ဖင်အောက်ကရည်းစားစာ´´ ( ဟာသစဆုံး )
* နေထွဋ်နောင်ရေးသားသည်…….
နွဲ့ယမင်းတစ်ယောက်အလွန်ပျော်နေပါသည်… အကြောင်းမှာတော့ ရည်းစားစာတစ်စောင်ရရှိလာခဲ့သောကြောင့်ပင် ရှစ်တန်းလောက်ကတည်းက ရည်းစားစာရရှိခဲ့ဖူးသော်လဲ ယခုဆယ်တန်းနှစ်တွင်ရရှိလာသောရည်းစားစာက သူကျိတ်ခိုက်နေသော ကောင်ကလေးထံမှရည်းစားစာ……..
ပထမပိုဒ်တွင် ငယ်လေးဟုသောနာမ်စားကိုတွေ့တွေ့ချင်းပင်သူမကအလွန်ပျော်နေပါသည်… ထို့ကြောင့်လဲ ရေမွှေးနံ့သင်းနေသောစာအိပ်ကလေးကိုပင် အကြိမ်ကြိမ်နမ်းမွှေးနေမိလေတော့သည်…. သူမကဒုတိယအပိုဒ်ကိုထပ်ဖတ်ရန်ပြင်လိုက်ပါတော့သည်…. သို့သော် ဆက်ဖတ်ရန်မသင့်သည့်အခြေအနေကရုတ်တရက်ရောက်ရှိဖြစ်ပေါ်လာပါတော့သည်………..
“ဟဲ့ ယမင်းရေ အမေတစ်ယောက်လုံးရုံးကပြန်ရာက်လာတာတောင်ဆွဲခြင်းလေးလာဆွဲဖော်မရဘူး…´´………..
သူမကထရပ်ပြီးသွားဆွဲရန်ပြင်လိုက်စဉ်မှာပင် အမေဖြစ်သူက အိမ်ပေါ်ဝသို့ရောက်လာတော့မည့်ဖြစ်သောကြောင့် မတက်သာတော့ပဲ စာအိပ်ကို ဖင်အောက်သို့ထိုးသွင်းပြီးဝှက်ထားလိုက်ရပါတော့သည်…………
“သမီးလဲ အခုမှကျောင်းကပြန်ရောက်လာလို့အမောဖြေနေတာပါ မေမေရယ်…´´……….
“အမလေး မယ်ယမင်းရယ် ညည်းကငယ်ငယ်ရွယ်ရွယ်နဲ့မောနေရတယ်လို့.. ကျုပ်အသက်ငါးဆယ်အရွယ်ကြီးမောဖို့လဲထားပါအုံးအေ…´´………..
နွဲ့ယမင်းက အမေနှင့်စကားပြောနေရင်း ဖင်အောင်တွင်အမြန်သွင်းထားလိုက်ရသည် စာကိုလက်နောက်ပြန်နှိုက်ပြီးထပ်သွင်းနေပါသည်…. ထိုကြောင့်် သူအမှုအယာကဖင်တကြွကြွလက်တပြင်ပြင်နှင့်………..
“ဟဲ့ ယမင်းရယ် ညည်းမလဲ ဖင်တကြွကြွဖင်ကုတ်လိုက်ခေါင်းကုတ်လိုက်နဲ့ ဘယ်လိုဖြစ်နေတာတုန်း ငါနှယ်နော်… ကဲပါ အမေကိုရေသွားခပ်ပေးစမ်းပါ ရေဆာလွန်းလို့ပါ…´´………….
ယမင်းတစ်ယောက်ကြံရာမရဖြစ်နေလေပြီ… ထမရထိုင်မရအခြေအနေမျိူ း………
“ဟုတ်ကဲ့ မေမေ… သြော် ဒါနဲ့မေမေတို့ရုံးက အန်တီစမ်းကြီးရော သက်သာရဲ့လားဟင်…´´………..
“အေး ကင်ဆာလားဘာလားတော့မသိဘူး နက်ဖြန်ဘိုင်အိုစီစစ်ထားတဲ့ အဖြေသိရမယ်တဲ့လေ…´´………..
“သနားပါတယ် မေမေရယ် ကင်ဆာဆိုရင် စောသက်ကြီးကိုဖြတ်ပစ်ရတော့မယ်နော်…´´………..
“ဘယ်ကစောသက်တုန်းဟဲ့ အမလေးညည်းနဲ့စကားပြောနေလို့မပီးသေးပါဘူးအေ.. အရေးထဲအိမ်သာကတက်ချင်လာပီဟဲ့…´´…………
ပြောပြောဆိုဆိုပင်ဒေါ်သူဇာက နောက်ဖေးချောင်သို့ပြေးဝင်သွားပါလေတော့သည်… ရေထမခပ်ရအောင်ကြံဆောင်ခဲ့သော ယမင်းအကြံအောင်အထမြောက်ခဲ့လေပြီ….. သို့သော် သူမကံကြမ္မာကဒီမျှနှင့်ပြီးမသွားခဲ့သေးပါ…………
“သမီးရေ ပြန်ရောက်နေတာကြာပီလား ဟောအဝတ်အစားတောင်မလဲရသေဘူးလား အဝတ်အစားလဲရေချိုးလေ သမီး…´´…………..
ဖင်အောက်လက်နှိုက်ရင်း စာသိမ်းရန်ကြံရွယ်နေသော ယမင်းကဖင်အောက်မှလက်ကို အယာအယာပြန်ထုပ်လိုက်ရပြီးအဖေဖြစ်သူကိုတုန့်ပြန်နှုတ်ဆက်နေရပါတော့သည်………….
“ဖေဖေ ရုံးကပြန်လာပီလား သမီးအတွက်ဘာပါလဲ…´´………..
“ဟိုဟာပါတယ် သမီးရေ ဟိုဟာလေ… မုန့်ဆီကြော်ပါတယ်သမီး လမ်းကြုံတာနဲ့ ဖေဖေလဲစားချင်မိတာနဲ မီးတို့အတွက်ပါပိုဝယ်လာခဲ့တယ်…´´………..
“ဟင် အီကြာကွေးတော့ဝယ်မလာဘူး သမီးကအီကြာကွေ့နဲ့လက်ဘက်ရည်သောက်ချင်တာပါဆို…´´………..
ပြောပြောဆိုဆိုဖခင်ဦးလှထွန်းက မောမောနှင့်အိမ်ရှေ့ကုလားထိုင်တွင်ဝင်ထိုင်ချလိုက်ပါတော့သည်………….
“ထလေ သမီးပြန်ရောက်တာ နဲနဲကြာနေပီမလား ရေချိုးတော့လေ…´´………….
“ဟိုလေ ဟိုနောက်ဖေးမှာ မေမေရေချိုးနေသေးလို့ပါ ဖေဖေရဲ့…´´………….
“ညည်းအမေဝမ်းသွားနေတာမလား တဘွတ်ဘွတ်ပါနေတဲ့အသံ ဖေဖေဒီကနေတောင်ကြားနေရတယ်…´´………..
“ဒီလိုပါဖေဖေရယ် မေမေက အီးပါပီးရင်ရေဆက်ချိုးမလို့တဲ့ သမီးရေဝင်ချိုးရင်ကြာတက်တယ်လေ အဲ့တာကြောင့်ပါ…´´………..
“ သြော် အေးအေး ဒီလိုဆိုရင်ဖေဖေအရင်ဝင်ချိုးလိုက်တာကောင်းပါတယ် ဖေဖေကမြန်တယ်လေ…´´………..
“ဟုတ် ကောင်းတာပေါ့ဖေဖေ ချိုးနင့်ပါ…´´………..
ဖခင်ဖြစ်သူနောက်ဖေးဝင်သွားတော့ ယမင်းတစ်ယောက်အားရဝမ်းသာနှင့် ရည်းစားစာကိုဖင်အောက်မှဆွဲထုပ်ရန်ကြံနေပါသည်…. သို့တိုင်အောင်သူမကံမလိုက်သေးပါ………..
“ညီမလေးရေ ကိုကြီးပြန်လာပီကွ…´´………..
“ဟာ ဒီနေ့ကိုကြီးပြန်လာတာစောတယ်နာ် ဒီနေ့သောက်ကြာနေ့ဆိုတော့ ညီမလေးက ကိုကြီးကိုမျှော်နေတာ…´´……….
“ဒီနေ့စောတယ်ညီမလေး ရော့ လာယူလေ ဒီမှာညီမလေးကြိုက်တဲ့အီကြာကွေး… လက်ဘက်ရည်တော့ ဒီဘက်လမ်းထိပ်က ရွှေခေါင်းပြောင်ဆိုင်မှာသွားဝယ်ပေးမယ်…´´……….
“ဝေး ဒါမှ ညလေး ကိုကြီး ပျော်တယ်ကွ…´´……….
ယမင်းကဖင်မကြွပဲ လက်များကိုလေထဲမြောက်ယမ်းရင်းဝမ်းသာအားရကြွေးကြော်နေပါသည်…………
“ကဲ လာယူလေ ညီမလေး ကိုကြီးအခုပဲသွားဝယ်လိုက်မယ်…´´…………
ယမင်းတစ်ယောက်ထရပ်ဖို့ အတော်လေးအကျပ်တွေ့နေလေပြီ…. ဘာလုပ်လို့ဘာကိုင်ရမည်လဲပင်မသိတော့………..
“ဟို ဟိုလေ ကိုကြီးရေ ညလေးလေ ညလေး… ညလေးထမရလို့…´´………..
“ဟင်ဘာဖြစ်လို့လဲ ညလေး…´´………..
ထိုင်တော့မလို ထတော့မလိုဖြစ်နေသော ညီမဖြစ်သူကို အကိုကအံ့အောစွာကြည့်နေသလို ညီမဖြစ်သူကလဲ ဘာပြန်ဖြေရမလဲဟူတွေးရင်းအကြံအိုက်နေပါသည်…..နောက်ဆုံးတော့ ယမင်းတစ်ယောက်ပါးစပ်ထဲရှိရာသာပြောချလိုက်ပါသည်………….
“ည ညလေးလေ ညလေး ဟို ဟို လိပ်ခေါင်းဖြစ်နေလို့…´´………..
“ဟင် ဟုတ်လား အဲ့တာဆိုကုမှဖြစ်မှာပေါ့ မဖြစ်သေးပါဘူး ကိုကြီးတခါထဲလိပ်ခေါင်းပျောက်ဆေးဝယ်လာခဲ့မှပဲ… ဒါနဲ့မေကြီးရောဟင်…´´………….
“မေကြီးအိမ်သာထဲမှာ ကိုကြီး ဝမ်းချုပ်နေလို့နဲ့တူတယ် တော်တော်ကြာနေပီ…´´……….
“အေအေး ကိုကြီးကြည့်ကြပ်ဝယ်လာခဲ့မယ်နော်…´´…………
ကိုဇင်တစ်ယောက်ဆေးနှင့်လက်ဖက်ရည်ဝယ်ရန် အပြေးပြန်ထွက်သွားပါလေတော့သည်……. ယခုမှယမင်းက သက်ပြင်းကလေးချလိုက်နိင်ပါတော့သည်…….
မတက်နိင်တော့ပါ အကိုဖြစ်သူကို ကြည့်ကြပ်ဖြီးဖြန်းလိုက်ရလေပြီ…… ကိုကြီးထွက်သွားသည်နှင့် ယမင်းကဝမ်းသာအားရဖင်အောက်မှစာကိုဆွဲယူရန်ပြင်လိုက်ပါလေတော့သည်…………..
“တွေ့လားသမီးဖေဖေကမြန်တယ် မဟုတ်လား…´´…………
အသံကြောင့်သူမလန့်သွားမိသလို နောက်မှအဖေကိုတစ်ဆက်ထဲလှည့်ကြည့်လိုက်ပါသည်…………
“ဟုတ်တယ်နော် ဖေဖေရေချိုးတာ အီးတစ်ပေါက်ပဲကြာတယ် အဟင့်…´´…………
“ဒါပေါ့ သမီးရဲ့ လူဆိုတာအလုပ်ကိုမြန်မြန်ထက်ထက်လုပ်တက်ရတယ်… ဒါနဲ့ သမီးဖင်အောက်ထဲလက်ခုပြီး ဘာဖြစ်နေတာတုန်း…´´…………
“ဟို ဟိုလေ ကျောင်းမှာ စာတွေရေးရတာများလို့ လက်ညောင်းနေလို့ ဖင်အောက်ထဲဖိပြီး လက်ကိုနိပ်ပေးနေရတာပါ ဖေဖေရဲ့…´´…………
“ဖြစ်ရလေ သမီးရယ် ဒါဖြင့်လဲ ဖေဖေနိပ်ပေးပါ့မယ်… ကဲပေးပေး သမီးလက်ကိုပေး…´´……….
ပြောပြောဆိုဆိုဖခင်ဖြစ်သူက သမီးငယ်ဖြစ်သူ အနီးလာပြီးလက်ကိုဆွဲယူပြီးနိပ်ပေးရန်ပြင်နေပါတော့သည်… ယမင်းလဲ မတက်သာတော့ပဲ စာကိုအသာချန်ထားကာလက်ကိုပြန်ဆွဲထုပ်ပြီး အဖေကိုလက်ကမ်းပေးလိုက်ရပါတော့သည်…………
“အမယ် ကြည့်စမ်းပါအုံး ဒီသားအဖကဘယ်လိုတွေဖြစ်နေကြတာလဲ တယ်လဲအချစ်နလံထလို့… အဖေကလဲရုံးကရောက်မဆိုက် သမီးကိုနိပ်ပေးနေရတယ် ပြောပြောချင်ဘူး…´´……….
“သမီးက ကျောင်းမှာစာတွေရေးရတာများလို့ လက်တွေညောင်းနေရှာတာလေ မသူဇာရယ် ဖင်နဲ့တောင်ပြန်နိပ်နေရတယ် သမီးလေးကိုသနားလို့ပါကွ…´´……………
“ဘယ်လို ဘယ်လို ကိုလှထွန်း လက်ကိုဖင်နဲ့နိပ်တယ် ဟုတ်လား ကြားကြားဖူးပေါင်…´´………..
“ဟတ်ပါတယ်ဆို ငါစောစောကပဲ မင်းသမီးလက်ကိုဖင်နဲ့နိပ်နေတာ မျက်စိနဲ့တပ်အပ်မြင်တာ…´´………..
“အမလေး ဖြစ်မှဖြစ်ရလေအရပ်ကတို့ရယ် လက်ကိုဖင်နဲ့နိပ်တဲ့ သမီးနဲ့ ဖင်အောက်ကလက်ကိုယူနိပ်ပေးနေတဲ့ အဖေနဲ့ ပြောချင်ဘူးဟွန်…´´…………
“ကဲပါကွာ မင်းအိမ်သာတက်ပီးပီမလား ရေချိုးတော့လေကွာ ဟုတ်ပီလား…´´…………
“ဟုတ်ပါပီ ဟုတ်ပါပီ အမြင်ကပ်စရာသားအဖရယ်… ချိုးပါတော့မယ်… ဒါနဲ့ အကြီးကောင်နဲ့ အကြီးမလဲ ပြန်မလာကြသေးပါလား…´´……….
“ကိုကြီးကပြန်ရောက်နေပီမေမေ ဒီဘက်ထိပ်မှာ လက်ဖက်ရည်သွားပြန်ဝယ်နေတာ တံခါးဝမှာအီကြာကွေးထုပ်တောင်ချိတ်သွားတယ် အီကြာကွေးကကိုကြီးတို့အလုပ်နားကကောင်းလို့လေ … သမီးမှာထားတာ…´´………….
“သြော် ဒါတောင်ညည်းက အီကြာကွေးထုပ်ကို ထယူမထားဘူး ထိုင်ရာမထဖင်မကြွတမ်းခိုင်းနေတာ…´´…………
“ဟုတ်ပါဘူး မေကြီးရယ်သမီးကလေ ဟိုဟို…´´……….
မိခင်ဖြစ်သူက ယမင်းကိုမျက်စောင်းတစ်ချက်ထိုးပြီးရေချိုးရန်နောက်ဖေးသို့ပြန်ဝင်သွားပါလေတော့သည်…. သို့သော်ဝမ်းကတစ်ဖန်ပြန်ရစ်လာနေသောကြောင့် အိမ်သာထဲသို့သာပြန်ဝင်သွားခဲ့ရပါတော့သည်…………
“ဟော ဟိုမှာ ကိုကြီးပြန်လာနေပီဖေဖေ…´´…………
“လာလာ အိမ်ပေါ်တက်သား ခနနားပြီးရင်ရေချိးလိုက်အုံး…´´…………
“ဟုတ် ဒါနဲ့မေကြီးရောဟင်…´´………….
“ရှိတယ်လေ အခုပဲ နောက်ဖေးဝင်သွားတာ ကိုကြီးရဲ့…´´………….
ဒီလိုနှင့်ယမင်းအကို ကိုဇင်တစ်ယောက်နောက်ဖေးသို့ လက်ဘက်ရည်ထုပ်နှင့်ဆေးထုပ်များကိုင်ပြီးဝင်သွားပါလေတော့သည်…………..
“အိမ်သာထဲမှာလား အမေရေ…´´……….
“အေး ဟုတ်တယ် သား… ပြန်လာပီလား…´´……….
“ဟုတ်တယ်မေမေ ဒီမှာအမေအတွက် လွယ်လွယ်ကူကူဖြစ်အောင်တောင်မှဝယ်လာခဲ့သေးတယ်…တံခါးလေး နဲနဲဟလိုက်မေမေ…´´…………..
ဒေါ်သူဇာလဲရုတ်တရက်ဘာကိုမှတော့နားမလည်ပါ… သာစဖြစ်သူစကားကြောင့်သာ အိမ်သာတံခါးကိုအနဲငယ်ဟပေးလိုက်တော့ လက်ထဲသို့ဝမ်းချူ ဘောလုံးကလေးများ ရောက်ရှိလာပါတော့သည်…………
“ဟဲ့ အကောင်ငဇင်… ဒါကဘာလုပ်တာလဲ ငါ့ကိုသေအောင်သတ်နေတာလား…´´…………
“ဟင်ဘာဖြစ်လို့လဲ အမေရဲ့…´´………..
“ငါရုံးကပြန်ရောက်လာထဲက အိမ်သာထဲကထွက်ရတယ်မရှိအောင် အီးပန်းနေတာ နင်ကအမေကိုထက်ပြီးဝမ်းချူ ဘောဝယ်လာပြီးတော့ သေအောင်သတ်နေတယ်ပေါ့လေ…´´………..
“အဲ့လိုလား မေမေရဲ့ ဟီးးး… သားကိုစောစောက ယမင်းကမေမေဝမ်းချုပ်နေတယ်ထင်တယ်ပြောလို့ ဝယ်လာပေးတာပါ မေမေရဲ့…´´………….
“အေးချုပ်မှန်းမသိ ပန်းမှန်းမသိတဲ့မောင်နှမ နင်တို့နဲ့တော့ခက်ပါတယ်ဟယ်…´´…………
“ဘွာတေးပါ မေမေရယ် ဘွာတေး…အဟီး´´…………
ခနနေတော့ ရေချိုးပြီးသွားသောသားနှင့် ဝမ်းသွားပြီးသွားသောအမေတို့ အိမ်ရှေ့သို့ တူတူလိုလိုပင်ပြန်ထွက်လာကြပါသည်…………
“ဟော မမပြန်လာပီ…´´………..
ယမင်းအော်သံကြောင့် အားလုံးကအိမ်ဝသို့လှမ်းမျှော်ကြည့်လိုက်ကြစဉ် အကွက်ချောင်းနေသော ယမင်းက ဖင်အောက်မှစာကိုနှိုက်ပြီး သူမအခန်းတွင်းသို့ဝင်ပြေးပါလေတော့သည်…………
“အိမ်မှာလူစုံနေကြပီပဲ…´´……….
“ဟုတ်တယ် သမီးရေ ဒီနေ့ သမီးနောက်ကျတယ်နော်…´´………..
“ဟုတ်တယ် ဖေဖေရေ ရုံးကအပြန်သူငယ်ချင်းတွေက မုန့်သွားစားဖို့အတင်းခေါ်နေတာနဲ့ လိုက်သွားလိုက်ရလို့ပါ…´´………..
“အေးကေသီရေ ညည်းကလဲလမ်းသလားပြီးလမ်းဗိုလ်လုပ်နေ ညည်းညီမကလဲ အိမ်မှာလူတွေကိုထိုင်ရာမထခိုင်းပြီးဗိုလ်ကျနေနဲ့…´´…………
ပြောပြောဆိုဆိုဒေါ်သူဇာလှည့်ကြည့်လိုက်တော့ယမင်းကမရှိတော့ပါ…. အခန်းထဲသွားပြီးရည်းစားစာဖတ်နေလေပြီ…………
“သြော် ဒါနဲ့ မေမေရေ ညီမလေးရောဂါကို မပေါ့ကြနဲ့နော်…´´………..
“ဟဲ့ ဘာပြောတာတုန်းငဇင်ရဲ့ နင့်ညီမကဘာဖြစ်နေလို့တုန်း…´´………..
“လိပ်ခေါင်းလေ မေမေလိပ်ခေါင်းဖြစ်နေတာ သူ့မေမေကိုမပြောဘူး… အင်းလေမေမေကတချိန်လုံးဆူပူနေတော့ သူလဲဘယ်ပြောချင်ပါ့မလဲ…´´…………
“ဖြစ်မှ ဖြစ်ရလေ ယမင်းရဲ့ ဖင်မှာလိပ်ခေါင်းဖြစ်တာ အမေကိုမပြောပဲ အကိုကိုပြောရတယ်လို့ ဒီဟာမလေးကတော့…´´…………
“ကဲ ဒါဆိုသားဇော်ကြီးတို့အိမ်ခနသွားလိုက်အုံးမယ် သူ့ကိုပြောစရာလေးရှိလို့…´´………..
“အေးအေး ထမင်းစားချိန်အမှီပြန်လာခဲ့နော်သား ဖေဖေတို့စောင့်နေမယ်…´´………….
အခန်းထဲတွင်တော့ ယမင်းတစ်ယောက် သူကျိတ်ကြွေနေသော ထက်မြတ်၏ရည်းစားစာကိုဖတ်ရင်းပျော်မဆုံးဖြစ်ကာ ကုတင်ပေါ်တွင်လှန်လိုက်မှောက်လိုက် ဝမ်းသာလုံးဆို့နေပါသည်………….
“အမယ် သူကနော်ဇွတ်ပဲ ငါ့ကိုလက်ခံနိင်တယ်ဆိုရင် ည ၇ နာရီမှာ ဇီဇဝါ အအေးဆိုင်ကိုခဏလာတွေ့ပါနော်တဲ့…မျက်နှာလေးမြင်ခွင့်ရပါရစေတဲ့သူကပြောတက်လိုက်တာ… ချစ်ဖို့ကောင်းလိုက်တာနော် ခိခိ…´´…………..
ယမင်းနာရီကြည့်တော့ခြောက်နာရီထိုးနေပြီ.. သို့ဖြင့် သူမလည်းစာကိုဝှက်ကာ ရေချိုးခန်းသို့အသော့နှင်ပါလေတော့သည်…… သူမရေချိုးခန်းထဲကထွက်လာတော့ သူမမျက်နှာကို သေချာကြည့်ပြီးအကဲခတ်နေကြသော အမေနဲ့အမကိုတွေ့လိုက်ရပါတော့သည်…. သူမစိတ်ထဲတွင် အံ့အောသွားမိသလိုထူးလဲထူးဆန်းနေပါသည်… စာကိုများမြင်သွားလို့များလားဟုလဲစိတ်ထဲမှမလုံတော့ပါ….. ဒါပေမဲ့ အအေးဆိုင်ကိုစိတ်ရောက်နေတဲ့ ယမင်းကအမေနဲ့ အမကိုမသိချင်ယောင်ဆောင်ရင်း သူမအခန်းထဲသို့ အဝတ်လဲရန်ဝင်ဖို့ပြင်နေပါတော့သည်…………..
“ယမင်းရေ လာစမ်းမေမေတို့ဆီကို…´´……….
“ဘာလုပ်မလို့လဲ မေမေရဲ့ သမီးလမ်းထိပ်က သဇင်တို့ဆီမှာ စာခနသွားလုပ်မလို့ဟာကို…´´……….
“ဘယ်မှမသွားရဘူး ယမင်း စာလုပ်ချင်ရင် သဇင့်ကိုအိမ်ကိုခေါ်လိုက်…ဒီလိုရောဂါကြီးနဲ့များ လမ်းသလားချင်နေသေးတယ်… လာမေမေ့အခန်းထဲလာခဲ့ ညည်းဖင်ကိုလိပ်ခေါင်းဆေးလူးရမယ်…´´………….
“ရှင်…´´ …………..
ယမင်းတစ်ယောက်ပါးစပ်အဟောင်းသားဖြစ်သွားရပါလေတော့သည်…………..!
ရယ်နိင်ကြစေသား……..
Written by – နေထွဋ်နောင်..
Zawgyi
နွဲ့ယ
“ဖင်အောက်ကရည်းစားစာ´´ ( ဟာသစဆုံး )

နွဲ့ယမင်းက အမေနှင့်စကားပြောနေရင်း ဖင်အောင်တွင်အမြန်သွင်းထားလိုက်ရသည် စာကိုလက်နောက်ပြန်နှိုက်ပြီးထပ်သွင်းနေပါသည်…. ထိုကြောင့် သူအမှုအယာကဖင်တကြွကြွလက်တပြင်ပြင်နှင့်………..
ယမင်းတစ်ယောက်ကြံရာမရဖြစ်နေလေပြီ… ထမရထိုင်မရအခြေအနေမျိုး………
“ဟင်ဘာဖြစ်လို့လဲ ညလေး…´´………..
“အိမ်သာထဲမှာလား အမေရေ…´´……….
“ဟော မမပြန်လာပီ…´´………..
“ရှင်…´´ …………..
ရယ်နိင်ကြစေသား……..