ၾကားသိရသမွ်
အမကြီးတော့အမိအရာ လူနာက ၁နှစ်ခွဲ လူနာစောင့်က၅နှစ် ညီမလေးနဲ့ ဆေးရုံလာတက်တဲ့ ရှမ်းပြည်က ညီအမနှစ်ယောက်
အမကြီးတော့အမိအရာ လူနာက ၁နှစ်ခွဲ လူနာစောင့်က၅နှစ် ညီမလေးနဲ့ ဆေးရုံလာတက်တဲ့ ရှမ်းပြည်က ညီအမနှစ်ယောက်
လူနာက ၁ နှစ်ခွဲ၊လူနာစောင့်က ၅ နှစ်လောက် ရှမ်းစကားလဲပြောတက်မယ့်ပုံမပေါက်ဘူး။
သူ့ညီမ ပုရွတ်ဆိတ်ကိုက်လို့တဲ့ဆေးရုံခေါ်လာတာ၊နေ့လယ်စာလဲ မစားရသေးဘူးနဲ့တူပါရဲ့၊ မုန့်ဝယ်ကျွေးတော့အားရပါးရစားကြတာ၊ ကိုယ်တွေတောင် သွားရည်တွေကျလို့ဗျာ၊
လူတွေပြောတဲ့အမကြီးတော့ အမိအရာ ဆိုတာ ဒါမျိုးနေမှာပါလေ။ လာတုန်းက နိုးလို့မရ ပျော့ခွေနေတဲ့ ညီမလေးနဲ့အင်္ကျီကြယ်သီးမပါတဲ့ မမပေါ့၊
နိုးလာတော့ အချိုရည်လေးအငမ်းမရသောက်၊ ညီမလေးလဲသောက် မမကြီးလဲသောက်၊ သူ့ညီမအားရှိပြီးနိုးလာလို့ စတိုင်ထုတ်လို့ရသွားရှာပြီ။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ်
Zawgyi