ၾကားသိရသမွ်
လမ်းပေါ်မှာ ဖုန်းစစ်ရင် ဘယ်လိုလုပ်ရမလဲ…
လမ်းပေါ်မှာဖုန်းစစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ရှေ့နေသူငယ်ချင်းရဲ့ အကြံပေးချက်ပါ။ သေချာ ဖတ်ထားကြပါနော် …
လမ်းမှာ တွေ့တဲ့သူ ရပ်ခိုင်းပြီးဖုန်းတွေ စစ်တယ်လို့ သတင်းတွေကြားပါတယ် …
အဲ့ဒါ ပြသနာ အကြီးကြီးရှိတယ်။ ဖုန်းထဲက အချက်အလက်ပေါ်မူတည်ပြီး တပ်ချင်တဲ့ ပုဒ်မတပ်လို့ရသွား နိုင်ပါတယ် …
ဥပဒေနှင့်အညီတွေဘာတွေ အယုံအကြည်မရှိတော့ပေမယ့် လိုအပ်လို လိုအပ်ငြား လုပ်ထုံးလုပ်နည်းအတိုင်း အကြံပေးပါ့မယ်နော် …
လုပ်ရမှာတွေကတော့
၁။ ဖုန်းကို pattern lock ချထားပါ။ face id တွေ လက်ဗွေတွေ မပြု လုပ်ထားပါနဲ့ …
၂။ ဖြစ်နိုင်ရင် data တွေကို cloud မှာပဲ ထားပါ …။ (လိုအပ်ရင် အမြန်ဖျက်နိုင်အောင်လို့)
၃၊ facebook account ကို app ဖျက်ပြီး browser နဲ့ သုံးပါ၊
၄၊ ဖုန်းလာသိမ်းရင် လုံးဝမပေးပါနဲ့ …
လုံခြုံရေးအရ စစ်ဆေးတာ ဘာညာဆိုလည်း ကိုယ့် privacyအရ ဖွင့်မပေးနိုင်ကြောင်းရယ်၊
သိမ်းချင်ရင် ဥပဒေနဲ့အညီ ရှာဖွေပုံစံနဲ့ သိမ်းရင် ဖုန်းအပ်ပေးမယ်လို့သာ ကောင်းကောင်းပြောလိုက်ပါ …
အဲ့လိုအချိန်မှာ ဖုန်းထဲက အချက်အလက်တွေ ရအောင် ဖျက်ပါ …
Pattern လည်း လုံးဝဖွင့်မပေးပါနဲ့၊ တကယ်လို့ ဖွင့်ခိုင်းမယ်ဆို ဘာကြောင့် ဖွင့်ခိုင်းတာလဲမေးပါ။ ဥပ‌ဒေအရ ငြင်းပိုင်ခွင့်ရှိတယ်
တက်နိုင်သမျှ လုံးဝဖွင့်မပေးပါနဲ့ …
၅၊ ဖုန်းဖွင့်ပေးလိုက်လို့ facebook account စစ်ရင် ခင်ဗျားနဲ့ ပတ်သက်ဆက်စပ်သမျှသူတွေလည်း မီးခိုးကြွက်လျှောက် ပြသနာရှိနိုင်သလို
၊ လိုက်ရလည်း လွယ်သွား နိုင်ပါတယ် …
၆၊ ဖုန်းကို factory reset အလွယ်ဆုံး အမြန်ဆုံး ရိုက်နည်းကို နီးစပ်ရာ နားလည်တဲ့သူတွေဆီမေးထားပါ၊
၇၊ factory resetရိုက်ထားလည်း ဖုန်းကို စစ်လို့ရပါတယ်၊ ဒါပေမယ့် ကိုယ့်တယောက်အတွက်ပဲ ပြသနာရှိတော့မှာပါ၊ (အခြေအနေ အပေါ်ကြည့်ပြီး လုပ်ပါ)
၈၊ အဓိကက facebook accountကို လုံးဝ အစစ်မခံပါနဲ့ နော် …
ကိုယ်ဘယ်လောက်လက်လွန်ထားလည်း ကိုယ့်ဖာသာကို အသိဆုံးဖြစ်မှာပါ …
သိပ်လက်လွန်ထားတဲ့သူဆိုရင်တော့ စိတ်ဆိုးဒေါသထွက်တဲ့ပုံစံနဲ့ အဲ့နားတင် လမ်းပေါ် ရိုက်ခွဲပစ်လိုက်ပါ …
ရေနဲ့နီးရင် ရေထဲသာ လွှင့်ပစ်လိုက်ပါ ….။ (အဲ့လောက်လုပ်ရုံနဲ့ သူတို့ အရေးယူလို့မရပါဘူး၊ ယူဦးတော့ ဖုန်းဖွင့်ပေးလိုက်တာထက် အများကြီး သက်သာစေပါတယ်)
၉၊ facebook account password ကို strong ဖြစ်အောင် ပြောင်းပါ ၊ two factor authentication လုပ်ထားရင် ဖုန်းနံပတ်နဲ့ မလုပ်ပါနဲ့ …
၁၀၊ တကယ်တော့ ဖုန်းတွေကို သိမ်းပြီးရင် သူတို့က တန်းမစစ်ပါဘူး၊ သက်ဆိုင်ရာဌာနကို ပို့စစ်တာပါ၊ အဲ့မှာက ဒီစစ်တဲ့အချက်အလက်ပေါ်မူတည်ပြီးမှ
အမှု တည်ဆောက်ရတာပါ …
အဲ့တော့ လွယ်လွယ်လေး ဖုန်းကို ဖွင့်မပြလိုက်ပါနဲ့။ (ဒါက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာပါ)
အရေးပေါ်ရေးလိုက်တာမို့ ကျန်တာစဉ်းစားပြီး ထပ်ဖြည့်ပေးပါ့မယ်နော် …
credit to celegroup
Credit
unicode
လုပ်ရမှာတွေကတော့
၎၊ ဖုန်းလာသိမ်းရင် လုံးဝမပေးပါနဲ့ …
၁၀၊ တကယ်တော့ ဖုန်းတွေကို သိမ်းပြီးရင် သူတို့က တန်းမစစ်ပါဘူး၊ သက်ဆိုင်ရာဌာနကို ပို့စစ်တာပါ၊ အဲ့မှာက ဒီစစ်တဲ့အချက်အလက်ပေါ်မူတည်ပြီးမှ၏
အမှု တည်ဆောက်ရတာပါ …
Credit to celegroup