Credit – MYANMAR LOAD
UNICODE
သွေးမြေကျခဲ့ရတဲ့ ရန်ကုန်အတွက် မီးလျှံလိုအားနဲ့ ပြန်ရုန်းထဖို့ သီချင်းရေးမယ်ဆိုတဲ့ Novem Htoo
Metal သီချင်းတွေနဲ့ ပရိသတ်ကို ဖမ်းစားခဲ့တဲ့ Novem ထူးဟာ နွေဦးတော်လှန်ရေးမှာလည်း အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်နေသူတစ်ဦးပါ။ မနေ့က ရန်ကုန်မှာ သူရဲကောင်းတို့ သွေးမြေကျခဲ့ရတဲ့အတွက် တစ်တိုင်းပြည်လုံး တောရောမြို့ပါ ကြိမ်မီးအုံးသလို ပူဆွေးသောကရောက်ခဲ့ရပါတယ်။
ဒီထဲမှာ Novem ထူးတို့လို အဝေးရောက် အနုပညာရှင်တွေလည်း အပါအဝင်ပေါ့။ အနုပညာရှင် Novem ထူးဟာ တာဝန်တွေ မအားလပ်တဲ့ကြားထဲကနေ သီချင်းတွေကို ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ “နွေဦးပျောက်ကျား” အမည်ရ သီချင်းရဲ့ Teaser ကို သူ့ facebook မှာ ချပြခဲ့ပါသေးတယ်။
အခုလည်း ရန်ကုန်သားတွေ ဆက်အားတင်းထားဖို့ ဒီည သီချင်းရေးနေပြီဆိုပြီး သူ့ facebook မှာ ဖော်ပြခဲ့ပါတယ်။ သွေးမြေခပေမယ့် မီးပုံကြားက ပြန်လည်နိုးထလာမယ့် ရန်ကုန်ဖီးနစ်ငှက်များ ဆိုပြီး အားရစရာ တင်ထားခဲ့ပါတယ်။ နားဆင်ခံစားမယ့် ပရိသတ်တွေက အဆင်သင့် ဖြစ်နေကြပါပြီ။
Credit – MYANMAR LOAD