ကတ်ထူပုံးထဲမှာ ဆော့ကစားနေတဲ့ဓာတ်ပုံများကြောင့် လူတိုင်း ချစ်မဝဖြစ်နေခဲ့ကြတဲ့ လှပတဲ့မျက်လုံးပိုင်ရှင် ကလေးမလေး
လွန်ခဲ့တဲ့ရက်အနည်းငယ်က Instagram မှာ “saki_____suki” ဆိုတဲ့ကလေးမလေးရဲ့အကောင့်ဟာ ရုတ်တရက်လူပြောများလာခဲ့ပါတယ်။ Saki အမည်ရှိ ဒီကလေးမလေးဟာ 2017 ခုနှစ်မှာမွေးဖွားတဲ့ဂျပန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။
သူမဟာ အသက်ငယ်ရွယ်သေးပေမဲ့လည်း နတ်သမီးလေးတစ်ပါးကဲ့သို့ အလှတရားများရှိပြီး သူမမှာ သမင်မျက်လုံးများနှင့်တူတဲ့မျက်လုံးများ၊ ဆန်ဖက်ထုပ်များကဲ့သို့ အပြစ်အနာအဆာကင်းတဲ့ပါးပြင်များရှိတာကြောင့် သူမဟာ ဘယ်ရူထောင့်ကနေကြည့်ကြည် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေပါတယ်။
သူမရဲ့ဓာတ်ပုံများကိုကြည့်ရုံနဲ့တင် လူကိုအရည်ပျော်အောင်လုပ်ဖို့လုံလောက်ပါတယ်။ကတ်ထူပုံးထဲမှာထိုင်နေတဲ့သူမရဲ့ဓာတ်ပုံများကြောင့်Saki ဟာ ရေပန်းစားလာခဲ့ပြီး ကတ်ထူပုံးထဲမှာကစားနေရင်း ၊ နှုတ်ခမ်းစူထားတဲ့သူမရဲ့ဓါတ်ပုံများကလည်း နှလုံးသားကိုနွေးထွေးစေတာကြောင့် လူတချို့က သူမကို တစ်ကြိမ်လောက်ပွေ့ဖက်ချင်နေခဲ့ကြပါတယ်။
ဒါတင်မက၊ Saki ရဲ့တက်ကြွတဲ့ အမူအရာတွေကလည်း ပိုလို့တောင် အာရုံစိုက်သွားစေခဲ့ပါတယ်။ Saki ဟာ သူမရဲ့မိဘများနှင့် အလွန်ကောင်းမွန်ပျော်ရွှင်တဲ့ဆက်ဆံရေးရှိပြီး ကင်မရာထဲမှာလည်း ရယ်စရာမျက်နှာများ ဖန်တီးနိုင်သူဖြစ်ပါတယ်။
သူမရဲ့ update ပုံတိုင်းမှာ သူမနဲ့လိုက်ဖက်ပြီး ပြီးပြည့်စုံတဲ့ caption များပါထိုးထားပေးတာကြောင့် အင်တာနက်သုံးစွဲသူများကလည်း Sakiလေးကို မချစ်ဘဲမနေနိုင်ကြပါဘူး။ မျက်တောင်ရှည်ရှည်နဲ့ မျက်နှာဝိုင်းဝိုင်းရှိတဲ့ Saki ဟာ သူမရဲ့မိဘများသာမကဘဲ သူမအစ်ကိုရဲ့ဂရုစိုက်မှုကိုလည်း ခံနေရပါတယ်။
အကိုကြီးက ချစ်စရာကောင်းတဲ့ Saki လေးနဲ့ အတူရှိတဲ့အခါ သူမကို အမြဲဂရုစိုက်နေမှာ သေချာပါတယ်။ အခုဆို Saki လေးက အသက် 4 နှစ်အရွယ်ကိုရောက်ရှိနေပါပြီ။ မကြာသေးမီက သူမရဲ့ မွေးနေ့ပါတီဓာတ်ပုံများကိုကြည့်ပြီး Saki လေးရဲ့အသွင်အပြင်ပြောင်းလဲသွားတာကိုလည်း တွေ့ရှိနိုင်ပါတယ်။
ယခုအခါ သူမမှာ မျက်နှာဝိုင်းဝိုင်းလေးမရှိတော့ဘဲပေမဲ့လည်း သူမရဲ့မျက်နှာက ပိုပြီးကြည်လင်လာတာကို တွေ့ရပါတယ်။ သူမရဲ့အလှတရားလေးက နောက်အဆင့်သို့ရောက်ရှိသွားပုံရပါတယ်။ ဒါ့ပြင် လှိုင်းတွန့်ဆံပင်ရှည်နဲ့ Saki လေးက ကလေးလေးထက် မိန်းမငယ်လေးတစ်ယောက်နဲ့ ပိုတူနေပါသေးတယ်။
ဒါကို လူတွေက “သဘာဝအလှ” လို့ခေါ်ကြပါတယ်။ Saki လေးရဲ့ Instagram စာမျက်နှာမှာ Follower 35,000 အထိ ရှိပါတယ်။ ဒါ့အပြင် Saki ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လူအများရဲ့နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့တာဘဲဖြစ်ပါတယ်။
နောင်တစ်ချိန်မှာ Saki လေးက အလွန်လှပတဲ့မိန်းမပျိုတစ်ဦးဖြစ်လာနိုင်ပြီး လူအများရဲ့ချစ်ခင်နှစ်သက်မှုကို အမြောက်အမြားရရှိလာမှာ အသေအချာပါဘဲ။ ဒီတော့ သူမရဲ့ချစ်စရာကောင်းတဲ့ဓာတ်ပုံများနှင့် သူမကြီးပြင်းလာချိန်ကာလအတွင်းဓာတ်ပုံအမျိုးမျိုးရဲ့ timeline စုစည်းမှုတစ်ခုကို ကြည့်ရှုဖို့အတွက် သူမရဲ့ Instagram မှာလည်း သွားရောက် Follow လုပ်ထားနိုင်ပါတယ်ဗျ။