ၾကားသိရသမွ်

မိရိုးဖလာ ဗုဒ္ဓဘာသာကနေ ခရစ်ယာန်ဘာသာကို သက်ဝင် ယုံကြည်ပြီး ရေနှစ်ခြင်း မင်္ဂလာ ခံယူခဲ့တဲ့ ဟိန်းမင်းသူ …

(Unicode ဖြင့်ဖတ်ရန်)

ပြေပြစ်တဲ့ မျက်နှာအသွင်အပြင်နဲ့ အနောက်တိုင်းဆန်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဟိန်းမင်းသူကို မိန်းကလေးပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးပြီးသား ဖြစ်ပါတယ်။

ဟိန်းမင်းသူကတော့ သရုပ်ဆောင်တစ်ယောက်အပြင် ဂီတလောကမှာလည်း နေရာတစ်နေရာရရှိတဲ့အထိ ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ မကြာခဏဆိုသလို အဆက်အသွယ်ပြတ်တောက်နေတဲ့ ဟိန်းမင်းသူက ဒီတစ်ခေါက်မှာတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်စွာ ကူးပြောင်းသွားခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ဘုရားသခင်လွန်စွာကောင်းမြတ်လို့သာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ရွေးကောက်ခြင်းခံရတဲ့အတွက်အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။

ယေရှုဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ် Amen 🙏🏻” ဆိုပြီး နိုင်ငံကျော် တေးရေးတေးဆို ဆရာစံပီးတို့အသင်းတော်သာသနာအားဖြင့်

ယေရှုခရစ်တော်ကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ကြောင်းကို ပြောလာပါတယ်။

ဟိန်းမင်းသူကတော့ မိရိုးဖလာဗုဒ္ဓဘာသာကနေ ယေရှုခရစ်တော်ကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့တယ်လို့ဆိုပါတယ်။

(Zawgyi ဖြင့်ဖတ်ရန်)






