အသားရေခြောက်တဲ့ ပြဿနာကို အလွယ်တစ်ကူ ဖြေရှင်းနိုင်တဲ့နည်းလမ်း
ဆန်နဲ့လုပ်ထားတဲ့ skincare တွေက အသားအရေအတွက် ကောင်းသလိုပဲ ဆန်ဆေးရည်ကလည်း အသားအရေအတွက် အရမ်းအသုံးဝင်ပါတယ်။
ဆန်နဲ့လုပ်ထားတဲ့ skincare ကိုသုံးရင်ပဲဖြစ်ဖြစ်၊ ဆန်ဆေးရည်ကိုသုံးရင်ပဲဖြစ်ဖြစ် မျက်နှာအသားအရေ ဖြူပြီးကြည်လာတာကတော့ အာနိသင်တူတူပါပဲ။ ဒါ့အပြင် ဆန်ဆေးရည်ကိုသုံးပြီး ဖြေရှင်းနိုင်တဲ့ အသားအရေပြဿနာ ၅ မျိုးကိုလည်း ပြောပြပေးလိုက်ပါတယ်။
Skin Aging
ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးခြင်းက အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းတွေ skin aging တွေ မြန်မြန်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆန်ဆေးရည်က collagen ထုတ်လုပ်မှုကို တိုးမြှင့်ပေးတာကြောင့် skin aging အတွက် အရမ်းကောင်းပါတယ်။
Sunburns
ဆန်ဆေးရည်မှာက natural cooling effect ရှိပြီးသားဖြစ်လို့ နေလောင်ပြီး sunburns ဖြစ်ထားတဲ့ အသားအရေအတွက် အသုံးဝင်ပါတယ်။
ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် sunburns ဖြစ်ထားလို့ နီရဲနေတာ၊ ယားနေတာတွေ သက်သာစေပါတယ်။ ဒါ့အပြင် ပုံမှန်သုံးပေးမယ်ဆိုရင် နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတာမျိုး မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးပါတယ်။
Skin Damage
ဆန်ဆေးရည်ကိုသုံးပေးခြင်းက အသားအရေ ပိုကောင်းလာစေပါတယ်။ အသားအရေညစ်နွမ်းနေတာမျိုး၊ မဲညစ်နေတာမျိုးကိုလည်း သက်သာစေပြီး အရင်ထက် အသားအရေပိုဖြူလာစေပါတယ်။
Skin damage ဖြစ်ပြီး ပျက်စီးနေတဲ့အသားအရေကိုလည်း ဆန်နဲ့လုပ်ထားတဲ့ skincare သုံးသလိုပဲ repair ပြန်လုပ်ပေးနိုင်ပါတယ်။
Skin Pigmentation
ဆန်ဆေးရည်ကို ပုံမှန်သုံးပေးခြင်းက မျက်နှာပေါ်မှာရှိတဲ့ skin pigmentation တွေ၊ အမဲစက်တွေကို ဖြေးဖြေးချင်းစီပါးသွားစေပြီး အသားအရောင် ညီလာစေပါတယ်။
Hydration
ဆန်ဆေးရည်ကိုသုံးပေးခြင်းက skin hydration ပိုကောင်းလာစေပါတယ်။ ဆန်နဲ့လုပ်ထားတဲ့ toner ကိုသုံးပေးရင် hydration ကောင်းပြီး အသားကြည်ပြီး glow လာသလိုပဲ ဆန်ဆေးရည်ကိုသုံးပေးရင်လည်း ဒီ effect ကို ရစေပါတယ်။
အသားခြောက်တဲ့သူတွေအတွက်တော့ ဆန်ဆေးရည်နဲ့ ဆန်နဲ့လုပ်ထားတဲ့ skincare တွေက အရမ်းကောင်းပါတယ်

အသားေရေျခာက္တဲ့ ျပႆနာကို အလြယ္တစ္ကူ ေျဖရွင္းနိုင္တဲ့နည္းလမ္း
ဆန္နဲ႔လုပ္ထားတဲ့ skincare ေတြက အသားအေရအတြက္ ေကာင္းသလိုပဲ ဆန္ေဆးရည္ကလည္း အသားအေရအတြက္ အရမ္းအသုံးဝင္ပါတယ္။
ဆန္နဲ႔လုပ္ထားတဲ့ skincare ကိုသုံးရင္ပဲျဖစ္ျဖစ္၊ ဆန္ေဆးရည္ကိုသုံးရင္ပဲျဖစ္ျဖစ္ မ်က္ႏွာအသားအေရ ျဖဴၿပီးၾကည္လာတာကေတာ့ အာနိသင္တူတူပါပဲ။ ဒါ့အျပင္ ဆန္ေဆးရည္ကိုသုံးၿပီး ေျဖရွင္းနိုင္တဲ့ အသားအေရျပႆနာ ၅ မ်ိဳးကိုလည္း ေျပာျပေပးလိုက္ပါတယ္။
Skin Aging
ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္ေပးျခင္းက အေရးအေၾကာင္းေတြနဲ႔ အိုမင္းရင့္ေရာ္ျခင္းေတြ skin aging ေတြ ျမန္ျမန္မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဆန္ေဆးရည္က collagen ထုတ္လုပ္မႈကို တိုးျမႇင့္ေပးတာေၾကာင့္ skin aging အတြက္ အရမ္းေကာင္းပါတယ္။
Sunburns
ဆန္ေဆးရည္မွာက natural cooling effect ရွိၿပီးသားျဖစ္လို႔ ေနေလာင္ၿပီး sunburns ျဖစ္ထားတဲ့ အသားအေရအတြက္ အသုံးဝင္ပါတယ္။
ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္ေပးမယ္ဆိုရင္ sunburns ျဖစ္ထားလို႔ နီရဲေနတာ၊ ယားေနတာေတြ သက္သာေစပါတယ္။ ဒါ့အျပင္ ပုံမွန္သုံးေပးမယ္ဆိုရင္ ေနေလာင္ဒဏ္ေၾကာင့္ အသားအေရပ်က္စီးတာမ်ိဳး မျဖစ္ေအာင္လည္း ႀကိဳတင္ကာကြယ္ေပးပါတယ္။
Skin Damage
ဆန္ေဆးရည္ကိုသုံးေပးျခင္းက အသားအေရ ပိုေကာင္းလာေစပါတယ္။ အသားအေရညစ္ႏြမ္းေနတာမ်ိဳး၊ မဲညစ္ေနတာမ်ိဳးကိုလည္း သက္သာေစၿပီး အရင္ထက္ အသားအေရပိုျဖဴလာေစပါတယ္။
Skin damage ျဖစ္ၿပီး ပ်က္စီးေနတဲ့အသားအေရကိုလည္း ဆန္နဲ႔လုပ္ထားတဲ့ skincare သုံးသလိုပဲ repair ျပန္လုပ္ေပးနိုင္ပါတယ္။
Skin Pigmentation
ဆန္ေဆးရည္ကို ပုံမွန္သုံးေပးျခင္းက မ်က္ႏွာေပၚမွာရွိတဲ့ skin pigmentation ေတြ၊ အမဲစက္ေတြကို ေျဖးေျဖးခ်င္းစီပါးသြားေစၿပီး အသားအေရာင္ ညီလာေစပါတယ္။
Hydration
ဆန္ေဆးရည္ကိုသုံးေပးျခင္းက skin hydration ပိုေကာင္းလာေစပါတယ္။ ဆန္နဲ႔လုပ္ထားတဲ့ toner ကိုသုံးေပးရင္ hydration ေကာင္းၿပီး အသားၾကည္ၿပီး glow လာသလိုပဲ ဆန္ေဆးရည္ကိုသုံးေပးရင္လည္း ဒီ effect ကို ရေစပါတယ္။
အသားေျခာက္တဲ့သူေတြအတြက္ေတာ့ ဆန္ေဆးရည္နဲ႔ ဆန္နဲ႔လုပ္ထားတဲ့ skincare ေတြက အရမ္းေကာင္းပါတယ္



