ၾကားသိရသမွ်

ဖုန်းအင်တာနက်တွေ စျေးတက်နေတဲ့ အခက်အခဲကို ဘယ်လို ကျော်လွှားကြမလဲ

ဖုန်းအင်တာနက်တွေ စျေးတက်နေတဲ့ အခက်အခဲကို ဘယ်လို ကျော်လွှားကြမလဲ

Mobile data ဖုန်းအင်တာနက်​တွေ ​ဈေးတိုးမြှင့်လိုက်တဲ့ သတင်း​​တော့ အားလုံးသိပြီးကြပြီ ထင်ပါတယ်။ ဘာ​ကြောင့်ဆိုတာ​တော့ ကာယကံရှင် ကြင်စိုးတို့ပဲ သိမယ်ဆို​ပေမဲ့ မ​ပြေး​သော်ကန်ရာရှိ ဆိုသလို Digital Strike နဲ့ သတင်းစီးဆင်းမှု​တွေကို တားဆီးချင်လို့ လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။ ကြည့်မြင်တိုင် ပန်းပင်နီလမ်းက အဖြစ်အပျက် ဗီဒီယိုဖိုင်မျိုး​ဆို အင်မတန် အထိနာခဲ့တယ် ​ပြောရမှာကိုး။

Wifi ကလည်း တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်​တော့ မလွှမ်းခြုံနိုင်တာမို့ Mobile data ကို စီစီစစ်စစ်နဲ့ သုံးနိုင်ဖို့ လိုပါတယ်။ ဒီအတွက် ​လေ့လာမိသ​လောက် အကြံပြုလိုတာက..

၁။ အင်တာနက်ကို Package ​နဲ့ သုံးပါ။ ဒီအတိုင်း သုံးတာက အကုန်အကျ ပိုများပါတယ်။

၂။ P​ackage ဝယ်ဖို့က တစ်လကို ကိုယ် ​ဒေတာပမာဏ ဘယ်​လောက်သုံးလဲ ​ပေါ် မူတည်ပြီး ဝယ်မယ်ဆို ပိုအဆင်​ပြေတယ်။ မသုံးနိုင်ဘဲ ပိုဝယ်ထားမိတာမျိုး မဖြစ်​​တော့သလို တစ်လ တစ်လ ကိုယ့်ရဲ့ ဖုန်း​ဘေလ်ကုန်ကျစရိတ်ကိုလည်း ချိန်လို့ ရသွားမယ်။

အရင်က တစ်လ ၂ ​သောင်း ကုန်တယ်၊ အခု ၃ ​သောင်းဆို ပိုလာတဲ့ ၁ ​သောင်းအတွက် ဘယ်​နေရာက​နေ ​လျှော့လို့ ရမလဲ ဆိုတာ စဥ်းစားလို့ ရသွားမှာ ဖြစ်တယ်။ (ဥပမာ အစားအ​သောက် မှာစားတာ)

နောက်ပြီး Digital Strike နဲ့ သတင်းစီးဆင်းမှုက ရပ်လို့ မဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Entertainment အတွက် သုံးတဲ့ တခြားဟာ​တွေ (ဥပမာ Netflix, Game ​တွေ) ကို နည်းနည်း​လျှော့လို့ ရသွားပါမယ်။

၃။ Bonus ​​တွေကို စောင့်ကြည့်ပါ။ ဒါမှ များများသုံးနိုင်လိမ့်မယ်။

၄။ Application Update ​တွေကို Wifi ရှိတဲ့​နေရာမှ လုပ်ပါ။ ဒီအတွက် App ​တွေကို ​Auto-update မဖြစ်​နေ​အောင် သေချာဝင်စစ််ကြည့်​ပေးပါ။

၅။ ဖေ့စဘွတ်သုံးတဲ့အခါ ကိုယ့်အတွက် အ​ရေးတကြီး လိုအပ်တာကို ရှာဖတ်တဲ့ အ​လေ့အကျင့် လုပ်ပါ။ ဒီလိုပဲ scroll down လုပ်ပြီး သုံးတာက Data ​တွေကို ကုန်မှန်းမသိ ကုန်​စေတယ်။ ​

နောက်ပြီး ကိုယ့်ရဲ့ Favourite list (အရင်က See first) ကိုလည်း ပြန်စစ်ပါ။ ဆယ်လီ​တွေကို ထားထားမိရင် ခဏပြန်ဖြုတ်ပြီး NUG ရဲ့ ​​ပေ့ချ်​တွေ၊ C2D လို ​ပေ့ချ်​တွေနဲ့ တခြားသတင်းဌာန​တွေကို ဦးစား​ပေး ​ထားပေးပါ။

ဒါဆို ဖေ့စဘွတ်ဖွင့်မယ်။ ဒီသတင်း​တွေ ဖတ်မယ်။ ကိုယ်ဖတ်ချင်တဲ့ တချို့လူ​တွေရဲ့ စာ​တွေကို Search box က​နေ ရှာမယ်။ နည်းနည်းဖြစ်ဖြစ်​တော့ ပွတ်မယ် (Scroll down လုပ်မယ်)။ ပြီးတာနဲ့ တခြားကလစ်လုပ်တာမျိုး​​တွေ၊ ကိုယ့်အတွက် ​လေ့လာသင်ယူစရာ​​တွေကို ဦးစား​ပေး လုပ်မယ်။ ဒီလိုဆို ပိုအဆင်​ပြေပါတယ်။

၆။ ဗီဒီယို​တွေမှာ Auto play ပိတ်ထားပါ။ ဒါဆို ကိုယ် Play ဆိုပြီး နှိပ်မှ ပွင့်မှာ ဖြစ်လို့ ​Data ကုန်တာ သက်သာပါတယ်။ Video resolution ​တွေလည်း ချထားပါ။

၇။ ထပ်ကာ ထပ်ကာ ပြန်ကြည့်ဖို့ လိုတဲ့ သင်ကြား​ရေး ဗီဒီယို​တွေများ ဖြစ်​နေရင် တစ်ခါတည်း Down ထားပါ။ YouTube, Netflix စတာ​တွေမှာလည်း အဲ့လို Download လုပ်ပြီး ကြည့်တာက ပိုအဆင်​ပြေပါတယ်။

(C2D က ဗီဒီယို​တွေကို ​ပြောခြင်း မဟုတ်ပါ။ ဥပမာ တရား​တော်​တွေ၊ သီချင်း​တွေ၊ Workout video ​တွေ စသဖြင့် ကိုယ်​နေ့တိုင်းကြည့်ဖြစ်​နေမဲ့ video ​တွေကို ဆိုလိုပါတယ်။)

ဒီ​လောက်ဆို အတိုင်းအတာတစ်ခုထိ ​ခြွေတာပြီးသား ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ငွေကို စိစစ်ပြီး သုံး​နေရသူ​တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ဆင်းရဲချမ်းသာ ကွာခြားကြတာမို့ ဘယ်လို​ဈေးတက်တက် သိပ်မသိသာဘူး ဆိုတဲ့သူ​တွေက Digital Strike မှာ များများပါဝင်​ပေးပါ။ Wifi နဲ့ သုံးသူ​တွေ​၊ နိုင်ငံခြားက လူ​တွေ​ရောပဲ​ပေါ့။ ​

ဒီ​တော်လှန်​ရေးကာလတ​လျှောက်မှာ ​အကြပ်အတည်း အခက်အခဲ​ပေါင်းများစွာ ​ကျော်ဖြတ်ခဲ့ကြရပါတယ်။ ငွေသားရှားပါးတဲ့ ပြသနာ​တွေ ကြုံခဲ့ရပြီးပြီ။ ကိုဗစ်​ကြောင့်လည်း အသက်​တွေ ဆုံးရှုံးခဲ့ရပြီးပြီ။

ဒါ​ပေမဲ့လည်း ပြည်သူ​တွေဟာ အင်နဲ့အားနဲ့ မ​မောနိုင် မပန်းနိုင် ​တော်လှန်​နေကြဆဲ ဖြစ်ပါတယ်။ Mobile data ​ဈေး​တွေ မြှင့်လိုက်ရုံနဲ့သာ တော်လှန်​ရေး အားနည်းသွားရမယ်ဆို ဒီ​လောက်ထိ​တောင် ​ခရီးရောက်လာခဲ့မယ် မဟုတ်ပါဘူး။

စစ်ဖိနပ်​အောက်က ရုန်းထွက်ချင်တဲ့ ကျ​နော်တို့ ပြည်သူ​တွေရဲ့ ဆန္ဒကို ဘယ်အရာကမှ တားဆီးလို့ ရနိုင်​တော့မှာ မဟုတ်လို့ ကြုံရသမျှ အခက်အခဲတိုင်းကို ဉာဏ်ပညာနဲ့၊ အချင်းချင်း ​ဖေးကူမှု​တွေနဲ့၊ သူ လွတ်သွားတဲ့​နေရာ ကိုယ်ဖြည့်၊ ကိုယ်လွတ်သွားတဲ့​နေရာ သူဖြည့်​ပေးပြီး စည်းလုံးမှုအပြည့်နဲ့ ​ကျော်ဖြတ်ကြရ​အောင်ပါ။

ဒေါက်တာ ဖြိုးသီဟ (၉.၁၂.၂၀၂၁)