မိိန္းကေလး အလွ အိပ္ယာ ထ တဲ႔။
ဒီ ဆိုရိုးရဲ႕ အဓိပၸါယ္ကိုိ မသိတဲ ႔သူေတြ ရွိေနၾက ပါလိမ့္ မယ္ ။
ေရွးလူႀကီးေတြရဲ႕ အဆိုအရ မိိန္္းကေလး ရယ္လို႔ ျဖစ္လာ ခဲ႔ၿပီ ဆိုိရင္
အရြယ္ေရာက္ လာလို႔ အိပ္ယာႏိုးတဲ႔ အခါမွာ ကိုယ္ လက္ သန္႔စင္မႈနဲ႔ အစျပဳ ရပါ တယ္ ။
ထိုိ႔ေနာက္
မိမိိအိမ္မွာ ရွိတဲ႔ ဘုရားအား ပန္း ေရခ်မ္း ၊ ဆီမီးပူေဇာ္ျခင္း ၊ဘုရားဝတ္ျပဳျခင္း ၊ ရွိခိုး ထိုက္သူ ရွိခိုးပူေဇာ္ျခင္း စတဲ့ အလံုးစံု ပူေဇာ္မႈေတြျဖင့္္ ေန႔သစ္မွာ မဂၤလာ ယူရ ပါတယ္ ။
မိိမိအိမ္ကို တံျမက္စည္း လွဲျခင္း ၊သန္႔ရွင္းမႈ အစုစုတို႔ျဖင့္ အိမ္၏ ဂုဏ္က်က္သေရ ျပည့္စံုေအာင္ ျပဳလုပ္ရ ပါတယ္ ။
ပုဗၺာစရိိယ မိႏွင့္ဖ ကလည္း မိမိ သမီးေလးမ်ားကို လက္ပြန္းတတီး သြန္သင္ ဆုံးမ ရပါတယ္ ။
ဒါမွလည္း မိမိိတို႔ သမီး မိန္းကေလးဟာ အမွန္တကယ္ လွပတဲ့ မိန္းကေလး စစ္စစ္ ျဖစ္ႏိုင္ ပါတယ္။
ဒါကို တစ္ခ်ိဳ႕က…တကယ္ လွတဲ့ မိန္ကေလးေတြက ၊အိပ္ယာ ထရင္ေတာင္ ၊ ကပိုကယို အလွေလးနဲ႔ လွေနတာလို႔ ထင္တတ္ၾက ပါတယ္ ။
တကယ္ေတာ့…မဟုတ္ ပါဘူး ။
ဟိုး…အရင္က ေရွးလူႀကီးေတြဟာ ကိုယ့္သားသမီးနဲ႔ လက္ထပ္ မယ့္ မိိန္းကေလး အိမ္ကို တစ္ရက္တန္္သည္ ႏွစ္ရက္ တန္ သည္ သြား အိပ္ တတ္ ၾက သ တဲ႔ ။
အမွန္က ေလ့လာေရး ခရီးေပါ့ေနာ္…
အထက္က ေျပာခဲ႔သလိုိ အဲဒီ မိန္းကေလးက လုပ္ခဲ႔ရင္္ ဒါဟာ သူတို႔ သတ္ မွတ္ ထားတဲ႔
” မိန္းကေလး အလွ အိပ္ယာ ထ ” ျမင္ေတြ႔ ရမွသာ…
သူတို႔ိရဲ႕ အဖိုးတန္ ေခြ်းမ အျဖစ္္ သတ္ မွတ္ ၾက ပါ တယ္ ။
ဒီေလာက္ဆိုရင္…
” မိန္းကေလးအလွ အိပ္ယာထ ” ဆိုတဲ႔ စကားကို အားလံုး သေဘာေပါက္ၾက လိမ့္မယ္ ထင္ ပါ တယ္ ။
Credit:ေမတၱာျဖင့္…အရွွင္ပုည( ဝကုန္း )
Unicode
မိန်းကလေးအလှ အိပ်ယာထ၏ အဓိပ္ပါယ်
မိန်းကလေး အလှ အိပ်ယာ ထ တဲ့။
ဒီ ဆိုရိုးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူတွေ ရှိနေကြ ပါလိမ့် မယ် ။
ရှေးလူကြီးတွေရဲ့ အဆိုအရ မိန်းကလေး ရယ်လို့ ဖြစ်လာ ခဲ့ပြီ ဆိုရင်
အရွယ်ရောက် လာလို့ အိပ်ယာနိုးတဲ့ အခါမှာ ကိုယ် လက် သန့်စင်မှုနဲ့ အစပြု ရပါ တယ် ။
ထို့နောက်
မိမိအိမ်မှာ ရှိတဲ့ ဘုရားအား ပန်း ရေချမ်း ၊ ဆီမီးပူဇော်ခြင်း ၊ဘုရားဝတ်ပြုခြင်း ၊ ရှိခိုး ထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့ အလုံးစုံ ပူဇော်မှုတွေဖြင့် နေ့သစ်မှာ မင်္ဂလာ ယူရ ပါတယ် ။
မိမိအိမ်ကို တံမြက်စည်း လှဲခြင်း ၊သန့်ရှင်းမှု အစုစုတို့ဖြင့် အိမ်၏ ဂုဏ်ကျက်သရေ ပြည့်စုံအောင် ပြုလုပ်ရ ပါတယ် ။
ပုဗ္ဗာစရိယ မိနှင့်ဖ ကလည်း မိမိ သမီးလေးများကို လက်ပွန်းတတီး သွန်သင် ဆုံးမ ရပါတယ် ။
ဒါမှလည်း မိမိတို့ သမီး မိန်းကလေးဟာ အမှန်တကယ် လှပတဲ့ မိန်းကလေး စစ်စစ် ဖြစ်နိုင် ပါတယ်။
ဒါကို တစ်ချို့က…တကယ် လှတဲ့ မိန်ကလေးတွေက ၊အိပ်ယာ ထရင်တောင် ၊ ကပိုကယို အလှလေးနဲ့ လှနေတာလို့ ထင်တတ်ကြ ပါတယ် ။
တကယ်တော့…မဟုတ် ပါဘူး ။
ဟိုး…အရင်က ရှေးလူကြီးတွေဟာ ကိုယ့်သားသမီးနဲ့ လက်ထပ် မယ့် မိန်းကလေး အိမ်ကို တစ်ရက်တန်သည် နှစ်ရက် တန် သည် သွား အိပ် တတ် ကြ သ တဲ့ ။
အမှန်က လေ့လာရေး ခရီးပေါ့နော်…
အထက်က ပြောခဲ့သလို အဲဒီ မိန်းကလေးက လုပ်ခဲ့ရင် ဒါဟာ သူတို့ သတ် မှတ် ထားတဲ့
” မိန်းကလေး အလှ အိပ်ယာ ထ ” မြင်တွေ့ ရမှသာ…
သူတို့ိရဲ့ အဖိုးတန် ချွေးမ အဖြစ် သတ် မှတ် ကြ ပါ တယ် ။
ဒီလောက်ဆိုရင်…
” မိန်းကလေးအလှ အိပ်ယာထ ” ဆိုတဲ့ စကားကို အားလုံး သဘောပေါက်ကြ လိမ့်မယ် ထင် ပါ တယ် ။
Credit:မေတ္တာဖြင့်…အရှင်ပုည( ဝကုန်း )