ၾကားသိရသမွ်

ကားမူးပြီး အန်တက်တဲ့ ကောင်မလေးကို ရန်ကုန်ကနေ မိုင် ၁၂၀ ကျော်ဝေးတဲ့ ကျိုက်ထီးရိုးကို စက်ဘီးနဲ့ သွားရောက် ဖူးမြော်ဖို့စိန်ခေါ်ခဲ့တဲ့ ကောင်လေး.

Unicode
ရန်ကုန်ကနေ မိုင် ၁၂၀ ကျော်ဝေးတဲ့ ကျိုက်ထီးရိုးကို စက်ဘီးနဲ့ သွားရောက် ဖူးမြော်ခြင်း အတွေ့အကြုံ..

ဘယ်သူ ယုံနိုင်မလဲနော်။ ဒီလိုစက်ဘီးနဲ့ အချိန်(၁၂)နာရီလောက်နင်းရတဲ့ ဒီလောက်ဝေးတဲ့ ကျိုက်ထီးရိုးဘုရားကို ချစ်တဲ့မိန်းကလေးကို တင်နင်းပြီး ရောက်အောင်သွားနိုင်တယ်ဆိုတာ ဘယ်သူထင်မလဲ..။

ကျေးဇူးပါ ကားမူးလို့ အန်တက်တဲ့ ကျွန်မကို ကားစီးပြီး သွားမယ်ဆို ဘယ်ခရီးမှ မသွားချင်ပါဘူးဆိုတဲ့ ကျွန်မကို (၃၀)ရက်နေညကပေါ့ (ကိုရေမိန်းမတော့ ဒီနှစ် ကျိုက်ထီရိုးဘုရား သွားချင်တယ် သိလားဆိုပြီး ဒီတိုင်းလေးဘဲပြောလိုက်တာ စက်ဘီးနဲ့ဆိုရင်ကော သွားနိုင်လားတဲ့။

ကိုယ့်ကိုယုံလားတဲ့ ကိုယ်ကနင်းနိုင်တယ် မင်းကထိုင်စီး ဖို့အဆင်ပြေမလားတဲ့လေ ဒါကိုယ်တို့ နှစ်ယောက်ရဲ့စမ်းသပ်မှုတစ်ခုနော် စွန့်စားခန်းဆိုလဲ ဟုတ်တယ်တဲ့ စမ်းကြည့်ကြမလားတဲ့လေ။ ကျွန်မလည်း အင်းလုပ်ကြည့်ကြတာပေါ့ အခက်အခဲတွေ ပြီးရင်တာ့ ပျော်ရွှင်စရာတွေ လာမှာဘဲ)

(၃၁) မနက် ၄ နာရီ ၄၅ မှာ စနင်းကြတယ်။ လမ်းမှာ tea time နားတာနဲ့ ထမင်းစားဖို့ နားတာကလွဲရင် ကျန်တဲ့အချိန်က စက်ဘီးပေါ်မှာဘဲ တောင်ခြေကင်ပွန်းစခန်းကို ညနေ ၄ နာရီ ၄၅ မှာရောက်ကြတယ်။ တလမ်းလုံးလဲ ဘာအစစ်အဆေးမှမရှိဘူး။ ညောင်ခါးရှည်မှာတော့ ကားတွေကို စစ်တာရှိတယ်။

ကိုယ်တွေကတော့ အစစ်မခံရဘူ..း။စပါပြီ စမ်းသပ်မှုကြီး စစ်တောင်းတံတားလဲကျော်ရော အမလေး လှိုင်းဂုံးနဲ့ တောင်တက်တောင်

ဆင်းတွေ အများကြီးဘဲ။ အတက်အဆင်းလဲ နဲနဲကြမ်းတယ်။ မုတ်ပလ္လင်မှာပေါ့ အဲကကျော်လာတော့ မြို့ရှောင်လမ်းကနေ ဆက်နင်းလာလိုက်တယ်။

ကျိုက်ထိုဘူတာကိုကျော်ပြီး ကင်ပွန်းစခန်းဆီသို့ ဆက်နင်းလာရော အဲမှာလဲ အတက်အဆင်း ကြမ်းတယ်။ အရမ်းပင်ပန်းတယ်။ ရောက်ပါပြီ။ ကင်ပွန်းစခန်း တောင်တက်ကားတေက မနက် ၆ ည ၆ ဘဲ အတက်အဆင်းရှိတယ် ကျွန်မတို့ရောက်တော့ နောက်ဆုံးကားနဲ့တောင်ပေါ်ကို တက်ကြပါတယ်။

တောင်ပေါ်မှာ အခန်းကြိုပြီး ဘိုကင်တင်ထားလိုက်တယ်လေ။ အခန်းခပေးစရာမလိုဘူး မနက်စာ နေလယ်စာ ညစာ အားလုံပေါင်းမှ တစ်ယောက်ကို (၁၂၀၀၀) ဘဲ ကျပါတယ် မနက်ကြ လျှောက်လည် ကျီးပါစပ်သွား (၁၂) နာရီမှာ ကျွန်မက တောင်တက်ကားစီးပြီး တောင်ခြေကို ဆင်းပါတယ်။

သူတို့ကတော့ ဇွဲကောင်းတယ် ခြေကျင်ဆင်းကြတယ်။ ၁ နာရီကစဆင်းတာ တောင်ခြေကို ညနေ ၅နာရီမှာရောက်ပါတယ် တောင်ခြေက (ကောင်းစံ)

စားသောက်ဆိုင်မှာ တစ်ညတည်းပါတယ်။ မနက် ၅ နာရီ မှာစက်ဘီးစနင်းပါတယ်။ရန်ကုန်ကို ညနေ ၅ ခွဲ ဝန်းကျင်လောက် ရွာသားကြီး

တိုးဂိတ်နားကို ရောက်ပါတယ်။ ဒါကတော့ အသွားအပြန်ခရီးလေးပါရှင့်။ ဒီခရီးလေးဟာ ကျွန်မနဲ့ သူရဲ့ စိန်ခေါ်မှု အောင်မြင်သော ခရီးတခုဆိုလည်း မမှားပါဘူးရှင့်..။

Credit