(3)Easy PDF Scanner
(4)Dazzling Keyboard
(5)Halloween Coloring
(6)EmojiOne Keyboard
(7)Smart TV remote
(10)Now QRcode Scan
(12)Super Hero-Effect
Crd#
Unicode
ဘဏ်ထဲကငွေတွေပါပျောက်သွားနိုင်တဲ့အက်ပလီကေးရှင်း (၁၃ )ခု
ဖုန်းထဲမှာရှိရင်အမြန်ဖျက် ! ဘဏ်ထဲကငွေတွေပါပျောက်သွားနိုင်တဲ့အက်ပလီကေးရှင်း ၁၃ ခု
ဆော့ဖ်ဝဲလ်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kaspersky ကအန္တရာယ်အရမ်းများတဲ့ ဂျိုကာအက်ပလီကေးရှင်း ၁၃ ခုကိုချပြခဲ့ပါတယ်။
အဲဒီအက်ပလီကေးရှင်းတွေကိုမိမိရဲ့ဖုန်းထဲမှာထည့်သွင်းထားမိခဲ့ရင်အသုံးပြုသူရဲ့အချက်အလက် တွေကို
ခိုးယူခြင်း၊ဖုန်းထဲသို့ပေးပို့လာတဲ့ မက်ဆေ့တွေကိုအလိုလျောက်ဖွင့်ဖတ်ခြင်းနှင့်နောက်ဆုံး Mobile banking ထဲက
ငွေတွေခိုးယူခံရခြင်းတို့ ဖြစ်နိုင်တယ်လို့ techtimes ဝဘ်ဆိုဒ်မှာဖေါ်ပြထားပါတယ်
အန္တရာယ်ရှိတဲ့ဂျိုကာအက်ပလီကေရှင်းတွေကတော့
(1)Classic Emoji Keyboard
(2) Battery Charging Animations Bubble Effects
(3)Easy PDF Scanner
(4)Dazzling Keyboard
(5)Halloween Coloring
(6)EmojiOne Keyboard
(7)Smart TV remote
(8)Flashlight Flash Alert On Call
(9)Volume Booster Hearing Aid
(10)Now QRcode Scan
(11)Volume Booster Louder Sound Equalizer
(12)Super Hero-Effect
(13)ဂျိုကာ အက်ပလီကေးရှင်းတွေကို
လက်ရှိမှာ Google Play Store ကလည်း ပယ်ရှားခဲ့ပြီး ဖြစ်တာကြောင့် ပြန်လည်ဒေါင်းလုဒ် ရယူနိုင်တော့မှာမဟုတ်ပါဘူး
ဒါပေမယ့်လည်း အဲဒီအက်ပလီကေးရှင်းတွေဟာဒေါင်းလုဒ်လုပ်ခဲ့ ဖူးသူတွေရဲ့ဖုန်းထဲမှာ
ဆက်လက်ကျန်ရှိနေဦးမှာဖြစ်တဲ့အတွက်ဖုန်းကိုအမြန်စစ်ဆေးပြီးဖုန်းထဲမှာကျန်ရှိနေသေးရင်အမြန်ဆုံးဖယ်ရှားသင့်ပါတယ်
ဂျိုအက်ပလီကေရှင်းတွေ မိမိဖုန်းထဲမှာရှိ/မရှိ ဘယ်လိုသိနိုင်မလဲ ?ဂျိုကာအက်ပလီကေးရှင်းတွေရှိနေတဲ့
ဖုန်းထဲမှာရှိနေခဲ့မယ်ဆိုရင် အသုံးပြုနေချိန်မှာ အက်ပလီကေးရှင်းတွေ
အလိုအလျောက် ပိတ်သွားတာ/ရပ်သွားတာ၊ဖုန်းဘက်ထရီအရင်ကထက်အကုန်မြန်တာ၊ပုံမှန်မဟုတ်တဲ့
notification တွေတက်နေတာစတဲ့လက္ခဏာတွေနဲ့ကြုံတွေ့ရမှာပါ။
ဆက်လက်ပြီး အဲဒီ ဂျိုအက်ပလီကေရှင်းတွေရဲ့ Malware ဟာ မက်ဆေ့ပို့ခြင်း သို့မဟုတ်
ဖုန်းချင်းချိတ်ဆက်ခြင်းကတစ်ဆင့် Android ဖုန်း အသုံးပြုသူတွေကြား ကူးစက်နိုင်တာကြောင့် ဖုန်းထဲမှာ
မိမိကိုယ်တိုင် မထည့်သွင်းထားဘဲ ဂျိုကာအက်ကလီကေးရှင်းတွေ ဝင်ရောက်နေတယ်ဆိုရင် အမြန်ဆုံးဖယ်ရှားပစ်ဖို့ အကြံပြုလိုက်ပါတယ်။
Crd#