ၾကားသိရသမွ်

“ရန်ကုန် သင်္ကြန်မှာ အမှိုက်ကားတွေနဲ့ လှည့်ပတ်သွားနေရတဲ့ စည်ပင်ဝန်ထမ်းတွေ ရင်ဖွင့်ပြီ”

၂၀၂၂ခုနှစ် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ စစ်ကောင်စီကဦးစီးကျင်းပနေတဲ့ရေကစားမဏ္ဍပ်တွေမှာ ရေကစားထွက်ဖို့နဲ့ လည်ပတ်ဖို့ ရန်ကုန်မြို့က သန့်ရှင်းရေးစည်ပင်ဝန်ထမ်းတွေကို တစ်အိမ်တစ်ယောက်မဖြစ်မနေလိုက်ပါရတယ်လို့ ဝန်ထမ်းတွေနဲ့နီးစပ်သူတွေကနေသိရပါတယ်။

အဓိကအနေနဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာ‌ လည်ပတ်ဖို့ဖြစ်နိုင်ပြီး ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်အပါအဝင် တခြားမြို့နယ်တွေက စည်ပင်ဝန်ထမ်းတွေကိုခေါ်ယူခဲ့တာလို့ ဆိုပါတယ်။

“ငြင်းဆန်လို့မရဘူး။တစ်ခန်းတစ်ယောက်ဆိုတာမှာက တစ် နေ့တည်းအကုန်မဟုတ်ဘူး။ ဒီနေ့လိုက်တဲ့သူက နောက်နေ့လိုက်စရာမလိုဘူး။ နာမည်စာရင်းပေးထားရတယ်။ တချို့က မလိုက်ချင်တော့မဲနှိုက်ကြတယ်။ မဲကျတဲ့ရက်သွားရတာပေါ့။

သူတို့ကကားနဲ့လာခေါ်တာ၊ ဘာမှစီစဉ်မပေးဘူးစတုဒီသာ‌ကျွေး‌တယ်တော့ပြောတယ်။ ပိုက်ဆံတော့မရပါဘူး”လို့ ရန်ကုန်မြို့တော်သန့်ရှင်းရေးစည်ပင်ဝန်ထမ်းတွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီလို ရေကစားထွက်ဖို့ တစ်ရက်နှစ်ချိန်ခွဲထားပြီး မနက်အစောပိုင်းကနေ ‌မနက် (၁၀)နာရီကျော်အထိ တစ်ကြိမ်နဲ့၊ နေ့လယ် (၂)နာရီလောက်ကနေ ညနေပိုင်းအထိတစ်ကြိမ် ရေကစားထွက်သွားကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

BBC

၂၀၂၂ခုႏွစ္ ျမန္မာ့ႏွစ္သစ္ကူးသၾကၤန္ကာလ စစ္ေကာင္စီကဦးစီးက်င္းပေနတဲ့ေရကစားမ႑ပ္ေတြမွာ ေရကစားထြက္ဖို႔နဲ႔ လည္ပတ္ဖို႔ ရန္ကုန္ၿမိဳ႕က သန႔္ရွင္းေရးစည္ပင္ဝန္ထမ္းေတြကို တစ္အိမ္တစ္ေယာက္မျဖစ္မေနလိုက္ပါရတယ္လို႔ ဝန္ထမ္းေတြနဲ႔နီးစပ္သူေတြကေနသိရပါတယ္။

အဓိကအေနနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္မွာ‌ လည္ပတ္ဖို႔ျဖစ္ႏိုင္ၿပီး ဗိုလ္တေထာင္၊ ပုဇြန္ေတာင္၊ မဂၤလာေတာင္ၫြန႔္အပါအဝင္ တျခားၿမိဳ႕နယ္ေတြက စည္ပင္ဝန္ထမ္းေတြကိုေခၚယူခဲ့တာလို႔ ဆိုပါတယ္။

“ျငင္းဆန္လို႔မရဘူး။တစ္ခန္းတစ္ေယာက္ဆိုတာမွာက တစ္ ေန႔တည္းအကုန္မဟုတ္ဘူး။ ဒီေန႔လိုက္တဲ့သူက ေနာက္ေန႔လိုက္စရာမလိုဘူး။ နာမည္စာရင္းေပးထားရတယ္။ တခ်ိဳ႕က မလိုက္ခ်င္ေတာ့မဲႏႈိက္ၾကတယ္။ မဲက်တဲ့ရက္သြားရတာေပါ့။

သူတို႔ကကားနဲ႔လာေခၚတာ၊ ဘာမွစီစဥ္မေပးဘူးစတုဒီသာ‌ေကြၽး‌တယ္ေတာ့ေျပာတယ္။ ပိုက္ဆံေတာ့မရပါဘူး”လို႔ ရန္ကုန္ၿမိဳ႕ေတာ္သန႔္ရွင္းေရးစည္ပင္ဝန္ထမ္းေတြနဲ႔နီးစပ္သူတစ္ဦးက ေျပာပါတယ္။

ဒီလို ေရကစားထြက္ဖို႔ တစ္ရက္ႏွစ္ခ်ိန္ခြဲထားၿပီး မနက္အေစာပိုင္းကေန ‌မနက္ (၁၀)နာရီေက်ာ္အထိ တစ္ႀကိမ္နဲ႔၊ ေန႔လယ္ (၂)နာရီေလာက္ကေန ညေနပိုင္းအထိတစ္ႀကိမ္ ေရကစားထြက္သြားၾကတယ္လို႔ မ်က္ျမင္ေတြ႕သူေတြက ေျပာပါတယ္။

BBC