ၾကားသိရသမွ်

မသေခင်လေးမှာ အသံတိတ်ဆုံးမပြီး တရားပြသွားသူ မိန်းကလေး

အသံတိတ်ဆုံးမပြီး တရားပြသွားသူ…တခါက ဆေးရုံတရုံမှာ အမျိုးသမီးတစ်ယောက် ဆေးရုံလာတက်တယ်သူ့ကြည့်ရတာ နှုတ်ခမ်းနီဆိုးသနပ်ခါးတွေ အဖွေးသားနဲ့ဆိုတော့တခြားလူနာတွေ လူနာစောင့်တွေ သူနာပြုဆရာမအငယ်လေးတွေရဲ့မျက်လုံးထဲမှာ cross ဖြစ်ကြပါလေကော အလုပ်ကနေ ခွင့်ရအောင်လို့နေမကောင်းတာအကြောင်းပြ ဂယ်ရှာတာလား ဘာလား ညာလားပေါ့ဆရာဝန်ကြီးတွေက သူ့ကို ပိုပြီးအရေးပေးသယောင်ရှိတော့ ငွေရှိလို့လား ဆွေမျိုးလား

ဘာလား ညာလားပေါ့ ဟုတ်တော့လည်း ဟုတ်နေတာပဲလေသနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်း နှုတ်ခမ်းနီတွေဆိုး အဝတ်အစားအသစ်တွေဝတ်နဲ့မင်းသမီးက ဟိုတယ်မှာလာတည်းတာကျနေတာပဲ လုံဝအလန်းဒါ့အပြင် လူနာစောင့်ကမပါတော့ အဝတ်အစားက ကိုယ်တိုင်လျှော်သေးတာစာအုပ်ဖတ်လိုက် နားကြပ်လေးတပ်ထားလိုက်နဲ့သူရောက်နေတဲ့ ICU အရေးပေါ်ခန်းနဲ့ လာလားမှမသက်ဆိုင်…

အေးဆေးပဲနောက်နှစ်ရက်လောက်မှာ သူသေသွားတော့မှ အဖြေက ရှင်းသွားတော့တယ်ကျောက်ကပ်နှစ်ခုလုံးပျက်စီးနေတဲ့ တခြားသော သွေးတိုး ဆီးချို နှလုံးတွေပါမကောင်းတော့တဲ့လင်ယောက်ျားရဲ့စွန့်ပစ်ခြင်းခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်

သူ့ရဲ့နောက်ဆုံးအချိန်ထိ သူတပါးရဲ့သနားတဲ့အကြည့်မခံခဲ့ဘူးပိန်ချုံးပိန်လှီပြီး ကိုယ့်ကိုမြင်တဲ့သူတပါးကို စိတ်မညစ်ညူးစေခဲ့ဘူးမိဘဆွေမျိုးတွေခေါ်ပြီး အလုပ်မရှုပ်စေခဲ့ဘူးသူလျှော်ဖွတ်ထားတဲ့အဝတ်အစားတွေ ပစ္စည်းတွေမှာ

ဘယ်ကိုလှူပေးပါဆိုပြီး စာတောင်ရေးထားကပ်ထားခဲ့သေးသေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုလည်း မြေချပေးမယ့်သူတွေ လုပ်ကိုင်ပေးချင်စိတ်ရှိအောင်ကြိုတင်နေထိုင်သွားတယ်အိမ်မှာ သေဆုံးရင် ဘေးပတ်ဝန်းကျင် အလုပ်ရှုပ်မှာစိုးလို့ စနစ်တကျရှိတဲ့နေရာကို အရောက်လာခဲ့တယ်

သူသေပြီးနောက်လှူထားခဲ့တဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ဆေးရုံက အချိန်မီ ရရှိစေခဲ့တယ်…သူဖတ်ခဲ့တဲ့စာအုပ်တွေက မျက်နှာဖုံးတွေကပ်ထားတော့နောက်မှ သိရတာက ပါချုပ်ဆရာတော်ကြီးရဲ့ တရားဓမ္မ အဆုံးအမတွေသူနားထောင်ခဲ့တဲ့တရားတွေက မိုးကုတ်ဆရာတော်ကြီးရဲ့ ဝိပဿနာကမ္မဋ္ဌာန်းတရားတော်တွေနောက်ဆုံး သူ့ကိုကြည့်ပြီးဝေဖန်နေတဲ့သူတွေကိုတောင်မှ အသံတိတ်ဆုံးမပြီး တရားပြသွားသေးတယ်မြင်ရုံ၊ကြားရုံ၊ထိတွေ့ ရုံနဲ့ ဝေဖန်လေကန်ခဲ့တဲ့သူတွေကတော့

အဲ့ဒီအချိန်မှာ တရားပဲနာရမလိုလို တရားစာပဲကျက်ရမလိုလိုနဲ့ အံသြ ထိတ်လန့် တရားရသလိုလိုဖြစ်သွားခဲ့တယ်နောက်ကြာလာတော့လည်း မေ့ပျောက်သွားပြီး ဒုံရင်း ဒုံရင်းပါပဲကိုယ့်အခြေအနေကိုယ်သိ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ခိုင်မာတဲ့သူက သူ့အလုပ်သူသေချာလုပ်သွားသလို

သူတပါးကိုလိုက်ကြည့် လိုက်ဝေဖန်တဲ့သူက သူတို့ချစ်ရင်ကောင်း သူတို့မုန်းရင်မကောင်းချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့သူဆိုရင်တော့ ကောင်းကွက်ထက်ဆိုးကွက် အားနည်းချက်ကိုပဲ မြင်ဖို့များသလို ကိုယ့်ကိုယ်ကိုယ်ကျပြီးပြည့်စုံနေတယ်လို့ မသိစိတ်ကနေ ထင်တတ်ကြတာက သဘာဝတရားပဲလေ…။

Credit

===========

Unicode

အသံတိတ်ဆုံးမပြီး တရားပြသွားသူ…တခါက ဆေးရုံတရုံမှာ အမျိုးသမီးတစ်ယောက် ဆေးရုံလာတက်တယ်သူ့ကြည့်ရတာ နှုတ်ခမ်းနီဆိုးသနပ်ခါးတွေ အဖွေးသားနဲ့ဆိုတော့တခြားလူနာတွေ လူနာစောင့်တွေ သူနာပြုဆရာမအငယ်လေးတွေရဲ့မျက်လုံးထဲမှာ cross ဖြစ်ကြပါလေကော အလုပ်ကနေ ခွင့်ရအောင်လို့နေမကောင်းတာအကြောင်းပြ ဂယ်ရှာတာလား ဘာလား ညာလားပေါ့ဆရာဝန်ကြီးတွေက သူ့ကို ပိုပြီးအရေးပေးသယောင်ရှိတော့ ငွေရှိလို့လား ဆွေမျိုးလား

ဘာလား ညာလားပေါ့ ဟုတ်တော့လည်း ဟုတ်နေတာပဲလေသနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်း နှုတ်ခမ်းနီတွေဆိုး အဝတ်အစားအသစ်တွေဝတ်နဲ့မင်းသမီးက ဟိုတယ်မှာလာတည်းတာကျနေတာပဲ လုံဝအလန်း

ဒါ့အပြင် လူနာစောင့်ကမပါတော့ အဝတ်အစားက ကိုယ်တိုင်လျှော်သေးတာစာအုပ်ဖတ်လိုက် နားကြပ်လေးတပ်ထားလိုက်နဲ့သူရောက်နေတဲ့ ICU အရေးပေါ်ခန်းနဲ့ လာလားမှမသက်ဆိုင်…အေးဆေးပဲ

နောက်နှစ်ရက်လောက်မှာ သူသေသွားတော့မှ အဖြေက ရှင်းသွားတော့တယ်ကျောက်ကပ်နှစ်ခုလုံးပျက်စီးနေတဲ့ တခြားသော သွေးတိုး ဆီးချို နှလုံးတွေပါမကောင်းတော့တဲ့လင်ယောက်ျားရဲ့စွန့်ပစ်ခြင်းခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်

သူ့ရဲ့နောက်ဆုံးအချိန်ထိ သူတပါးရဲ့သနားတဲ့အကြည့်မခံခဲ့ဘူးပိန်ချုံးပိန်လှီပြီး ကိုယ့်ကိုမြင်တဲ့သူတပါးကို စိတ်မညစ်ညူးစေခဲ့ဘူးမိဘဆွေမျိုးတွေခေါ်ပြီး အလုပ်မရှုပ်စေခဲ့ဘူးသူလျှော်ဖွတ်ထားတဲ့အဝတ်အစားတွေ ပစ္စည်းတွေမှာ

ဘယ်ကိုလှူပေးပါဆိုပြီး စာတောင်ရေးထားကပ်ထားခဲ့သေးသေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုလည်း မြေချပေးမယ့်သူတွေ လုပ်ကိုင်ပေးချင်စိတ်ရှိအောင်ကြိုတင်နေထိုင်သွားတယ်အိမ်မှာ သေဆုံးရင် ဘေးပတ်ဝန်းကျင် အလုပ်ရှုပ်မှာစိုးလို့ စနစ်တကျရှိတဲ့နေရာကို အရောက်လာခဲ့တယ်သူသေပြီးနောက်လှူထားခဲ့တဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ဆေးရုံက အချိန်မီ ရရှိစေခဲ့တယ်…သူဖတ်ခဲ့တဲ့စာအုပ်တွေက မျက်နှာဖုံးတွေကပ်ထားတော့နောက်မှ သိရတာက ပါချုပ်ဆရာတော်ကြီးရဲ့ တရားဓမ္မ အဆုံးအမတွေ

သူနားထောင်ခဲ့တဲ့တရားတွေက မိုးကုတ်ဆရာတော်ကြီးရဲ့ ဝိပဿနာကမ္မဋ္ဌာန်းတရားတော်တွေနောက်ဆုံး သူ့ကိုကြည့်ပြီးဝေဖန်နေတဲ့သူတွေကိုတောင်မှ အသံတိတ်ဆုံးမပြီး တရားပြသွားသေးတယ်မြင်ရုံ၊ကြားရုံ၊ထိတွေ့ ရုံနဲ့ ဝေဖန်လေကန်ခဲ့တဲ့သူတွေကတော့