ေဗဒင္

ဒီဇင်ဘာ တလလုံး ဝင်ငွေတိုး၊ လာဘ်လာဘ ပွားများစေရန်

ဒီဇင်ဘာ တလလုံး စိတ်ချမ်းသာ၊ ဝင်ငွေတိုး၊ လာဘ်လာဘ ပွားများစေမယ့် အထူး ယတြာ

မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျား.. ယခုလ ဒီဇင်ဘာလ ၁၂ လပိုင်း တစ်လလုံး စိတ်ချမ်းသာစွာ နှင့် ဝင်ငွေ လာဘ်လာဘများပွား၍ အောင်မြင်တိုးတက်စေရန် အတွက် ပညာဒါနပြုလိုက်ပါတယ်။

လုပ်ရမှာလွယ်ကူရိုးရှင်းပြီး အောင်မြင် ထိရောက် အစွမ်းထက်ပါတယ်ခင်ဗျ။ အိမ်ဘုရားကျောင်းဆောင်မှာ လုပ်ထားရပါမည်။

အရင်ဦးစွာ စတီးလင်ပန်းတစ်ချပ်မှာ ဆားပုံ ၄ ပုံ ပုံပြီး အလည်တည့်တည့်တွင် နွားနို့တစ်ခွက်တင်ပြီး ဘုရားကပ်လှူ ပူဇော်ပါ။

ယတြာလုပ်ရမည့် အချိန်က နံက် ၆ နာရီမှ ၉ နာရီ ၄၅ မိနစ်အတွင်းနဲ့ ညနေ ၆ နာရီမှ ၉ နာရီ ၄၅ မိနစ်အတွင်း (တစ်ချိန်တည်းသာ လှူရပါမည်) ဤလအတွင်း မည်သည့်နေ့မဆို လုပ်နိုင်ပါတယ်ဗျာ။

ဒီဇင်ဘာလ တစ်လတာအတွင်းမှာ မည်သည့်နေ့မဆို မိမိနေအိမ်ဘုရားမှာ ၁။ ဝါးညွန့် (၉) ညွန့်၊ ၂။ ဒန်းညွန့် (၉) ညွန့်၊ ၃။ အနီရောင်ပန်း (၉) ပွင့်

ထိုပန်း ၃ မျိုးထဲက မိမိအဆင်ပြေရာ ပန်း အညွန့် တစ်မျိုးကို ဘုရား လှူပေးပါဗျာ.။ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကြီးပွားတိုးတက်အောင်မြင်ပါစေ ခင်ဗျား။

(မနောမယ)

Zawgyi

ဒီဇင္ဘာ တလလုံး စိတ္ခ်မ္းသာ၊ ဝင္ေငြတိုး၊ လာဘ္လာဘ ပြားမ်ားေစမယ့္ အထူး ယၾတာ

မိတ္ေဆြမ်ား မဂၤလာပါ ခင္ဗ်ား.. ယခုလ ဒီဇင္ဘာလ ၁၂ လပိုင္း တစ္လလုံး စိတ္ခ်မ္းသာစြာ ႏွင့္ ဝင္ေငြ လာဘ္လာဘမ်ားပြား၍ ေအာင္ျမင္တိုးတက္ေစရန္ အတြက္ ပညာဒါနျပဳလိုက္ပါတယ္။

လုပ္ရမွာလြယ္ကူ႐ိုးရွင္းၿပီး ေအာင္ျမင္ ထိေရာက္ အစြမ္းထက္ပါတယ္ခင္ဗ်။ အိမ္ဘုရားေက်ာင္းေဆာင္မွာ လုပ္ထားရပါမည္။

အရင္ဦးစြာ စတီးလင္ပန္းတစ္ခ်ပ္မွာ ဆားပုံ ၄ ပုံ ပုံၿပီး အလည္တည့္တည့္တြင္ ႏြားႏို႔တစ္ခြက္တင္ၿပီး ဘုရားကပ္လႉ ပူေဇာ္ပါ။

ယၾတာလုပ္ရမည့္ အခ်ိန္က နံက္ ၆ နာရီမွ ၉ နာရီ ၄၅ မိနစ္အတြင္းနဲ႔ ညေန ၆ နာရီမွ ၉ နာရီ ၄၅ မိနစ္အတြင္း (တစ္ခ်ိန္တည္းသာ လႉရပါမည္) ဤလအတြင္း မည္သည့္ေန႔မဆို လုပ္ႏိုင္ပါတယ္ဗ်ာ။

ဒီဇင္ဘာလ တစ္လတာအတြင္းမွာ မည္သည့္ေန႔မဆို မိမိေနအိမ္ဘုရားမွာ ၁။ ဝါးၫြန္႔ (၉) ၫြန္႔၊ ၂။ ဒန္းၫြန္႔ (၉) ၫြန္႔၊ ၃။ အနီေရာင္ပန္း (၉) ပြင့္

ထိုပန္း ၃ မ်ိဳးထဲက မိမိအဆင္ေျပရာ ပန္း အၫြန္႔ တစ္မ်ိဳးကို ဘုရား လႉေပးပါဗ်ာ.။ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာစြာျဖင့္ ႀကီးပြားတိုးတက္ေအာင္ျမင္ပါေစ ခင္ဗ်ား။

(မေနာမယ)