ဗဟုသုတ

၅ နှစ်အတွင်း အမြန်ဆုံး ပိုက်ဆံချမ်းသာမယ့် နည်းလမ်း

လူတိုင်းက ချမ်းသာချင်ကြပါတယ်။

ကြိုးလည်းကြိုးစားကြတယ်။

ဒါပေမဲ့ လူတော်တော်များများကို မေးကြည့်လိုက်ရင် ငါတစ်နေ့ချမ်းသာရမယ်လို့ပဲ ဖြေကြတယ်။

တိကျတဲ့ အဖြေတစ်ခုကိုမရဘူး။ တစ်နေ့ကြရင်ဆိုတော့ နောင်(5)နှစ် (10)နှစ်လဲ မသေချာပါဘူး။

ဒီလိုပဲ ကြိုးစားရင်းနဲ့အချိန်တွေကုန်သွားမှာပါပဲ။

ကိုယ်ကတကယ်အောင်မြင်ကြီးပွားချမ်းသာချင်ရင်တော့ တိကျတဲ့အဖြေတစ်ခုရှိဖို့ လိုပါတယ်။

၁။ “ကိုယ်က ငွေပမာဏဘယ်လောက်ထိ ပိုင်ဆိုင်ချင်တာလဲ ဆိုတာသိရပါမယ်”

၂။ “အဲ့ဒီငွေပမာဏကို ဘယ်အချိန်မှာပိုင်ဆိုင်ချင်တာလဲဆိုတာ သိရပါတယ်”

၃။ “ကိုယ်လိုချင်တဲ့ငွေပဏနဲ့ အချိန်အတိုင်းအတာကို စာအုပ်ထဲမှာချရေးရပါမယ်”

၄။ “ကိုယ်လိုချင်တဲ့ပမာဏနဲ့ အချိန်ကိုတွက်ပြီး ပထမနှစ်မှာဘယ်လောက်၊ ဒုတိယနှစ်မှာဘယ်လောက်ဆိုပြီး နှစ်အလိုက်ပြန်ခွဲရေးပါ”

၅။ “(၁)နှစ်မှာဘယ်လောက်ရှာရမယ်ဆိုတာကို သိပြီဆိုတာနဲ့ ကိုယ့်လက်ရှိအလုပ်နဲ့ဝင်ငွေက ထိုပမာဏကိုမရနိုင်ဘူးဆိုရင် ကိုယ်ကနောက်ထက် ထိုပမာဏကိုရနိုင်မဲ့အလုပ် ဝင်ငွေတွေကိုထပ်ပြီး ဖန်တီးရပါမယ်”

ဒါကြောင့် (၅)နှစ်အတွင်းမှာ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့ငွေပမာဏနဲ့အချိန်ကို (၁)နှစ်စီ ခွဲချမ်းစိတ်ဖြာပြီး ချရေးပါ။

(၁)နှစ်မှာ ဘယ်လောက်ဝင်ငွေရှာရမယ်ဆိုတာကို သိတာနဲ့ လက်ရှိ(၁)လဝင်ငွေကမမှီဘူးဆိုရင် နောက်ထက်အလုပ်ပြောင်းဖို့နဲ့ အပိုဝင်ငွေရဖို့ကို ရဲရဲဝံ့ဝံ့နဲ့ ဆုံးဖြတ်ချက်ချရပါမယ်။

မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။