အေထြအေထြဗဟုသုတ


မိမိငွေ အဝင်များဖို့ အထွက်နည်းဖို့ လာဘ်ကောင်းဖို့ လုံခြုံစိတ်ချဖို့ ကံတက်စေဖို့ ငွေကိုဘယ်လိုထားမလဲ


















Crd#

Unicode

မိမိငှေ အဝငျမြားဖို့ အထှကျနညျးဖို့ လာဘျကောငျးဖို့ လုံခွုံစိတျခဖြို့ ကံတကျစဖေို့ ငှကေိုဘယျလိုထားမလဲ

ငွေကို ပိုက်ဆံအိတ် အံဆွဲမီးခံသေတ္တာ စသည်မှာထားပါတယ် ဒါပေမဲ့ ထားတဲ့နည်းစံနစ် လိုပါတယ်

မိမိငွေ အဝင်များဖို့ အထွက်နည်းဖို့ လာဘ်ကောင်းဖို့ လုံခြုံစိတ်ချဖို့ ကံတက်စေဖို့

အဝင်ကောင်း သလိုအထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ဖုန်းရွှေFung Shui ပညာက အခုလိုအကြံပြုပါတယ်

☘️၁☘️ကရဝေးရွက် နဲ့အတူထားပါ

အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ ‌ငွေပွားများ လာစေပါတယ်

☘️၂ ☘️အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ

လာဘ်ပွင့်လန်းစေတဲ့အပြင်မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်

☘️၃ ☘️ပင်လယ်ဆား အနည်းငယ် ကိုပလတ်စတစ်အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ

ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများကာကွယ်ပေးပါတယ်

☘️၄ ☘️ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေအတူထားပါ..ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်

☘️၅ ☘️ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ.ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ

☘️၆ ☘️ပိုက်ဆံအိတ်ထဲမှာငွေလုံးဝ မရှိတဲ့ အဖြစ်မျိုး မပြုမိပါစေနဲ့.ငွေကံ ညံ့သွားတတ်ပါတယ်

☘️၇ ☘️ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ…ရော မထားပါနဲ့

ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့ လာဘ်တိတ်ပါတယ်

☘️၈ ☘️အားလုံးထည့်ထားနိုင်ရင်ကောင်းပါတယ် အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့ သင့်ပါတယ်

☘️၉ ☘️ဝင်ငွေကောင်း ငွေမြဲပြီးလာဘ်လာဘ ပွားများကြပါစေ

☘️၁၀ ☘️တားရော့ကတ် အနေနဲ့နံပါတ် ၁၇ The Star ကို အဆောင်အဖြစ် ထည့်ထားနိုင်ပါတယ်။

Crd#