(Unicodeဖြင့် ဖတ်ရန်)
ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုးကတော့ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း စစ်တပ်ထောက်ခံ အားပေးတဲ့ စာပေတွေကိုသာ ရေးသားနေတာကြောင့်..
ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။မင်းအုပ်စိုးဟာ မကြာခင်မှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်ဆောင်ရွက်တော့မယ့် အကြောင်းကိုလည်းအားလုံးကို အသိပေး ထားပါသေးတယ်။
မကြာသေးခင်က မင်းအုပ်စိုးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ထောင်ကလွတ်လာပြီးနောက်ပိုင်း နိုင်ငံတော်အဆင့်ပွဲ အခမ်းအနားတွေကို တက်ရောက်ခွင့်ရရှိနေတာကြောင့်
ကိုယ့်ကိုကိုယ်ဂုဏ်ယူနေမိကြောင်း ရေးသားလာတာပဲ ဖြစ် ပါတယ်။ သူပြန်လာပြီး “အကျဉ်းသားဘဝ အဖြစ်နေထိုင် ခဲ့ရတဲ့ အချိန်ကာလတွေကို စာအုပ်တစ်အုပ် ပြန်ရေးတဲ့ အချိန်ကြရင်
အဲ့ဒီစာအုပ်က “ဖိတ်စာ မရောက်တဲ့ အရပ်”ဆိုတဲ့ နာမည်နဲ့ ထွက်လာမှာပါ။ အခုတော့ အကျဉ်းသားဘဝကနေ အယ်ဒီတာချုပ် ဒါရိုက်တာမင်းသားဘဝကို ပြန်ရောက်လာလေတော့ ဖိတ်စာတွေလည်း ပြန်ရောက်လာပါပြီ။
နိုင်ငံတော်အဆင့် ပွဲလမ်းသဘင်တွေရဲ့ ဖိတ်စာတွေ ရောက်လာကြသလို နိုင်ငံတော်အဆင့် ထမင်းစားဝိုင်းတွေမှာလည်း ပြန်ထိုင်ခွင့် ရပြီပေါ့ဗျာ။
လောကဓံရဲ့ပြင်းထန်တဲ့ရိုက်ချက်တွေကို သတ္တိရှိရှိ ယောကျ်ားဆန်ဆန် ရဲရဲရင့်ရင့်ဖြတ်သန်းနေထိုင်လာခဲ့တဲ့ အကျိုးတွေကြောင့် အကြောင်းတွေ ဖြစ်လာတာပေါ့ဗျာ။
ဒီထမင်းစားဝိုင်းလေးဆိုရင် တစ်ခြား ဝိုင်းတွေထက် ပိုထူးခြားပါတယ် တစ်ဝိုင်းလုံးကို ကျွန်တော်နဲ့ ကျွန်တော့် မိသားစုဝင်တွေ အတွက်ပဲ တည်ခင်းပေး ထားလေတော့
မြင်ရတာ တွေ့ရတာရင်ထဲမှာ ကြည်နူးကျေနပ်မိပါရဲ့လေ။” ဆိုပြီး ဂုဏ်ယူဝမ်းမြောက်စွာ ရေးသားလာခဲ့တာ ဖြစ်ပါတယ်..။ ပရိသတ်ကြီးရေ…
မင်းအုပ်စိုးကတော့ အခုဆိုရင် နိုင်ငံတော် အခမ်းအနားဆိုတဲ့ ပွဲတွေကို တက်ရပြီး သီးသန့်ထမင်းဝိုင်းတွေ ဖိတ်ကျွေးတာတွေ စားရသောက်ရလို့ ဂုဏ်ယူကျေနပ် နေတဲ့အကြောင်းတွေ ပြောလာတာပဲ ဖြစ်ပါ တယ်နော်.။
(Zawgyiျဖင့္ ဖတ္ရန္)
ပရိသတ္ႀကီးေရ သရုပ္ေဆာင္ မင္းအုပ္စိုးကေတာ့ အက်ဉ္းေထာင္ကေန လြတ္ေျမာက္လာၿပီး ေနာက္ပိုင္း စစ္တပ္ေထာက္ခံ အားေပးတဲ့ စာေပေတြကိုသာ ေရးသားေနတာေၾကာင့္..
ပရိသတ္ေတြရဲ့ ေဝဖန္ျခင္းကို ခံေနရတာ ျဖစ္ပါတယ္။ မင္းအုပ္စိုးဟာ မၾကာခင္မွာ အႏုပညာလႈပ္ရွားမႈေတြ ျပန္လည္ေဆာင္ရြက္ေတာ့မယ့္ အေၾကာင္းကိုလည္းအားလံုးကို အသိေပး ထားပါေသးတယ္။
မၾကာေသးခင္က မင္းအုပ္စိုးရဲ့လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေထာင္ကလြတ္လာၿပီးေနာက္ပိုင္း ႏိုင္ငံေတာ္အဆင့္ပြဲ အခမ္းအနားေတြကို တက္ေရာက္ခြင့္ရရိွေနတာေၾကာင့္
ကိုယ့္ကိုကိုယ္ဂုဏ္ယူေနမိေၾကာင္း ေရးသားလာတာပဲ ျဖစ္ ပါတယ္။ သူျပန္လာၿပီး “အက်ဉ္းသားဘဝ အျဖစ္ေနထိုင္ ခဲ့ရတဲ့ အခ်ိန္ကာလေတြကို စာအုပ္တစ္အုပ္ ျပန္ေရးတဲ့ အခ်ိန္ၾကရင္
အဲ့ဒီစာအုပ္က “ဖိတ္စာ မေရာက္တဲ့ အရပ္”ဆိုတဲ့ နာမည္နဲ႔ ထြက္လာမွာပါ။ အခုေတာ့ အက်ဉ္းသားဘဝကေန အယ္ဒီတာခ်ဳပ္ ဒါရိုက္တာမင္းသားဘဝကို ျပန္ေရာက္လာေလေတာ့ ဖိတ္စာေတြလည္း ျပန္ေရာက္လာပါၿပီ။
ႏိုင္ငံေတာ္အဆင့္ ပြဲလမ္းသဘင္ေတြရဲ့ ဖိတ္စာေတြ ေရာက္လာၾကသလို ႏိုင္ငံေတာ္အဆင့္ ထမင္းစားဝိုင္းေတြမွာလည္း ျပန္ထိုင္ခြင့္ ရၿပီေပါ့ဗ်ာ။
ေလာကဓံရဲ့ျပင္းထန္တဲ့ရိုက္ခ်က္ေတြကို သတၲိရိွရိွ ေယာက်္ားဆန္ဆန္ ရဲရဲရင့္ရင့္ျဖတ္သန္းေနထိုင္လာခဲ့တဲ့ အက်ိဳးေတြေၾကာင့္ အေၾကာင္းေတြ ျဖစ္လာတာေပါ့ဗ်ာ။
ဒီထမင္းစားဝိုင္းေလးဆိုရင္ တစ္ျခား ဝိုင္းေတြထက္ ပိုထူးျခားပါတယ္ တစ္ဝိုင္းလံုးကို ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ မိသားစုဝင္ေတြ အတြက္ပဲ တည္ခင္းေပး ထားေလေတာ့
ျမင္ရတာ ေတြ့ရတာရင္ထဲမွာ ၾကည္ႏူးေက်နပ္မိပါရဲ့ေလ။” ဆိုၿပီး ဂုဏ္ယူဝမ္းေျမာက္စြာ ေရးသားလာခဲ့တာ ျဖစ္ပါတယ္..။ ပရိသတ္ႀကီးေရ…
မင္းအုပ္စိုးကေတာ့ အခုဆိုရင္ ႏိုင္ငံေတာ္ အခမ္းအနားဆိုတဲ့ ပြဲေတြကို တက္ရၿပီး သီးသန္႔ထမင္းဝိုင္းေတြ ဖိတ္ေကြၽးတာေတြ စားရေသာက္ရလို႔ ဂုဏ္ယူေက်နပ္ ေနတဲ့အေၾကာင္းေတြ ေျပာလာတာပဲ ျဖစ္ပါ တယ္ေနာ္.။