Source: Moneမုဏ်း
Credit -CeleChitThu
ပရိသတ်ကြီးရေ happy beach ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ မုဏ်းဟာ “ပုလဲ “ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ လူသိများလာသူ တစ်ဦးဖြစ်ပြီး သူမရဲ့ပထမဆုံးဇာတ်လမ်းတွဲလေးလည်းဖြစ်ပါတယ်။မုဏ်း ကိုမြင်တာနဲ့ ပုလဲဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ တွဲဖက်မြင်ယောင်လာ ရတဲ့အထိ အနုပညာပိုးကို ချပြနိုင်ခဲ့သူလည်းဖြစ်ပါ တယ်။
တစတစနဲ့ အောင်မြင်လာခဲ့တဲ့ မုဏ်း ဟာ ရွှေကြာဖူးသစ် ဆိုတဲ့ ဇာတ်လမ်းတွဲအပါအဝင် ဇာတ်လမ်းတွဲတော်တော်များမှာ နေရာရလာခဲ့တာပါ။ Toxic ဇာတ်လမ်းတွဲမှာတော့ အဓိက ဇာတ်ဆောင်အဖြစ်ပါဝင်နိုင်ခဲ့ပြီး ပို၍လူကြိုက်များအောင်မြင်လာတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ လိပ်ပြာနှောင်ကြို းဇာတ်လမ်းတွဲမှာ လည်း ခေါင်းဆောင်မင်းသမီး အဖြစ်ပါဝင်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ သူမရဲ့အချစ်ရေး ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုတတ်တဲ့ မုဏ်းကတော့ ဒီနေ့မှာ သူမရဲ့ချစ်သူကို တရားဝင်ချပြလိုက်ပြီပဲ ဖြစ်ပါတယ် ။ နှစ်ယောက်တွဲပုံလေးကို Profile Photoအဖြစ်ချိန်းကာ ”အရမ်းအမြင်ကတ်ပေမယ့်လည်း ဘဝမှာ အချစ်ဆုံးပဲ … 🤍”ဆိုတဲ့စာလေးနဲ့ ချစ်သူကို ချစ်မဝတဲ့စာလေးပါတင်လာခဲ့တာပါ။ပရိသတ်တွေလည်း ချစ်စရာကောင်းပြီးလိက်ဖက်ညီတဲ့မုဏ်းတို့စုံတွဲပုံလေးကို ကြည့်ရှူနိုင်အောင်တင်ပေးလိုက်ပါ တယ်နော်။
Source: Moneမုဏ်း
Credit -CeleChitThu