ၾကားသိရသမွ်

၂၀၂၁ တစ်နှစ်လုံး ပျော်ခဲ့ရတယ်ဆိုတာ တစ်ရက်မှ မရှိခဲ့ဘူးလို့ ဝမ်းနည်းစွာ ငြီးတွားလာတဲ့ ဇေသီဟ..

(Unicodeဖြင့် ဖတ်ရန်)

သရုပ်ဆောင် နန္ဒာလှိုင် ကတော့ (၂၀၀၈) ခုနှစ်မှာ အိမ်ထောင်ကျ ခဲ့ပြီး ဇေဝတီလှိုင်၊ ဇေရတီလှိုင် နဲ့ ဇေမဒီလှိုင်ဆိုတဲ့ သမီးသုံးယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

နန္ဒာလှိုင်က အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာ အလုပ်တွေကို မလုပ်ကိုင်တော့ ပေမယ့် ခရိုနီအသိုင်းအဝိုင်းဆိုပြီး နာမည်ကြီးတဲ့ သူမရဲ့ အိမ်ထောင်ရေးကြောင့် ပရိသတ်တွေက စိတ်ဝင်စားခြင်း ခံရသူပဲ ဖြစ်ပါတယ်နော်။

နန္ဒာလှိုင်ရဲ့ခင်ပွန်း ဇေသီဟ ဟာဆိုရင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး နာမည်ကျော် လူသိများတဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ သားတစ် ယောက်လည်း ဖြစ်ပါတယ်..

ခရိုနီတစ်ယောက်ဖြစ်တဲ့ ဇေသီဟဟာ လက်ရှိနိုင်ငံရေး ပြဿနာတွေကြား ဝင်ရောက် ပတ်သက်ခြင်း မရှိပေမယ့် ၂၀၂၁ခုနှစ်မှာလည်း ပျော်ရွှင်မှုတွေ မရှိခဲ့ကြောင်း ပြောလာပါတယ်။

ဇေသီဟက “၂၀၂၁ တစ်နှစ်လုံး ပျော်ခဲ့ ရတယ်ဆိုတာ တစ်ရက်မှ မရှိပါဘူး။ အားလုံးကို မေတ္တာပို့ပေးပါတယ် အေးချမ်းကြပါစေ ဝဋ်ကြွေးရှိရင် ကြေကြပါစေ။

သူတော်ကောင်း တို့၏ စောင့်ရှောက်မှုကို အပြည့်အဝ ရကြပါစေ။” ဆိုပြီး ပြောလာ ပါတယ်။ ဇေသီဟကတော့ ပညာသားပါပါနဲ့ မယုတ်မလွန်ပြောတာလို့ ဆိုနေသူတွေ ရှိသလို..

တချို့ကလည်း ဇေသီဟဟာ ခရိုနီပီပီ ယခုနှစ်မှာ စီးပွားရေး နစ်နာမှုတွေ ရှိတဲ့အတွက် အခုလို ငြီးတွားပြောဆိုလာတာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်နော်။

ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးအနေနဲ့ကော မြန်မာပြည်သူတွေ ယခုနှစ်၁နှစ်လုံး သောကမျိုးစုံ ကြုံနေရတာဟာ ဇေသီဟ ပြောသလို ဝဋ်ကြွေးကြောင့်လို့ပဲ ထင်မြင်မိကြသလား ပြောခဲ့ပေးကြပါအုံးနော်။

(Zawgyiျဖင့္ ဖတ္ရန္)

သရုပ္ေဆာင္ နႏၵာလိႈင္ ကေတာ့ (၂၀၀၈) ခုႏွစ္မွာ အိမ္ေထာင္က် ခဲ့ၿပီး ေဇဝတီလိႈင္၊ ေဇရတီလိႈင္ နဲ႔ ေဇမဒီလိႈင္ဆိုတဲ့ သမီးသံုးေယာက္ကို ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။

နႏၵာလိႈင္က အိမ္ေထာင္က်ၿပီး ေနာက္ပိုင္း အႏုပညာ အလုပ္ေတြကို မလုပ္ကိုင္ေတာ့ ေပမယ့္ ခရိုနီအသိုင္းအဝိုင္းဆိုၿပီး နာမည္ႀကီးတဲ့ သူမရဲ့ အိမ္ေထာင္ေရးေၾကာင့္ ပရိသတ္ေတြက စိတ္ဝင္စားျခင္း ခံရသူပဲ ျဖစ္ပါတယ္ေနာ္။

နႏၵာလိႈင္ရဲ့ခင္ပြန္း ေဇသီဟ ဟာဆိုရင္ နာမည္ႀကီး စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္ျဖစ္ၿပီး နာမည္ေက်ာ္ လူသိမ်ားတဲ့ ေဇကမ႓ာဦးခင္ေရႊရဲ့ သားတစ္ ေယာက္လည္း ျဖစ္ပါတယ္..

ခရိုနီတစ္ေယာက္ျဖစ္တဲ့ ေဇသီဟဟာ လက္ရိွႏိုင္ငံေရး ျပႆနာေတြၾကား ဝင္ေရာက္ ပတ္သက္ျခင္း မရိွေပမယ့္ ၂၀၂၁ခုႏွစ္မွာလည္း ေပ်ာ္ရႊင္မႈေတြ မရိွခဲ့ေၾကာင္း ေျပာလာပါတယ္။

ေဇသီဟက “၂၀၂၁ တစ္ႏွစ္လံုး ေပ်ာ္ခဲ့ ရတယ္ဆိုတာ တစ္ရက္မွ မရိွပါဘူး။ အားလံုးကို ေမတၲာပို႔ေပးပါတယ္ ေအးခ်မ္းၾကပါေစ ဝဋ္ေႂကြးရိွရင္ ေၾကၾကပါေစ။

သူေတာ္ေကာင္း တို႔၏ ေစာင့္ေရွာက္မႈကို အျပၫ့္အဝ ရၾကပါေစ။” ဆိုၿပီး ေျပာလာ ပါတယ္။ ေဇသီဟကေတာ့ ပညာသားပါပါနဲ႔ မယုတ္မလြန္ေျပာတာလို႔ ဆိုေနသူေတြ ရိွသလို..

တခ်ိဳ႕ကလည္း ေဇသီဟဟာ ခရိုနီပီပီ ယခုႏွစ္မွာ စီးပြားေရး နစ္နာမႈေတြ ရိွတဲ့အတြက္ အခုလို ၿငီးတြားေျပာဆိုလာတာ ျဖစ္ႏိုင္တယ္လို႔ ေျပာဆိုေနၾကတာကိုလည္း ေတြ့ရပါတယ္ေနာ္။

ဖတ္ရႈ႔အားေပးေနၾကတဲ့ ပရိသတ္ႀကီးအေနနဲ႔ေကာ ျမန္မာျပည္သူေတြ ယခုႏွစ္၁ႏွစ္လံုး ေသာကမ်ိဳးစံု ႀကံဳေနရတာဟာ ေဇသီဟ ေျပာသလို ဝဋ္ေႂကြးေၾကာင့္လို႔ပဲ ထင္ျမင္မိၾကသလား ေျပာခဲ့ေပးၾကပါအံုးေနာ္။