ၾကားသိရသမွ်

မိခင်က ငိုပြီးတားတဲ့ကြားက ရဟန်းဝတ်ပြီး မြန်မာနိုင်ငံမှာ သီတင်းသုံးနေတဲ့ နယ်သာလန်က ဦးအဂ္ဂ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ

မိခင္က ငိုၿပီးတားတဲ့ၾကားက ရဟန္းဝတ္ၿပီး ျမန္မာႏိုင္ငံမွာ သီတင္းသုံးေနတဲ့ နယ္သာလန္က ဦးအဂၢ

ေမာ္လၿမိဳင္က အျပန္ သထုံ ေ႐ႊဆံေတာ္ ဘုရားေရွ႕ ကားႀကဳံတားေနတာ ေရွ႕က ကားက ရပ္မေပးတာေတြ႕လို႔ ကိုယ္ေတြက ရပ္ပီး ေမး

လိုက္မိတာ လွည္းကူးကို တဲ့။ အဲ့အခ်ိန္မွာ သဃၤန္းကို လက္ကေတာ့ထိုး အျပည့္႐ုံထားပီး ေျခဗလာနဲ႔ ကဲ ကားေပၚတင္ေခၚ လမ္းႀကဳံ

ေပါ့.. ေမးၾကည့္တာ ဘယ္ကလဲ ဆိုေတာ့ နယ္သာလန္ ကတဲ့ ရန္ကုန္ကို ဗီဇာ အတြက္ သြားမွာတဲ့ ..

သထုံ ေတာရမွာ ဝါဆိုမွာတဲ့ ဗမာစကားကို ႀကိဳးစားပီးေျပာရွာတယ္။ကိုယ္လဲ နဲနဲပါးပါး ေထာပတ္ေလခ်ဥ္တက္ေတာ့(အဂၤလိပ္စကားနဲနဲ

တတ္တာကို ေျပာတာပါ) ဝမ္းသာပီး ေပ်ာ္လို႔ အဲဒါနဲ႔ ေထာပတ္အိုးကို ငပိေကာ္တဲ့ ေယာင္းမ နဲ႔ ေမႊရင္းစပ္စုပါေလေရာ… အခ်ဳပ္ေျပာရရင္

… သဃၤန္း ( သံဃာရဲ႕ ယူနီေဖါင္း ) လက္ကေတာ့ထိုး ေသခ်ာ႐ုံထားတယ္။

ဖိနပ္မစီးဘူး။ကားေနာက္ခန္းက ထိုင္လာတယ္ အပိုစကားမေျပာ မ်က္လႊာခ် သီတင္းသုံးလာတယ္။အေဖအေမ က မကန႔္ကြက္ဖူးလားေမး

ေတာ့ အေမကငိုတယ္ သားေလးတေယာက္ စြန႔္ပစ္လိုက္ရလို႔ ဆိုသတဲ့။အသက္ေမးေတာ့ ( ၃၇ )ရဟန္းဝါ က ( ၈ ) ဝါတဲ့။ ဦးဂိုအင္

ကာ ဆီမွာ တရားစထိုင္ရင္းက စတာတဲ့ အရင္ဆုံး မုံ႐ြာဖက္က မဟာၿမိဳင္ေတာနက္ထဲမွာစၿပီးသီတင္းသုံးခဲ့တာတဲ့…

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးရဲ႕ေက်ာင္းနဲ႔ သူေနတဲ့ ေနရာက ၄၅မိနစ္ေလာက္ခရီးရွိသတဲ့… ၂ ႀကိမ္ ဖူးခြင့္ရခဲ့သတဲ့… သူဆရာေတာ္ႀကီးကို

ဖူးရခ်ိန္မွာ သူရခဲ့တာေလးကို ရွင္းျပတာေတာ့…..(အဲ့မွာ ဘာမွမရွိဘူး …ဒါေပမယ့္အားလုံးရွိတယ္)(အကုန္ရွိတယ္… ဘာမွေတာ့မရွိဘူး)တဲ့

တစ္ခုေျပာေသးတယ္ သူေရာက္စတုံးက မဟာၿမိဳင္ေတာ ဆိုတာ ေတာနက္ (Jungle) ပါတဲ့

သူအဲ့ကေနျပန္ခဲ့တဲ့အခ်ိန္မွာ ေျပာင္သလင္းခါေနပီတဲ့ အိုင္အမ္ဆိုးဆက္ဒ္တဲ့…ရွက္စရာေကာင္းလိုက္တာ လမ္းမွာ Feel စားေသာက္ဆိုင္

ခန ဝင္နားေတာ့ ေဘးဝိုင္းက လူေတြက သူကားေပၚျပန္ႂကြခါနီး ပိုက္ဆံလႉတာကို လက္မခံဘူး ပိုက္ဆံမကိုင္ပါဘူးတဲ့ကဲ။ျမန္မာ လူမ်ိဳး

ဘုန္းႀကီးဆိုတဲ့ ဘဲတို႔….ဖိနပ္မစီးတဲ့သံဃာနဲ႔ Lexus နံပါတ္ျပားအဝါ နဲ႔မွဆိုတဲ့ …ဘုန္းႀကီး ငနဲတို႔..ဘယ္လိုေတြေတာင္ ကြာျခားေနတာလဲ

ဒီလိုနဲ႔ ပဲခူးေရာက္ခါနီး ဝါဆိုလျပည့္ေန႔ နီးလို႔ ဝါဆိုသဃၤန္း ကပ္ပါရေစဆိုေတာ့ ရပါတယ္တဲ့..တခုေတာ့ေျပာတယ္ ..မင္းသေဘာပါတဲ့

တကယ္ေတာ့ ငါ့မွာ သဃၤန္းေတြ ဆိုတာ အမ်ားႀကီးပိုေနတာမလိုဘူးတဲ့.. ကိုယ္ပတ္ ဆိုတဲ့ ခ်ည္သားအပိုင္းေလးရရင္ ပဲ အဆင္ေျပပါၿပီ

တဲ့ အခင္းလိုပဲ ခင္းတာျဖစ္ျဖစ္ … သထုံ ဖက္က မိုးမ်ားလို႔ အကာေလးပဲ ျဖစ္ပေစတဲ့

အဲတာနဲ႔ ပဲခူးၿမိဳ႕က နာမည္ႀကီး သဃၤန္းဆိုင္ ၂ဆိုင္ အထိပင့္ၿပီး သူလိုခ်င္တဲ့ ကိုယ္ပတ္ သ ဃၤန္းအပိုင္း ခ်ည္သားစစ္စစ္ ရဖို႔ လိုက္ဝယ္

တာ အဲ့ဆိုင္ေတြက စပန႔္သားကို ခ်ည္သားပါဆိုပီးအတင္း ေျပာေရာင္းတယ္သူကလဲ တကယ့္ အေသအခ်ာ အလုပ္တခု ကို လုပ္တဲ့သူ

ပီပီ သူသဃၤန္း အစနဲ႔ကို ယွဥ္ျပေသးတာ…ရွက္စရာေကာင္းပါတယ္။က်ေနာ္တို႔လူမ်ိဳးေတြ ႏိုင္ငံျခားသား ဘုန္းႀကီး ပါကြာ..သာမန္

သူေတာင္းစားဘုန္းႀကီးအဆင့္ေလာက္ထင္ၿပီး ဂ်င္းထဲ့ခ်င္တာ

ဒါေတာင္ နိဗၺာန္ကုန္ေရာင္းေနတာ သူကသေဘာထားႀကီးစြာနဲ႔ က်ေနာ္ သိပ္လႈခ်င္ေနမွန္းသိလို႔ လက္ခံလိုက္တယ္။ဆိုင္ျပန္သြင္းလို႔ရမယ့္

သဃၤန္းမဟုတ္ဘူးေနာ္ ပုဆိုးပိုင္း လူေသ လႊမ္းတဲ့အဝတ္စပိုင္းေလာက္ ဟာေလးေနာ္…ခ်ည္သားအစစ္ မိတ္အင္ထိုင္းလန္းဆိုပီး … ငရဲမွာ

ေတာင္ ကြၽန္စိတ္ေမြးတာ ဗမာ ဗုဒၶဘာသာအခ်ိဳ႕က လိမ္ေရာင္းတာ (အိဒမ္ေမပုံညံ နိဗာန္နသ ပစ္စေယာေဟာတု )လို႔ က်ေနာ္ကို လိုက္

ဆိုခိုင္းၿပီး အဲ့အဝတ္စ ကိုယ္ပတ္ကို အလႈခံသြားတာ

က်ေနာ္ေမးတယ္ ပိုက္ဆံ မကိုင္ ဖိနပ္မစီး ဒီလိုပဲ တေနရာကတေနရာကို ႂကြေနလားဆိုေတာ့ ပိုက္ဆံေပး လိုင္းကားစီးေတာ့ အေပးအယူ

သေဘာတဲ့ သူက်ေနာ္ေရွ႕က ကားရပ္မေပးဘဲ က်ေနာ္က ရပ္ေပးလိုက္ပို႔ လႈဒါန္းတာ ဒီအခြင့္အေရးကို သူ လူေတြကို ေပးထားၿပီးသားတဲ့

က်ေနာ္က ယူတတ္လို႔ ရတာတဲ့ … မယူႏိုင္တဲ့သူကသာမရတာတဲ့ ဘဝမွာ အေက်နပ္ဆုံးပါ ။

Credit Original Writer

Unicode ဖြင့်ဖတ်ပါ

မိခင်က ငိုပြီးတားတဲ့ကြားက ရဟန်းဝတ်ပြီး မြန်မာနိုင်ငံမှာ သီတင်းသုံးနေတဲ့ နယ်သာလန်က ဦးအဂ္ဂ

မော်လမြိုင်က အပြန် သထုံ ရွှေဆံတော် ဘုရားရှေ့ ကားကြုံတားနေတာ ရှေ့က ကားက ရပ်မပေးတာတွေ့လို့ ကိုယ်တွေက ရပ်ပီး မေးလိုက်မိတာ လှည်းကူးကို တဲ့။ အဲ့အချိန်မှာ သင်္ဃန်းကို လက်ကတော့ထိုး အပြည့်ရုံထားပီး ခြေဗလာနဲ့ ကဲ ကားပေါ်တင်ခေါ် လမ်းကြုံပေါ့.. မေးကြည့်တာ ဘယ်ကလဲ ဆိုတော့ နယ်သာလန် ကတဲ့ ရန်ကုန်ကို ဗီဇာ အတွက် သွားမှာတဲ့ ..

သထုံ တောရမှာ ဝါဆိုမှာတဲ့ ဗမာစကားကို ကြိုးစားပီးပြောရှာတယ်။ကိုယ်လဲ နဲနဲပါးပါး ထောပတ်လေချဉ်တက်တော့(အင်္ဂလိပ်စကားနဲနဲတတ်တာကို ပြောတာပါ) ဝမ်းသာပီး ပျော်လို့ အဲဒါနဲ့ ထောပတ်အိုးကို ငပိကော်တဲ့ ယောင်းမ နဲ့ မွှေရင်းစပ်စုပါလေရော… အချုပ်ပြောရရင် … သင်္ဃန်း ( သံဃာရဲ့ ယူနီဖေါင်း ) လက်ကတော့ထိုး သေချာရုံထားတယ်။

ဖိနပ်မစီးဘူး။ကားနောက်ခန်းက ထိုင်လာတယ် အပိုစကားမပြော မျက်လွှာချ သီတင်းသုံးလာတယ်။အဖေအမေ က မကန့်ကွက်ဖူးလားမေးတော့ အမေကငိုတယ် သားလေးတယောက် စွန့်ပစ်လိုက်ရလို့ ဆိုသတဲ့။အသက်မေးတော့ ( ၃၇ )ရဟန်းဝါ က ( ၈ ) ဝါတဲ့။ ဦးဂိုအင်ကာ ဆီမှာ တရားစထိုင်ရင်းက စတာတဲ့ အရင်ဆုံး မုံရွာဖက်က မဟာမြိုင်တောနက်ထဲမှာစပြီးသီတင်းသုံးခဲ့တာတဲ့…

မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ကျောင်းနဲ့ သူနေတဲ့ နေရာက ၄၅မိနစ်လောက်ခရီးရှိသတဲ့… ၂ ကြိမ် ဖူးခွင့်ရခဲ့သတဲ့… သူဆရာတော်ကြီးကို ဖူးရချိန်မှာ သူရခဲ့တာလေးကို ရှင်းပြတာတော့…..(အဲ့မှာ ဘာမှမရှိဘူး …ဒါပေမယ့်အားလုံးရှိတယ်)(အကုန်ရှိတယ်… ဘာမှတော့မရှိဘူး)တဲ့တစ်ခုပြောသေးတယ် သူရောက်စတုံးက မဟာမြိုင်တော ဆိုတာ တောနက် (Jungle) ပါတဲ့

သူအဲ့ကနေပြန်ခဲ့တဲ့အချိန်မှာ ပြောင်သလင်းခါနေပီတဲ့ အိုင်အမ်ဆိုးဆက်ဒ်တဲ့…ရှက်စရာကောင်းလိုက်တာ လမ်းမှာ Feel စားသောက်ဆိုင် ခန ဝင်နားတော့ ဘေးဝိုင်းက လူတွေက သူကားပေါ်ပြန်ကြွခါနီး ပိုက်ဆံလှူတာကို လက်မခံဘူး ပိုက်ဆံမကိုင်ပါဘူးတဲ့ကဲ။မြန်မာ လူမျိုး ဘုန်းကြီးဆိုတဲ့ ဘဲတို့….ဖိနပ်မစီးတဲ့သံဃာနဲ့ Lexus နံပါတ်ပြားအဝါ နဲ့မှဆိုတဲ့ …ဘုန်းကြီး ငနဲတို့..ဘယ်လိုတွေတောင် ကွာခြားနေတာလဲ

ဒီလိုနဲ့ ပဲခူးရောက်ခါနီး ဝါဆိုလပြည့်နေ့ နီးလို့ ဝါဆိုသင်္ဃန်း ကပ်ပါရစေဆိုတော့ ရပါတယ်တဲ့..တခုတော့ပြောတယ် ..မင်းသဘောပါတဲ့ တကယ်တော့ ငါ့မှာ သင်္ဃန်းတွေ ဆိုတာ အများကြီးပိုနေတာမလိုဘူးတဲ့.. ကိုယ်ပတ် ဆိုတဲ့ ချည်သားအပိုင်းလေးရရင် ပဲ အဆင်ပြေပါပြီတဲ့ အခင်းလိုပဲ ခင်းတာဖြစ်ဖြစ် … သထုံ ဖက်က မိုးများလို့ အကာလေးပဲ ဖြစ်ပစေတဲ့

အဲတာနဲ့ ပဲခူးမြို့က နာမည်ကြီး သင်္ဃန်းဆိုင် ၂ဆိုင် အထိပင့်ပြီး သူလိုချင်တဲ့ ကိုယ်ပတ် သ င်္ဃန်းအပိုင်း ချည်သားစစ်စစ် ရဖို့ လိုက်ဝယ်တာ အဲ့ဆိုင်တွေက စပန့်သားကို ချည်သားပါဆိုပီးအတင်း ပြောရောင်းတယ်သူကလဲ တကယ့် အသေအချာ အလုပ်တခု ကို လုပ်တဲ့သူ ပီပီ သူသင်္ဃန်း အစနဲ့ကို ယှဉ်ပြသေးတာ…ရှက်စရာကောင်းပါတယ်။ကျနော်တို့လူမျိုးတွေ နိုင်ငံခြားသား ဘုန်းကြီး ပါကွာ..သာမန် သူတောင်းစားဘုန်းကြီးအဆင့်လောက်ထင်ပြီး ဂျင်းထဲ့ချင်တာ

ဒါတောင် နိဗ္ဗာန်ကုန်ရောင်းနေတာ သူကသဘောထားကြီးစွာနဲ့ ကျနော် သိပ်လှုချင်နေမှန်းသိလို့ လက်ခံလိုက်တယ်။ဆိုင်ပြန်သွင်းလို့ရမယ့် သင်္ဃန်းမဟုတ်ဘူးနော် ပုဆိုးပိုင်း လူသေ လွှမ်းတဲ့အဝတ်စပိုင်းလောက် ဟာလေးနော်…ချည်သားအစစ် မိတ်အင်ထိုင်းလန်းဆိုပီး … ငရဲမှာတောင် ကျွန်စိတ်မွေးတာ ဗမာ ဗုဒ္ဓဘာသာအချို့က လိမ်ရောင်းတာ (အိဒမ်မေပုံညံ နိဗာန်နသ ပစ်စယောဟောတု )လို့ ကျနော်ကို လိုက်ဆိုခိုင်းပြီး အဲ့အဝတ်စ ကိုယ်ပတ်ကို အလှုခံသွားတာ

ကျနော်မေးတယ် ပိုက်ဆံ မကိုင် ဖိနပ်မစီး ဒီလိုပဲ တနေရာကတနေရာကို ကြွနေလားဆိုတော့ ပိုက်ဆံပေး လိုင်းကားစီးတော့ အပေးအယူ သဘောတဲ့ သူကျနော်ရှေ့က ကားရပ်မပေးဘဲ ကျနော်က ရပ်ပေးလိုက်ပို့ လှုဒါန်းတာ ဒီအခွင့်အရေးကို သူ လူတွေကို ပေးထားပြီးသားတဲ့ ကျနော်က ယူတတ်လို့ ရတာတဲ့ … မယူနိုင်တဲ့သူကသာမရတာတဲ့ ဘဝမှာ အကျေနပ်ဆုံးပါ ။

Credit Original Writer