်
ရှိမှာပဲမို့ ကိုယ်ချင်းစာတတ်ပါစေလို့
သားကောင်း ရတနာမှ မေတ္တာရှေ့ထား
ရေးသား ဖော်ပြလိုက်ရပါတယ်။
(မှတ်ချက်)
သားကောင်း ရတနာတွင် အမေ၊အမ၊ညီမ
သုံးဦးလုံး ရှိနေသည်ဖြစ်၍ ဤစာကို ပိုမို
ရေးသင့်သည် ထင်မိပါသည်။
သားကောင်း ရတနာ
{သဗ္ဗဇယ မင်္ဂလာ}
ေယာက္်ားေကာင္း ဆိုတာ…..
ယေန႔ေခတ္အခါ အိမ္ေထာင္တည္ၿမဲဖို႔ခဲယဥ္းလြန္းတယ္။
သစၥာတရားရွိသူေတြရွားပါးလာသလိုပဲ
လြယ္လြယ္နဲ႔ ေဖာက္ျပန္တတ္ၾကကုန္တယ္။
နားလည္မႈနဲ႔ ခ်စ္ခ်စ္ခင္ခင္
သစၥာရွိရွိ ခ်စ္သြားၾကမယ္
ေနသြားၾကမယ္ဆိုရင္ အိမ္ေထာင္ေရးသာယာလာမွာပဲ။
လူဆင္းရဲေပမယ့္စိတ္ဓါတ္မဆင္းရဲရင္ ေကာင္းမယ္။
မရခင္ေတာ့ ဖ်ာလိုလိပ္ ထိပ္ေပၚတင္၊
ရလည္းရေရာ လက္ႏွီးစုတ္လို
ေခ်ာင္ထိုးတတ္ၾကတဲ့ တခ်ိဳ႕ေသာ
ေယာက္်ားေတြေၾကာင့္ အမ်ိဳးသမီးတခ်ိဳ႕
စိတ္ဆင္းရဲရသည့္ျပင္ ဘဝေတြပါပ်က္ဆီးၾကရေလတယ္။
လူပုံအလယ္ မ်က္ႏွာမျပရဲတဲ့အထိ
အကဲ့ရဲ႕ခံၾကရ ေဝဖန္ခံၾကရနဲ႔
ဟိုတစ္ေယာက္ ေကာင္းႏိုးႏိုး
ဒီတစ္ေယာက္ ေကာင္းႏိုးႏိုးနဲ႔
ပလီပလာေျပာတတ္တဲ့ ေယာက္်ားေတြကို
ယုံစားမိရာကေန အားကိုးစရာမရသည့္ျပင္
မိမိဘဝ ေရတိမ္နစ္ၿပီး
ဘဝပ်က္မွန္းမသိ ပ်က္ခဲ့ရတယ္။
ေနာက္ပိုင္း အမ်ိဳးေကာင္းသမီး ဘဝကေန
မထူးဇာတ္ခင္းမိရတဲ့ အျဖစ္ေတြက
စိတ္မခ်မ္းသာစရာပါပဲ။
ေျပာခ်င္တာကေတာ့ ေယာက္်ားေလးတိုင္း
အမ်ိဳးေကာင္းသား ျဖစ္ဖို႔ဆိုရင္
ကိုယ့္ရဲ႕ခ်စ္သူကို အတည္တက်
မယူရေသးသ၍ သူ႔ဘဝေလးကို
မဖ်က္ဆီးေလနဲ႔ တန္ဖိုးထားေပးပါ။
ယူၿပီးသြားရင္လည္း သစၥာရွိရွိ ၾကင္ၾကင္နာနာ
နားလည္မႈနဲ႔ ဘဝကို တည္ေဆာက္ၾကပါ။
မိမိမွာလည္း အမ၊ႏွမနဲ႔ အေမရွိခ်င္
ရွိမွာပဲမို႔ ကိုယ္ခ်င္းစာတတ္ပါေစလို႔
သားေကာင္း ရတနာမွ ေမတၱာေရွ႕ထား
ေရးသား ေဖာ္ျပလိုက္ရပါတယ္။
(မွတ္ခ်က္)
သားေကာင္း ရတနာတြင္ အေမ၊အမ၊ညီမ
သုံးဦးလုံး ရွိေနသည္ျဖစ္၍ ဤစာကို ပိုမို
ေရးသင့္သည္ ထင္မိပါသည္။
သားေကာင္း ရတနာ
{သဗၺဇယ မဂၤလာ}



