ထောပတ်သီးကြိုက်နှစ်သက်သူတွေအတွက် သိထားသင့်တဲ့အရာများ
၁။ ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့ဒါထောပတ်သီးစားသူတိုင်း သိထားရမဲ့အချက်ပါနော်( ရေလုံးဝမထိရပါဘူး။)အညှာထဲရေဝင်ရင် အမျှင်မဲတွေပေါ်လာပြီးပုတ်တတ်ပါတယ်။တကယ်လို့ ဘုရားကပ်မယ်။လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆိုရင်တော့ tissue အစိုနဲ့သုတ်ပြီး။အဝတ်ခြောက်ဖြင့်သေချာစွာ သုပ်ပေးပါ။သူ့အရောင်အလိုလိုတက်လာပါမယ်။တချို့ရောင်းတန်းတွေမှာ အသီးကိုပြောင်လက်နေအောင် သုတ်ထားတာက အသီးအမှည့်နားက အသားနဲ့ပြန်သုတ်တာပါ။အသီးကြောတင်းပြီး စားမကောင်းတော့ပါ။ကျမ ရောင်းသမျှအသီး မြေကြီး ပေနေတောင် လုံးဝ မသုတ်ပေးပဲသဘာဝအတိုင်းပဲရောင်းပါတယ်။
၂။အမြန်မှည့်ရန်ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့ သတင်းစာနဲ့တလုံးချင်းပတ်။နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါဖာထဲ ငှက်ပျောသီးအမှည့် ၁ လုံးထည့်ထားပါ။အသီးအရမ်းစိမ်းရင် ၃ ရက်။မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။ ချိန်ဆဖွင့်ပါ။ဆန်အိုးထဲမထားရပုတ်လွယ်သည်။၃။အမှည့်မလွန်ပါနဲ့အညှာလေး ဖယ်ကျိလို့ အဝါရောင်သန်းနေ နည်းနည်းအိရင်ရပါပီ။ဒီနေ့မှာ တလုံးမှည့်တယ်။ စားမှာက ၂လုံးနောက်ရက်မှ ၂ လုံး တခါတည်းစားမယ်။ မရပါဘူးနော်အမှည့်လွန်ရင် ဘယ်အသီးမှ စားမရသလို ပစ်ရပါလိမ့်မယ်။မာယာ များတဲ့ထောပတ်သီးကို သေချာ ဂရုစိုက်စားပါက အကောင်းဆုံး အရသာ ရပါမယ်နော်။
၄။မှည့်နေသော အသီးအား ကြာကြာထားနည်းဒါကတော့ မခက်ခဲပါဘူး။ဗူးသန့်သန့် ဇွန်းသန့်သန့်နဲ့ရေခဲသေတ္တာရှိရင် ok ပါတယ်။မှည့်နေတဲ့ အသီးတွေကို ဗူး တခုထဲ ဇွန်းလေးနဲ့သေချာခြစ်ချ သိပ်သိပ်လေးလုပ်အဖုံးလေးဖုံးပြီး ရေခဲထဲထည့်ထားရင်ကြာကြာထားစားလို့ရပါတယ်။အဓိက လေလုံနေဖို့ပါ။စားခါနီး အပေါ်ယံလွှာလေးမဲ နေရင်တောင် ဇွန်းလေးနဲ့ အသာဖယ်ပီး လိုသလိုအသုံးပြုရုံပါရှင့်။
မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ်ဆီလေးသုတ်ထားပါနော်အဓိက က အသီး ကို ရေထိရင် ပုတ်ဖို့ 99%သေချာပါပီရှင့်ချက်ချင်းစားချင်ရင် အသီးတလုံးလုံးကို အသာဖျစ်ကြည့်ပါအနည်းငယ်အိရင် အကောင်းဆုံးပါ။
မာတောင်နေရင် တရက်နှစ်ရက်သုံးရဖျစ်ကြည့်လို့ အိဝင်သွားရင် ချက်ခြင်းဖျော်/စားဖို့ အသင့်ဖြစ်နေပါပြီ။ သို့မဟုတ် အမှည့်လွန် ပျက်ပါတော့မယ်ရှင့်
ေထာပတ္သီးႀကိဳက္ႏွစ္သက္သူေတြအတြက္ သိထားသင့္တဲ့အရာမ်ား
၁။ ေရ လုံးဝ ( လုံးဝ ) မထိပါနဲ႔ဒါေထာပတ္သီးစားသူတိုင္း သိထားရမဲ့အခ်က္ပါေနာ္( ေရလုံးဝမထိရပါဘူး။)အညႇာထဲေရဝင္ရင္ အမွ်င္မဲေတြေပၚလာၿပီးပုတ္တတ္ပါတယ္။တကယ္လို႔ ဘုရားကပ္မယ္။လက္ေဆာင္ေပးမွာမို႔ လွခ်င္တယ္ဆိုရင္ေတာ့ tissue အစိုနဲ႔သုတ္ၿပီး။အဝတ္ေျခာက္ျဖင့္ေသခ်ာစြာ သုပ္ေပးပါ။သူ႔အေရာင္အလိုလိုတက္လာပါမယ္။တခ်ိဳ႕ေရာင္းတန္းေတြမွာ အသီးကိုေျပာင္လက္ေနေအာင္ သုတ္ထားတာက အသီးအမွည့္နားက အသားနဲ႔ျပန္သုတ္တာပါ။အသီးေၾကာတင္းၿပီး စားမေကာင္းေတာ့ပါ။က်မ ေရာင္းသမွ်အသီး ေျမႀကီး ေပေနေတာင္ လုံးဝ မသုတ္ေပးပဲသဘာဝအတိုင္းပဲေရာင္းပါတယ္။
၂။အျမန္မွည့္ရန္ေထာပတ္သီးကို အျမန္မွည့္ခ်င္ရင္ေတာ့ သတင္းစာနဲ႔တလုံးခ်င္းပတ္။ေနလုံ ေလလုံတဲ့ ဂ်ပ္ဖာထဲထည့္ထားပါဖာထဲ ငွက္ေပ်ာသီးအမွည့္ ၁ လုံးထည့္ထားပါ။အသီးအရမ္းစိမ္းရင္ ၃ ရက္။မစိမ္းရင္ ၂ ရက္ လုံးဝမဖြင့္ပါနဲ႔။ ခ်ိန္ဆဖြင့္ပါ။ဆန္အိုးထဲမထားရပုတ္လြယ္သည္။၃။အမွည့္မလြန္ပါနဲ႔အညႇာေလး ဖယ္က်ိလို႔ အဝါေရာင္သန္းေန နည္းနည္းအိရင္ရပါပီ။ဒီေန႔မွာ တလုံးမွည့္တယ္။ စားမွာက ၂လုံးေနာက္ရက္မွ ၂ လုံး တခါတည္းစားမယ္။ မရပါဘူးေနာ္အမွည့္လြန္ရင္ ဘယ္အသီးမွ စားမရသလို ပစ္ရပါလိမ့္မယ္။မာယာ မ်ားတဲ့ေထာပတ္သီးကို ေသခ်ာ ဂ႐ုစိုက္စားပါက အေကာင္းဆုံး အရသာ ရပါမယ္ေနာ္။
၄။မွည့္ေနေသာ အသီးအား ၾကာၾကာထားနည္းဒါကေတာ့ မခက္ခဲပါဘူး။ဗူးသန႔္သန႔္ ဇြန္းသန႔္သန႔္နဲ႔ေရခဲေသတၱာရွိရင္ ok ပါတယ္။မွည့္ေနတဲ့ အသီးေတြကို ဗူး တခုထဲ ဇြန္းေလးနဲ႔ေသခ်ာျခစ္ခ် သိပ္သိပ္ေလးလုပ္အဖုံးေလးဖုံးၿပီး ေရခဲထဲထည့္ထားရင္ၾကာၾကာထားစားလို႔ရပါတယ္။အဓိက ေလလုံေနဖို႔ပါ။စားခါနီး အေပၚယံလႊာေလးမဲ ေနရင္ေတာင္ ဇြန္းေလးနဲ႔ အသာဖယ္ပီး လိုသလိုအသုံးျပဳ႐ုံပါရွင့္။
မနက္က တျခမ္းစားတယ္ တျခမ္းက်န္တာ ညေနမွ စားမယ္ဆိုရင္ေတာ့ က်န္တျခမ္းေပၚဆီေလးသုတ္ထားပါေနာ္အဓိက က အသီး ကို ေရထိရင္ ပုတ္ဖို႔ 99%ေသခ်ာပါပီရွင့္ခ်က္ခ်င္းစားခ်င္ရင္ အသီးတလုံးလုံးကို အသာဖ်စ္ၾကည့္ပါအနည္းငယ္အိရင္ အေကာင္းဆုံးပါ။
မာေတာင္ေနရင္ တရက္ႏွစ္ရက္သုံးရဖ်စ္ၾကည့္လို႔ အိဝင္သြားရင္ ခ်က္ျခင္းေဖ်ာ္/စားဖို႔ အသင့္ျဖစ္ေနပါၿပီ။ သို႔မဟုတ္ အမွည့္လြန္ ပ်က္ပါေတာ့မယ္ရွင့္