နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုကြောင်း လွတ်လပ်ရေးနေ့သဝဏ်လွှာများက ပြသနေရုရှား၊ ကမ္ဘောဒီးယား၊ ဆားဘီးယားနှင့်
မြောက်ကိုရီးယားတို့သာ သဝဏ်လွှာပေးပို့ထား၏(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် အာဏာသိမ်းစစ်ကောင်စီထံ နိုင်ငံ ၄ နိုင်ငံသာသဝဏ်လွှာ ပေးပို့
ကြောင်း ယနေ့(ဇန်နဝါရီ ၄ ရက်)ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းများ၏ ဖော်ပြချက်အရ သိရသည်
ကမ္ဘာတဝန်းရှိနိုင်ငံအကြီးအကဲများနှင့် နိုင်ငံခြားရေးဝန်ကြီးများမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ကြောင်း ခေါင်းစဉ်ကြီးကြီးတပ်ထားသော်လည်း ရုရှား၊
ကမ္ဘောဒီးယား၊ ဆားဘီးယားနှင့်မြောက်ကိုရီးယား စသည့် အာဏာရှင်သို့မဟုတ် အာဏာရှင်တစ်ပိုင် နိုင်ငံ၄နိုင်ငံကသာ အကြမ်းဖက်စစ်ကောင်စီထံ ပေးပို့
ခြင်းဖြစ်သည်
ယင်းသဝဏ်လွှာပေးပို့သည့်အကြောင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင်တစ်မျက်နှာနီးပါးဖော်ပြထားရာ ရုရှားက၂ စောင်၊ကမ္ဘောဒီးယားက၃စောင်၊ ဆား
ဘီးယားနှင့် မြောက်ကိုရီးယား တို့က တစ်စောင်စီ ပေးပို့ထားသည်ကိုတွေ့ရသည်
အိမ်နီးချင်း အင်အားကြီး တရုတ်နှင့် အိန္ဒိယအပါအဝင် အခြားသောအာဆီယံနိုင်ငံများ၏ သဝဏ် လွှာများကိုမူ မတွေ့ရသေးပေ။အမေရိကန်၊ ဥရောပသမဂ္ဂနှင့်
ကနေဒါ နိုင်ငံတို့ကမူ ၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူ များကို ရည်ညွှန်းကာ ဆုမွန်ကောင်းတောင်းပေးထားသည်
ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာနိုင်ငံ ကနေဒါသံရုံးက မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ချီးကျူး ဂုဏ်ပြု
လိုပါသည်” ဟု ကနေဒါ သံရုံးက ထုတ်ပြန်သည်
ကနေဒါသည် ဆုံးရှုံးမှုများ၊ ဝမ်းနည်းမှုများနှင့် ထိခိုက်နစ်နာမှုများ၊ အခက်အခဲများကိုတွေ့ကြုံခံစားနေရသော မြန်မာပြည်သူများနှင့် ထပ်တူရပ်တည်နေကြောင်း
နှင့် လာမည့် ၂၀၂၂ တွင် ပြစ်ဒဏ်ပေးခံရခြင်းမှ
ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ယူ၊ တာဝန်ခံခိုင်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူများ အပါအဝင် ရေရှည်
တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဒီမိုကရေစီ ရရှိရန် ဆောင်ရွက်နေသည့် မိတ်ဖက်များ အားလုံးနှင့် ဆက်လက် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဆက်လက်ဖော်ပြသည်
ဥရောပသမဂ္ဂကလည် ရဲစွမ်းသတ္တိပြည့်ဝသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက်ပျော်ရွှင်ဖွယ် မင်္ဂလာရှိသည့် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်ပါစေ
ကြောင်း ဆုမွန်ကောင်းပို့သထားသည်
ယခင်နှစ်များက လွတ်လပ်နေ့တွင် မြို့၊ရပ်ကွက်၊လမ်းအလိုက် ပျော်ပွဲ၊ရွှင်ပွဲ၊ အားကစားပွဲများဖြင့် စည်ကားလေ့ ရှိသော်လည်း ယခုနှစ်တွင်မလွတ်လပ်သည့်
လွတ် လပ်ရေးနေ့ဆိုကာ ပြည်သူများက လွတ်လပ်ရေးနေ့ပွဲများ မပြုလုပ်ကြပေ
CategoriesUncategorized