ၾကားသိရသမွ်

သားအတွက် ကျတဲ့မျက်ရည် !!! ” သားကိုရင် လူထွက်မလာနဲ့နော် ဘုန်းကြီးဖြစ်အောင်နေ ကြားလား

သားအတြက္ က်တဲ့မ်က္ရည္ !!!

” သားကိုရင္ လူထြက္မလာနဲ႔ေနာ္

ဘုန္းႀကီးျဖစ္ေအာင္ေန ၾကားလား

” ငါ့သားကိုရင္ကို အေမတို႔က

ရဟန္းခံေပးရင္းနဲ႔အလႉႀကီးေပးလႉႏိုင္ေအာင္အလုပ္ေတြပိုၿပီး ႀကိဳးစားေနတယ္ ”

” ဒါနဲ႔ အေဖေရာ ဘယ္မွာလဲ အေမ ”

” ေတာထဲသြားေနတယ္ ငါ့သားေရ~

သူလည္း သားအတြက္ပဲ လုံးပမ္းေနရွာတယ္ ”

” အခုႏွစ္ သီးႏွံေတြလည္း မႏွစ္ကထက္

ပိုၿပီးရတယ္ ”

” ကိုရင္ရဲ႕ အစ္မေတြကို

ေ႐ႊေလးေတြ ဆင္ေပးထားတယ္ ”

လာမယ့္ႏွစ္အတြက္ လယ္ယာေတြကိုတိုးခ်ဲ႕လုပ္ကိုင္မယ္သားကိုရင္သာ စာေတြႀကိဳးစားၿပီးေအာင္ျမင္ေအာင္လုပ္ပါ။

အေမတို႔အတြက္ ေတြးပူစရာမလိုပါဘူး ငါ့ သားရယ္ ။

လိမ္လိမ္မာေနဆရာ့စကားနားေထာင္စသည္ျဖင့္မွာစရာရွိတာသားအမိႏွစ္ေယာက္Video Callျဖင့္မွာတမ္းေခြၽၿပီး မိမိလက္ထဲကိုကိုရင္ငယ္ကဖုန္းလာေပးပါတယ္ ။

ကိုရင္ေပါက္စ အခန္းထဲကထြက္သြားခ်ိန္မွာ ဖုန္းမက်ေသးပါ ။

ပထမတစ္ႀကိမ္ကိုရင္မယ္ေတာ္နဲ႔မိမိ ဖုန္းေျပာဖူးပါတယ္

ဒီေန႔ ေန႔လည္မွာဒုတိယမၸိအႀကိမ္ေျပာျခင္းျဖစ္ပါတယ္။

ဟင္~~ဒကာမႀကီး ဘယ္လိုျဖစ္တာလဲ?

ဘာျဖစ္လို႔ မ်က္ရည္ေတြက်ေနရတာလဲ?

ဝမ္းနည္းစရာမွ မဟုတ္ဘဲ ဒီေက်ာင္းမွာစာသင္ စာက်က္ၿပီးခ်မ္းခ်မ္းသာသာေနရပါတယ္

ပူစရာမရွိပါဘူး လို႔မိမိက ျပန္အားေပးလိုက္ပါတယ္ ။

`အရွင္ဘုရား!

ကိုရင္က အိမ္မွာ အငယ္ဆုံး သားေလးပါ ။

မေတြ႕ရတာၾကာလို႔ သားေလးကိုလြမ္းလြန္းလို႔ စိတ္မထိန္းႏိုင္တဲ့အတြက္ဝမ္းနည္း ဝမ္းသာ မ်က္ရည္က်မိခဲ့မိတာကိုတပည့္ေတာ္မ ေတာင္းပန္ပါတယ္ ။

အေစာကတည္းကငိုခ်င္စိတ္ျဖစ္မိေပမယ့္သားကိုရင္ေလးသိသြားရင္စိတ္မေကာင္းျဖစ္မွာစိုးတဲ့အတြက္မနည္းမ်ိဳသိပ္ထားခဲ့ရတယ္လို႔ငိုသံေႏွာကာ ေျပာေနရွာတဲ့ကိုရင္မယ္ေတာ္ရဲ႕အသံကိုအပိုအလို မရွိေအာင္က႐ုဏာရသစာတမ္းေလးေရးဖြဲ႕လိုက္ပါတယ္။

ေတာသူမိခင္ေတြဟာ သားကိုရင္ကိုဘယ္ေလာက္အထိ ခ်စ္သလဲဆိုတာ

သူတို႔ရဲ႕ အနာဂတ္ေတြအားလုံးသားကိုရင္အတြက္ဆိုၿပီးစိတ္ပိုင္းျဖတ္ထားတာကိုကိုယ္တိုင္မ်က္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရတယ္ ။

မိခင္ေတြရဲ႕ဝမ္းနည္းတဲ့စိတ္ထားကို အျပစ္ေျပာလို႔ မရဘူး

ကိုးလလြယ္ ဆယ္လဖြားပင္ပန္းဆင္းရဲစြာကိုယ္တိုင္ေမြးျမဴထားရတဲ့သားအတြက္မိခင္ရင္ထဲမွာဘယ္ေလာက္အထိ ခ်စ္ျခင္းေမတၱာေတြျပည့္လွ်ံစီးဆင္းေနမလဲဆိုတာကိုမိခင္ျဖစ္ဖူးသူတိုင္းမွ သိၾကမွာပါ ။

☘️ကိုရင္ငယ္လည္း ထြန္းေတာက္ပါေစ ။

☘️မိခင္တိုင္းလည္း စိတ္ခ်မ္းေျမ့ၾကပါေစ ။

သားတစ္ေယာက္ကို

သာသနာေတာ္အတြက္

လြမ္းစိတ္ကိုဖယ္ မ်ိဳသိပ္ႏိုင္တဲ့စိတ္ကိုဖက္တြယ္ရင္း

စြန႔္လႊတ္လႉဒါန္းႏိုင္တဲ့ႏွလုံးသားပိုင္ရွင္ေတြဟာ

ရဟန္းကိုရင္ေတြရဲ႕ မိဘေတြပဲ မဟုတ္လား !

Crd ✍️. အရွင္သာသန (ဝက္လက္)

unicode

သားအတွက် ကျတဲ့မျက်ရည် !!!

” သားကိုရင် လူထွက်မလာနဲ့နော်

ဘုန်းကြီးဖြစ်အောင်နေ ကြားလား

” ငါ့သားကိုရင်ကို အမေတို့က

ရဟန်းခံပေးရင်းနဲ့

အလှူကြီးပေးလှူနိုင်အောင်အလုပ်တွေ

ပိုပြီး ကြိုးစားနေတယ် ”

” ဒါနဲ့ အဖေရော ဘယ်မှာလဲ အမေ ”

” တောထဲသွားနေတယ် ငါ့သားရေ~

သူလည်း သားအတွက်ပဲ လုံးပမ်းနေရှာတယ် ”

” အခုနှစ် သီးနှံတွေလည်း မနှစ်ကထက်

ပိုပြီးရတယ် ”

” ကိုရင်ရဲ့ အစ်မတွေကို

ရွှေလေးတွေ ဆင်ပေးထားတယ် ”

လာမယ့်နှစ်အတွက် လယ်ယာတွေကို

တိုးချဲ့လုပ်ကိုင်မယ်

သားကိုရင်သာ စာတွေကြိုးစားပြီး

အောင်မြင်အောင်လုပ်ပါ။

အမေတို့အတွက် တွေးပူစရာမလိုပါဘူး ငါ့ သားရယ် ။

လိမ်လိမ်မာနေ

ဆရာ့စကားနားထောင်စသည်ဖြင့်

မှာစရာရှိတာ

သားအမိနှစ်ယောက်Video Callဖြင့်

မှာတမ်းချွေပြီး မိမိလက်ထဲကို

ကိုရင်ငယ်က

ဖုန်းလာပေးပါတယ် ။

ကိုရင်ပေါက်စ အခန်းထဲက

ထွက်သွားချိန်မှာ ဖုန်းမကျသေးပါ ။

ပထမတစ်ကြိမ်ကိုရင်မယ်တော်နဲ့

မိမိ ဖုန်းပြောဖူးပါတယ်

ဒီနေ့ နေ့လည်မှာ

ဒုတိယမ္ပိအကြိမ်ပြောခြင်းဖြစ်ပါတယ်။

ဟင်~~ဒကာမကြီး ဘယ်လိုဖြစ်တာလဲ?

ဘာဖြစ်လို့ မျက်ရည်တွေကျနေရတာလဲ?

ဝမ်းနည်းစရာမှ မဟုတ်ဘဲ ဒီကျောင်းမှာ

စာသင် စာကျက်ပြီး

ချမ်းချမ်းသာသာနေရပါတယ်

ပူစရာမရှိပါဘူး လို့

မိမိက ပြန်အားပေးလိုက်ပါတယ် ။

`အရှင်ဘုရား!

ကိုရင်က အိမ်မှာ အငယ်ဆုံး သားလေးပါ ။

မတွေ့ရတာကြာလို့ သားလေးကို

လွမ်းလွန်းလို့ စိတ်မထိန်းနိုင်တဲ့အတွက်

ဝမ်းနည်း ဝမ်းသာ မျက်ရည်ကျမိခဲ့မိတာကို

တပည့်တော်မ တောင်းပန်ပါတယ် ။

အစောကတည်းက

ငိုချင်စိတ်ဖြစ်မိပေမယ့်

သားကိုရင်လေးသိသွားရင်

စိတ်မကောင်းဖြစ်မှာစိုးတဲ့အတွက်

မနည်းမျိုသိပ်ထားခဲ့ရတယ်လို့

ငိုသံနှောကာ ပြောနေရှာတဲ့

ကိုရင်မယ်တော်ရဲ့အသံကို

အပိုအလို မရှိအောင်

ကရုဏာရသ

စာတမ်းလေးရေးဖွဲ့လိုက်ပါတယ်။

တောသူမိခင်တွေဟာ သားကိုရင်ကို

ဘယ်လောက်အထိ ချစ်သလဲဆိုတာ

သူတို့ရဲ့ အနာဂတ်တွေအားလုံး

သားကိုရင်အတွက်ဆိုပြီး

စိတ်ပိုင်းဖြတ်ထားတာကို

ကိုယ်တိုင်

မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတယ် ။

မိခင်တွေရဲ့ဝမ်းနည်းတဲ့

စိတ်ထားကို အပြစ်ပြောလို့ မရဘူး

ကိုးလလွယ် ဆယ်လဖွား

ပင်ပန်းဆင်းရဲစွာ

ကိုယ်တိုင်မွေးမြူထားရတဲ့သားအတွက်

မိခင်ရင်ထဲမှာ

ဘယ်လောက်အထိ ချစ်ခြင်းမေတ္တာတွေ

ပြည့်လျှံစီးဆင်းနေမလဲဆိုတာကို

မိခင်ဖြစ်ဖူးသူတိုင်းမှ သိကြမှာပါ ။

☘️ကိုရင်ငယ်လည်း ထွန်းတောက်ပါစေ ။

☘️မိခင်တိုင်းလည်း စိတ်ချမ်းမြေ့ကြပါစေ ။

သားတစ်ယောက်ကို

သာသနာတော်အတွက်

လွမ်းစိတ်ကိုဖယ် မျိုသိပ်နိုင်တဲ့စိတ်ကိုဖက်တွယ်ရင်း

စွန့်လွှတ်လှူဒါန်းနိုင်တဲ့နှလုံးသားပိုင်ရှင်တွေဟာ

ရဟန်းကိုရင်တွေရဲ့ မိဘတွေပဲ မဟုတ်လား !

Crd ✍️. အရှင်သာသန (ဝက်လက်)