ၾကားသိရသမွ်

သခင့္အသက္ကို ကယ္တင္လိုက္သည့္အျပင္ ေဆး႐ုံမွာတစ္ညလုံး လူနာေစာင့္လုပ္ေပးေနတဲ့ ေခြးေလးႏွစ္ေကာင္

သခင့်အသက်ကို ကယ်တင်လိုက်သည့်အပြင် ဆေးရုံမှာတစ်ညလုံး လူနာစောင့်လုပ်ပေးနေတဲ့ ခွေးလေးနှစ်ကောင်

သစ္စာရှိခြင်းသည် ခွေးတိုင်း၏ ပုံမှန်လက္ခဏာတစ်ခုဖြစ်ပါတယ်။ ခွေးတစ်ကောင်ဟာ ပိုင်ရှင်နေမကောင်းဖြစ်နေလို့ ဒါမှမဟုတ် သခင်အန္တရာယ်ကျရောက်နေတာကို စွန့်ပစ်ထားခဲ့တာကို သင်မြင်ရခဲပါတယ်။ Bob နဲ့ Chiara တို့ဟာ သစ္စာရှိတဲ့ ခွေးနှစ်ကောင်ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ ဥပမာတွေပါပဲ။

နိုဝင်ဘာလ 1 ရက်နေ့တွင် ၎င်းတို့၏ပိုင်ရှင် José Antônio Pereira အား ဘရာဇီးနိုင်ငံ၊ Bauru ရှိ Mobile Emergency Care Service (Samu) မှ ကံကောင်းထောက်မစွာ ကယ်တင်နိုင်ခဲ့ပါသည်။

အသက် (၄၇) နှစ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသားဟာ ခွေးနှစ်ကောင်ရဲ့ဘေး မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့ခွေးနှစ်ကောင်ကလဲ သူ့ကိုကာကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတာဖြစ်ပါတယ်။ Rosy နှင့် Lourdes (လူနာတင်ယာဉ်အမှုထမ်းများ) သည် José ကို ရှေးဦးသူနာပြုစုနိုင်စေရန် ခွေးများကို ငြိမ်သက်စေကာ လူနာကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်လိုက်ပါတယ်။

လူနာကို လူနာတင်ယာဉ်ကို ခေါ်ဆောင်ပြီးနောက်တွင် Bob နှင့် Chiara တို့သည် သူတို့၏ ချစ်လှစွာသောပိုင်ရှင်ကို မဆုံးရှုံးစေဖို့အတွက် သူတို့လဲ ကားထဲသို့ ဝင်ရန်တောင်းဆိုနေသကဲ့သို့ လူနာတင်ကားကို လှည့်ပတ်ကာပြေးလွှားနေခဲ့ပါတယ်။ ထိုအခါမှာတော့ Rosy နှင့် Lourdes (လူနာတင်ယာဉ်အမှုထမ်းများ)တို့က သူတို့ကိုလဲ လူနာတင်ကားထဲ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဆေးရုံသို့သွားရာလမ်းတွင် Bob နဲ့ Chiara တို့ဟာ သခင်ဖြစ်သူ၏ဘေးမှနေ၍ သူတို့သခင်ကို စောင့်ကြည့်ကာလိုက်ပါလာခဲ့ကြပါတယ်။

ဆေးရုံရောက်သောအခါတွင်၊ José ကိုအရေးပေါ်အခန်းထဲသို့ ခေါ်ဆောင်သွားရသဖြင့် သူ့ရဲ့သစ္စာရှိခွေးလေးနှစ်ကောင်ကတော့ အခန်းပြင်ကနေ စောင့်ကြည့်နေခဲ့ကြပါတယ်။ ခွေးများဟာ သူတို့သခင်သက်သာလာပြီး ရိုးရိုးအခန်းသို့ ပြောင်းရွှေ့ခံရသည်အထိ အပြင်တွင် စောင့်ဆိုင်းနေခဲ့ကြပါတယ်။

Jose ဟာ ဆေးရုံပေါ်တွင် တစ်ညတာ ကျန်းမာရေး စောင့်ရှောက်မှုခံခဲ့ရပြီး နောက်တစ်နေ့တွင် သူ့အခြေအနေသည် ကောင်းမွန်လာသဖြင့် အိမ်သို့ ပြန်ဆင်းလာခဲ့သည်။ Jose အတွက်ကတော့ သူ့ရဲ့ခွေးလေးနှစ်ကောင်ဟာ အခင်ဆုံးသူငယ်ချင်းများအဖြစ် နေထိုင်ပြီး သူအဆိုးဆုံးဖြစ်နေချိန်မှတောင် သူ့ကို ဘယ်တော့မှ မထားခဲ့တဲ့ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်နှစ်ကောင်အတွက် ဂုဏ်ယူနေမှာပဲ ဖြစ်ပါတယ်။

Credit

zawgyi

သခင့္အသက္ကို ကယ္တင္လိုက္သည့္အျပင္ ေဆး႐ုံမွာတစ္ညလုံး လူနာေစာင့္လုပ္ေပးေနတဲ့ ေခြးေလးႏွစ္ေကာင္

သစၥာရွိျခင္းသည္ ေခြးတိုင္း၏ ပုံမွန္လကၡဏာတစ္ခုျဖစ္ပါတယ္။ ေခြးတစ္ေကာင္ဟာ ပိုင္ရွင္ေနမေကာင္းျဖစ္ေနလို႔ ဒါမွမဟုတ္ သခင္အႏၲရာယ္က်ေရာက္ေနတာကို စြန႔္ပစ္ထားခဲ့တာကို သင္ျမင္ရခဲပါတယ္။ Bob နဲ႔ Chiara တို႔ဟာ သစၥာရွိတဲ့ ေခြးႏွစ္ေကာင္ျဖစ္တဲ့ အတြက္ ေကာင္းမြန္တဲ့ ဥပမာေတြပါပဲ။

ႏိုဝင္ဘာလ 1 ရက္ေန႔တြင္ ၎တို႔၏ပိုင္ရွင္ José Antônio Pereira အား ဘရာဇီးႏိုင္ငံ၊ Bauru ရွိ Mobile Emergency Care Service (Samu) မွ ကံေကာင္းေထာက္မစြာ ကယ္တင္ႏိုင္ခဲ့ပါသည္။

အသက္ (၄၇) ႏွစ္ရွိၿပီျဖစ္တဲ့ အဆိုပါအမ်ိဳးသားဟာ ေခြးႏွစ္ေကာင္ရဲ႕ေဘး ေျမျပင္ေပၚမွာ လဲေလ်ာင္းေနၿပီး သူ႔ရဲ႕ေခြးႏွစ္ေကာင္ကလဲ သူ႔ကိုကာကြယ္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ Rosy ႏွင့္ Lourdes (လူနာတင္ယာဥ္အမႈထမ္းမ်ား) သည္ José ကို ေရွးဦးသူနာျပဳစုႏိုင္ေစရန္ ေခြးမ်ားကို ၿငိမ္သက္ေစကာ လူနာကို လူနာတင္ယာဥ္ေပၚသို႔ တင္ေဆာင္လိုက္ပါတယ္။

လူနာကို လူနာတင္ယာဥ္ကို ေခၚေဆာင္ၿပီးေနာက္တြင္ Bob ႏွင့္ Chiara တို႔သည္ သူတို႔၏ ခ်စ္လွစြာေသာပိုင္ရွင္ကို မဆုံးရႈံးေစဖို႔အတြက္ သူတို႔လဲ ကားထဲသို႔ ဝင္ရန္ေတာင္းဆိုေနသကဲ့သို႔ လူနာတင္ကားကို လွည့္ပတ္ကာေျပးလႊားေနခဲ့ပါတယ္။ ထိုအခါမွာေတာ့ Rosy ႏွင့္ Lourdes (လူနာတင္ယာဥ္အမႈထမ္းမ်ား)တို႔က သူတို႔ကိုလဲ လူနာတင္ကားထဲ ေခၚသြားဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

ေဆး႐ုံသို႔သြားရာလမ္းတြင္ Bob နဲ႔ Chiara တို႔ဟာ သခင္ျဖစ္သူ၏ေဘးမွေန၍ သူတို႔သခင္ကို ေစာင့္ၾကည့္ကာလိုက္ပါလာခဲ့ၾကပါတယ္။

ေဆး႐ုံေရာက္ေသာအခါတြင္၊ José ကိုအေရးေပၚအခန္းထဲသို႔ ေခၚေဆာင္သြားရသျဖင့္ သူ႔ရဲ႕သစၥာရွိေခြးေလးႏွစ္ေကာင္ကေတာ့ အခန္းျပင္ကေန ေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။ ေခြးမ်ားဟာ သူတို႔သခင္သက္သာလာၿပီး ႐ိုး႐ိုးအခန္းသို႔ ေျပာင္းေ႐ႊ႕ခံရသည္အထိ အျပင္တြင္ ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။

Jose ဟာ ေဆး႐ုံေပၚတြင္ တစ္ညတာ က်န္းမာေရး ေစာင့္ေရွာက္မႈခံခဲ့ရၿပီး ေနာက္တစ္ေန႔တြင္ သူ႔အေျခအေနသည္ ေကာင္းမြန္လာသျဖင့္ အိမ္သို႔ ျပန္ဆင္းလာခဲ့သည္။ Jose အတြက္ကေတာ့ သူ႔ရဲ႕ေခြးေလးႏွစ္ေကာင္ဟာ အခင္ဆုံးသူငယ္ခ်င္းမ်ားအျဖစ္ ေနထိုင္ၿပီး သူအဆိုးဆုံးျဖစ္ေနခ်ိန္မွေတာင္ သူ႔ကို ဘယ္ေတာ့မွ မထားခဲ့တဲ့ သူ႔ရဲ႕အိမ္ေမြးတိရစာၦန္ႏွစ္ေကာင္အတြက္ ဂုဏ္ယူေနမွာပဲ ျဖစ္ပါတယ္။

Credit