သတင္း

စစ်ကားဖြင့် ဆန္ဒပြပြည်သူများကို တိုက်ခိုက် သတ်ဖြတ်စဉ် သတင်းထောက် ၂ ဦး ဒဏ်ရာရရှိပြီး ဖမ်းဆီးခံထားရ၊ အမျိုးသမီးသတင်းထောက် အခြေအနေစိုးရိမ်ရ

စစ်ကားဖြင့် ဆန္ဒပြပြည်သူများကို တိုက်ခိုက် သတ်ဖြတ်စဉ် သတင်းထောက် ၂ ဦး ဒဏ်ရာရရှိပြီး ဖမ်းဆီးခံထားရ၊ အမျိုးသမီးသတင်းထောက် အခြေအနေစိုးရိမ်ရ

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို စစ်တပ်က စစ်ကားဖြင့် တိုက်၍ သတ်ဖြတ်စဉ် Myanmar

Press Photo Agency (MPA) မှ သတင်းထောက် ၂ ဦးလည်း ဒဏ်ရာရရှိပြီး အမျိုးသမီးသတင်းထောက်မှာ ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ဆန္ဒပြမှုဖြစ်စဉ်များကို လိုက်ပါ သတင်းရယူနေသူ Myanmar Pressphoto Agency ၏ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံ

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်ဖြစ်စဉ်တွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း

MPA ဘက်က သတင်းထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ကို

ကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့ ရောက်ရှိသတင်း ရယူခဲ့စဉ် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်အချို့က ကားနှင့်ဝင်တိုက်ပြီး ရက်စက်စွာ

အကြမ်းဖက် ဖြိုခွဲခဲ့ သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် ပေါ်ထွက်လာသော သတင်းဓာတ်ပုံများအရ ဒဏ်ရာရရှိသွားသည့် Myanmar

Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တွေ့မြင်ရပြီး မမှူးရတနာမှာ အဆက်အသွယ် မရဘဲ

ပျောက်ဆုံးနေကြောင်း ပြောသည်။

“ကျနော်တို့တွေ့တာတော့ သတင်းထောက်အမက ကတ်နဲ့ လူနာတင်ကားပေါ်တင်သွားတယ်။ ဒဏ်ရာ အခြေအနေ အရမ်းဆိုးတဲ့ပုံပဲဗျ” ဟု မျက်မြင်တွေ့ရှိသူ

တစ်ဦးက‌ ပြောသည်။

ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့သည် MPA သတင်းဌာနမှဖြစ်ပြီး လက်ရှိအချိန်တွင် သတင်းအစအန တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ မိသားစု

နှင့် မိတ်ဆွေများက စိတ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

zawgyi

စစ္ကားျဖင့္ ဆႏၵျပျပည္သူမ်ားကို တိုက္ခိုက္ သတ္ျဖတ္စဥ္ သတင္းေထာက္ ၂ ဦး ဒဏ္ရာရရွိၿပီး ဖမ္းဆီးခံထားရ၊ အမ်ိဳးသမီးသတင္းေထာက္ အေျခအေနစိုးရိမ္ရ

ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ပန္းပင္ႀကီးလမ္းတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနေသာ ျပည္သူမ်ားကို စစ္တပ္က စစ္ကားျဖင့္ တိုက္၍ သတ္ျဖတ္စဥ္ Myanmar

Press Photo Agency (MPA) မွ သတင္းေထာက္ ၂ ဦးလည္း ဒဏ္ရာရရွိၿပီး အမ်ိဳးသမီးသတင္းေထာက္မွာ ဒဏ္ရာ အလြန္ျပင္းထန္ေၾကာင္း သိရွိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ဆႏၵျပမႈျဖစ္စဥ္မ်ားကို လိုက္ပါ သတင္းရယူေနသူ Myanmar Pressphoto Agency ၏ ဓာတ္ပုံ သတင္းေထာက္ ကိုေကာင္းဆက္လင္းႏွင့္ ႐ုပ္သံ

သတင္းေထာက္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔ကို ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ ျဖစ္ပြားခဲ့သည့္ ၾကည့္ျမင္တိုင္ျဖစ္စဥ္တြင္ စစ္ေကာင္စီက ဖမ္းဆီးသြားခဲ့ေၾကာင္း

MPA ဘက္က သတင္းထုတ္ျပန္သည္။

ယေန႔ ဒီဇင္ဘာ ၅ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္းတြင္ ျပဳလုပ္ခဲ့သည့္ စစ္အာဏာရွင္ဆန႔္က်င္ေရးသပိတ္တြင္ ကို

ေကာင္းဆက္လင္းႏွင့္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔ ေရာက္ရွိသတင္း ရယူခဲ့စဥ္ စစ္ေကာင္စီလက္ေအာက္ခံ တပ္ဖြဲ႕ဝင္အခ်ိဳ႕က ကားႏွင့္ဝင္တိုက္ၿပီး ရက္စက္စြာ

အၾကမ္းဖက္ ၿဖိဳခြဲခဲ့ သည့္ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ၿပီး အဆိုပါျဖစ္စဥ္တြင္ ေပၚထြက္လာေသာ သတင္းဓာတ္ပုံမ်ားအရ ဒဏ္ရာရရွိသြားသည့္ Myanmar

Pressphoto Agency ၏ ဓာတ္ပုံသတင္းေထာက္ ကိုေကာင္းဆက္လင္းကို ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေတြ႕ျမင္ရၿပီး မမႉးရတနာမွာ အဆက္အသြယ္ မရဘဲ

ေပ်ာက္ဆုံးေနေၾကာင္း ေျပာသည္။

“က်ေနာ္တို႔ေတြ႕တာေတာ့ သတင္းေထာက္အမက ကတ္နဲ႔ လူနာတင္ကားေပၚတင္သြားတယ္။ ဒဏ္ရာ အေျခအေန အရမ္းဆိုးတဲ့ပုံပဲဗ်” ဟု မ်က္ျမင္ေတြ႕ရွိသူ

တစ္ဦးက‌ ေျပာသည္။

ကိုေကာင္းဆက္လင္းႏွင့္ မမႉးရတနာခက္မို႔မို႔ထြန္းတို႔သည္ MPA သတင္းဌာနမွျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ သတင္းအစအန တစ္စုံတစ္ရာရရွိျခင္းမရွိဘဲ မိသားစု

ႏွင့္ မိတ္ေဆြမ်ားက စိတ္ပူပန္လ်က္ရွိေၾကာင္း သိရွိရသည္။