ၾကားသိရသမွ်

မြန်မာနိုင်ငံမှ စံတင်ရလောက်ပါသော စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်သည့် ဦးထင်လင်း (ခ) ကိုသားကြီး ခေါ် ဒွေး ရဲ့ ဘဝအကြောင်း

ထင်ပေါ်ကျော်ကြားခြင်းနှင့် ထွန်းလင်းတောက်ပခြင်းဟု အဓိပ္ပာယ်ရသော အမည်ပိုင်ရှင် မောင်ထင်လင်းကို ၁၉၆၇ ခုနှစ်၊ မေလ ၇ ရက် (စနေနေ့) တွင် ဖွားမြင်ခဲ့သည်။ မောင်ထင်လင်း (ခ) သားကြီးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်းများအနက် သားဦးဖြစ်သည်။

ဖခင်ဖြစ်သူသည် တပ်မတော်သား တစ်ဦးဖြစ်သည့် အားလျော်စွာ ငယ်စဥ်က ဖခင်တာဝန်ကျရာ နေရာများသို့ လှည့်လည်နေထိုင်ခဲ့သည်။ ဆယ်တန်းအောင်မြင်ပြီးနောက် စက်မှုတက္ကသိုလ်(Y.I.T)သို့ ဆက်လက်တက်ရောက်ခဲ့ပြီး BE(Electrical Power) ဘွဲ့ကို ရရှိခဲ့သည်။

လျှပ်စစ်အင်ဂျင်နီယာ ဖြစ်သော မောင်ထင်လင်းသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၄ နှစ်သားအရွယ်ကပင် “ကျွန်တော့ကိုယ်စားပြောပေးပါ” တွင် ချာတိတ်လေး အောင်မောင်းအဖြစ် ပါဝင်သရုပ်ဆောင်ဖူးပြီး ပရိသတ်မေတ္တာကို ရရှိခဲ့သူဖြစ်သည်။

မောင်ထင်လင်း၏ ဆန္ဒမှာ စတီရီယို တေးသံရှင် ဖြစ်ရန်ဖြစ်သည်။ Slow Rock ဂီတအား အထူးနှစ်ခြိုက်ခဲ့သူပီပီ ငယ်စဥ်ကပင် မုန့်ဖိုးများစု၍ ဂစ်တာတစ်လက်ဝယ်ကာ သီချင်းများဖြင့် ကြီးပြင်းခဲ့သူ ဖြစ်သည်။

ဘွဲ့ရပြီးချိန်တွင် အဆိုတော်တစ်ယောက် ဖြစ်လိုသော ဆန္ဒကို အကောင်အထည်ဖော်ရန် မိခင်၏မောင်၊ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းနှင့် ဆက်သွယ်၍ ပူဆာခဲ့သည်။ ဤနေရာတွင် ဦးကျော်ဟိန်းသည် ဒွေးဟူသော အနုပညာ ကြယ်တစ်ပွင့် ထွန်းတောက်လာစေရန် သွန်းလောင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဦးကျော်ဟိန်းသည် မောင်ထင်လင်းထံတွင် အဆိုတော် မဟုတ်ဘဲ သရုပ်ဆောင်လုပ်မည်ဆိုလျှင် အောင်မြင်မည့် အရိပ်အချည်များကို တွေ့ရသဖြင့် သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်ရန် တိုက်တွန်းပြီး လေ့ကျင့်သင်ကြားပေးခဲ့သည်။

ဦးကျော်ဟိန်းထံတွင် အနီးကပ်လေ့ကျင့် သင်ကြားနေစဥ် အမည်ရင်း မောင်ထင်လင်းအမည်ဖြင့် အနုပညာလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် တစ်နှစ်ခန့်အကြာ ၁၉၉၃ ခုနှစ်တွင် မောင်ထင်လင်းအမည်မှ ဒွေးဟု ပြောင်းလဲ၍ ဦးကျော်ဟိန်းမှ ဒါရိုက်တာအဖြစ် ဦးဆောင်ကာ မင်းသမီး တင့်တင့်ထွန်းနှင့် ဒုက္ခကိုအရောင်ဆိုးထားတယ် ဗီဒီယို ဇာတ်ကားအား ရိုက်ကူးခဲ့သည်။

ထိုဇာတ်ကားမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် ရဲဝန်ထမ်းတို့၏ ဘဝကို သရုပ်ဖော်ထားသော နိုင်ငံတော်အကျိုးပြု ဗီဒီယိုကားဖြစ်သည်။“ဒုက္ခကို အရောင်ဆိုးထားတယ်” သည် ‌ဒွေးအတွက် မင်းသားအဖြစ် ပထမဆုံး သရုပ်ဆောင်ရသော စိန်ခေါ်မှုတစ်ခု ဖြစ်သော်လည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည့် အတွေ့အကြုံနှင့် လေ့ကျင့်သင်ကြားထားပေးမှုတို့ကြောင့် အကောင်းမွန်ဆုံး ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဦးကျော်ဟိန်း၏ ဟန်၊ အသံ၊ ဌာန်တို့ လုံးဝ မလွှမ်းမိုးစေဘဲ ကိုယ်ပိုင်ဟန်၊ အသံ၊ ဌာန်တို့ဖြင့် အနုပညာမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ဒုက္ခကိုဆေးဆိုးထားတယ်မှ စတင်၍ ပရိသတ်ရင်ထဲသို့ စူးစူးနစ်နစ် ဝင်ရောက်ခဲ့သောဒွေးသည် အရှိန်အဟုန်ကောင်းစပြုနေသော မြန်မာ့ဗီဒီယို စျေးကွက်အတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့သည်။ ‌

ထိုအချိန်တွင် ဗီဒီယိုစျေးကွက်မှာ တစ်စတစ်စ ကြီးထွားလာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးများကိုပင် ပရိသတ်အားပေးမှု ကျဆင်းလာသည်အထိ ရိုက်ခတ်ခဲ့သည်။ ပရိသတ်အားပေးမှုကို တခဲနက် ရရှိပြီးသော ‌ဒွေးသည် မြန်မာဗီဒီယိုစျေးကွက်ကို ဝင်ရောက်ပြီးနောက် မြို့ရော၊ နယ်ပါ တစ်နိုင်ငံလုံးသို့ ကျယ်ပြန့်စွာ နေရာယူနိုင်ခဲ့သည်။

ထို့နောက် ‌ဗီဒီယိုလောကတွင် အရှိန်ကောင်းကောင်းဖြင့် အောင်မြင်နေသော ဒွေးသည် ၁၉၉၄ ခုနှစ်တွင် ကျော်ဟိန်း၊ မြင့်မြင့်ခိုင်၊ တင့်တင့်ထွန်းတို့နှင့် “ဝေလည်းမွှေး၊ ကြွေလည်းမွှေး” ဟူသော ရုပ်ရှင်ဇာတ်ကားကို ပထမဆုံးအကြိမ် ရိုက်ကူးခဲ့သည်။

တပ်မတော်သားတို့၏ ဘဝ၊ ဇွဲလုံ့လ ဝိရိယနှင့် သတ္တိတို့ကို မိဘမေတ္တာနှင့် အိမ်ထောင်ရေးအပြင် လူငယ်တို့၏ ဆွတ်ပျံ့ဖွယ်အချစ် တို့ဖြင့် ရောယှက် ပုံဖော်ထားသည့် နိုင်ငံ့အကျိုးပြု ရှပ်ရှင်ကားဖြစ်သည်။

“ဝေလည်းမွှေး၊ ကြွေလည်းမွှေး” တွင် ဒွေးသည် ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။ ဇာတ်သိမ်းခန်းတွင် ” အဖေ…. ကျွန်တော်မသိဘူးအဖေရာ” ဟူသော ကြေကွဲသံသည် တပ်ကြပ်ကြီးဖိုးစီအဖြစ် သရုပ်ဆောင်သော ဦးကျော်ဟိန်းအား အကယ်ဒမီရသည်အထိ တွန်းပို့ပေးနိုင်ခဲ့သည်။

ဒွေးသည် ဦးလေးဖြစ်သူ ဦးကျော်ဟိန်း၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်လောကထဲတွင် အကြီးအကျယ်အောင်မြင်မှု ရရှိခဲ့သည်။ ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးပြီး မြန်မာပြည်တွင် စူပါမင်းသားတစ်ယောက် ဖြစ်လာခဲ့သည်၊၊

မောင်ထင်လင်းဟူသော အမည်နှင့် ပနံရစွာပင် ဒွေးသည် အနုပညာနယ်ပယ်တွင် တစ်တိုင်းပြည်လုံး ချစ်ခင်ကြသော မင်းသားတစ်ယောက်၊ ကြယ်တစ်ပွင့် အဖြစ် ထွန်းလင်းတောက်ပခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော မင်းသားများအနက်မှ ဒွေးသည် အထူးခြားဆုံးဖြစ်သည်။

မြို့ပြရော၊ ကျေးလက်ပါမကျန် ပရိသတ်အားပေးမှု အခိုင်အမာဖြင့် “ဒွေးတစ်ခေတ်” ဟု ခေါ်ဆိုရလောက်သော ၁၅နှစ်တာကာလ ( ၁၉၉၂-၂၀၀၇) ကို ထူထောင်နိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အမေ့ခြေရာ ဇာတ်ကားဖြင့် အမျိုးသားဇာတ်‌ဆောင်ဆု၊ အကယ်ဒမီ ရရှိခဲ့သည်။

“အမေ့ခြေရာ” ဇာတ်ကားမှာ ဒွေး၏ကြိုးပမ်းမှုများထဲမှ အပြောင်မြောက်ဆုံးနှင့် အလေးနက်ဆုံးဖြစ်သည်ဟု ထင်မြင်မိသည်။ မိခင်မေတ္တာကို နားမလည်၊ မိခင်ကို ကောင်းကျိုးမပြုဘဲ ဒုက္ခသာပေးနေစဉ် မိခင်၏မေတ္တာကိုနားလည်ပြီး မိခင်ကိုချစ်မြတ်နိုးကာ အမေ့ခြေရာကို ရယူ၍ဦးထိပ်ထားသည့် လုပ်ငန်းရှင်နှင့်တွေ့ရာမှ အမြင်မှန်ရသော်လည်း မိခင်ကွယ်လွန်သည့် အဖြစ်နှင့် ကြုံရသည့်သားအဖြစ် ပရိသတ်ကို သရုပ်ဆောင်ပြခဲ့သည်

အချိန်အတန်ကြာ “ဒွေး” ဟူသော အမည်ကို ထိန်းနိုင်ခဲ့သည့် လျှို့ဝှက်ချက်ကို ဆန်းစစ်ကြည့်ရာတွင်

•ပရိသတ်အပေါ် အလေးထားသော ဆန္ဒ

•ခေတ်ရေစီးကြောင်း အပေါ်အကဲခတ်လေ့လာမှု

•ကြိုးစားအားထုတ်မှု

•အလုပ်အပေါ် မြတ်နိုးတန်ဖိုးထားမှု

•ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှု စသည်တို့ကို တွေ့ရှိခဲ့ရသည်။

သရုပ်ဆောင်လောကတွင် အောင်မြင်မှုများ ရရှိပြီးနောက် ‌ဒွေးသည် ငယ်စဥ်က ရူးသွပ်ခဲ့သော ဂီတဘက်သို့ ခြေဆန့်ခဲ့သည်။ ရုပ်ရှင်နောက်ခံတေးအချို့အား ကိုယ်တိုင်သီဆိုခြင်း၊ တေးစီးရီးများကို တစ်ဦးတည်းရော အခြားတေးသံရှင်များနှင့်ပါ တွဲဖက်၍ ထုတ်လုပ်ခြင်း၊ တေးဂီတပွဲများတွင် သီဆိုဖျော်ဖြေခြင်း တို့ကို လုပ်ဆောင်ခဲ့သည်။

တေးသီချင်းပေါင်း ၃၀ ကျော်ကို သီဆိုခဲ့ပြီး ကိုယ်ပိုင်အယ်ဘမ်တစ်ခွေ၊ အတွဲခွေများ၊ လူစုံတေးစီးရီးများ ပါဝင်ခဲ့သည်။ “ထွန်းလင်းခွင့်ပေးပါ” သည် ဒွေး၏ တစ်ခွေတည်းသော တစ်ကိုယ်တော် အယ်လ်ဘမ် ဖြစ်သည်။

ရုပ်ရှင်ဗီဒီယို ဇာတ်ကားများတွင်လည်းကောင်း၊ တီဗွီကြော်ငြာများတွင်လည်းကောင်း၊တေးဂီတ နယ်ပယ်တွင်လည်းကောင်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော ဒွေးသည် အနုပညာဝမ်းစာ ပြည့်ဝလာသောအခါ ဒါရိုက်တာတစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ရုံတင်ဗီဒီယိုကားများ ထွန်းကားလာချိန်တွင် ငွေသိုက်၏ ဗီဒီယိုအတွက် “မာန်၏ဒဏ်” ဒီဗီဒီကားကို ဒါရိုက်တာအဖြစ် ဦးစီး၍ ရိုက်ကူးခဲ့သည်။ ‌ဒွေးကိုယ်တိုင် ဒါရုက်တာအဖြစ် ရိုက်ကူးခဲ့သော နောက်ဆုံးဇာတ်ကားမှာ “နှင်းဆီမိုးတိမ်” ဖြစ်သည်။ ထို့အပြင် ဒွေးသည် ပန်းချီလက်ရာများစွာကိုလည်း ချန်ရစ်ခဲ့သည်။

ဘဝနိဂုံး

အောင်မြင်မှု အထွဋ်အထိပ် ရောက်‌နေစဥ် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့)၊ ညနေ ၅ နာရီခန့်တွင် အမှတ် ၃၄(စီ)၊ ‌အေးသာယာလမ်း၊ ဘောက်ထော်နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ခန့် သာ ရှိသေးသည်။

အချိန်မတိုင်ခင် ကွယ်လွန်ခဲ့ရသည့်အတွက် တစ်တိုင်းပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရလေသည်။ ဒုက္ခကို အရောင်ဆိုးခဲ့သော ဒွေးသည် လောကကို ခွန့်ခွာသွားခဲ့သော်လည်း ဝေလည်းမွှေး၊ ကြွေလည်းမွှေး ဟူသော စကားအတိုင်း သေဆုံးသွားသော်လည်း ယခုအချိန်အထိ ‌ဒွေး၏ဂုဏ်သတင်းမှာ မွှေးပျံ့နေဆဲပင်ဖြစ်သည်။

‌ဒွေး၏ ရုပ်အ‌လောင်းကို ရေးဝေသုဿန်တွင် မီးသဂြိုလ်၍ အရိုးပြာကို ပြန်လည်သယ်ဆောင်ကာ ချောင်းဝဘုန်းကြီးကျောင်း၌ လွမ်းစေတီ တည်ထားခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ငွေကြယ်တစ်ပွင့်အဖြစ် ထွန်းလင်းခဲ့သော ဒွေးသည် ယနေ့ထက်တိုင် မြန်မာပြည်သူတို့၏ ရင်ထဲဝယ် အောက်မေ့တသလျှက်ပင် ရှိနေပါတော့သည်။

(မြန်မာနိုင်ငံမှ စံတင်ရလောက်ပါသော စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်သည့် ဦးထင်လင်း (ခ) ကိုသားကြီး ခေါ် ဒွေး အား ဂုဏ်ပြု၍ ရေးသားဖော်ပြလိုက်ပါသည်။)

Credit Celeonly

Zawgyi

ထင္ေပၚေက်ာ္ၾကားျခင္းႏွင့္ ထြန္းလင္းေတာက္ပျခင္းဟု အဓိပၸာယ္ရေသာ အမည္ပိုင္႐ွင္ ေမာင္ထင္လင္းကို ၁၉၆၇ ခုႏွစ္၊ ေမလ ၇ ရက္ (စေနေန႔) တြင္ ဖြားျမင္ခဲ့သည္။

ေမာင္ထင္လင္း (ခ) သားႀကီးကို အဖ ဦးတင္ထြန္းေမာင္ႏွင့္ အမိ ေဒၚေအးေအးသင္းတို႔မွ ရန္ကုန္ၿမိဳ႕တြင္ ေမြးဖြားခဲ့သည္။ ေမြးခ်င္းမ်ားအနက္ သားဦးျဖစ္သည္။

ဖခင္ျဖစ္သူသည္ တပ္မေတာ္သား တစ္ဦးျဖစ္သည့္ အားေလ်ာ္စြာ ငယ္စဥ္က ဖခင္တာဝန္က်ရာ ေနရာမ်ားသို႔ လွည့္လည္ေနထိုင္ခဲ့သည္။ ဆယ္တန္းေအာင္ျမင္ၿပီးေနာက္ စက္မႈတကၠသိုလ္(Y.I.T)သို႔ ဆက္လက္တက္ေရာက္ခဲ့ၿပီး BE(Electrical Power) ဘြဲ႕ကို ရ႐ွိခဲ့သည္။

လွ်ပ္စစ္အင္ဂ်င္နီယာ ျဖစ္ေသာ ေမာင္ထင္လင္းသည္ ဘြဲ႕မရခင္ကတည္းက အႏုပညာေလာကထဲသို႔ စတင္ဝင္ေရာက္ခဲ့သည္။ ၁၄ ႏွစ္သားအ႐ြယ္ကပင္ “ကြၽန္ေတာ့ကိုယ္စားေျပာေပးပါ” တြင္ ခ်ာတိတ္ေလး ေအာင္ေမာင္းအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ဖူးၿပီး ပရိသတ္ေမတၱာကို ရ႐ွိခဲ့သူျဖစ္သည္။

ေမာင္ထင္လင္း၏ ဆႏၵမွာ စတီရီယို ေတးသံ႐ွင္ ျဖစ္ရန္ျဖစ္သည္။ Slow Rock ဂီတအား အထူးႏွစ္ၿခိဳက္ခဲ့သူပီပီ ငယ္စဥ္ကပင္ မုန္႔ဖိုးမ်ားစု၍ ဂစ္တာတစ္လက္ဝယ္ကာ သီခ်င္းမ်ားျဖင့္ ႀကီးျပင္းခဲ့သူ ျဖစ္သည္။

ဘြဲ႕ရၿပီးခ်ိန္တြင္ အဆိုေတာ္တစ္ေယာက္ ျဖစ္လိုေသာ ဆႏၵကို အေကာင္အထည္ေဖာ္ရန္ မိခင္၏ေမာင္၊ ဦးေလးျဖစ္သူ ဦးေက်ာ္ဟိန္းႏွင့္ ဆက္သြယ္၍ ပူဆာခဲ့သည္။ ဤေနရာတြင္ ဦးေက်ာ္ဟိန္းသည္ ေဒြးဟူေသာ အႏုပညာ ၾကယ္တစ္ပြင့္ ထြန္းေတာက္လာေစရန္ သြန္းေလာင္းရာတြင္ အဓိကအခန္းက႑မွ ပါဝင္ခဲ့သည္။

ဦးေက်ာ္ဟိန္းသည္ ေမာင္ထင္လင္းထံတြင္ အဆိုေတာ္ မဟုတ္ဘဲ သ႐ုပ္ေဆာင္လုပ္မည္ဆိုလွ်င္ ေအာင္ျမင္မည့္ အရိပ္အခ်ည္မ်ားကို ေတြ႕ရသျဖင့္ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ လုပ္ကိုင္ရန္ တိုက္တြန္းၿပီး ေလ့က်င့္သင္ၾကားေပးခဲ့သည္။

ဦးေက်ာ္ဟိန္းထံတြင္ အနီးကပ္ေလ့က်င့္ သင္ၾကားေနစဥ္ အမည္ရင္း ေမာင္ထင္လင္းအမည္ျဖင့္ အႏုပညာလုပ္ငန္းမ်ားကို လုပ္ကိုင္ခဲ့သည္။ ထို႔ေနာက္ တစ္ႏွစ္ခန္႔အၾကာ ၁၉၉၃ ခုႏွစ္တြင္ ေမာင္ထင္လင္းအမည္မွ ေဒြးဟု ေျပာင္းလဲ၍ ဦးေက်ာ္ဟိန္းမွ ဒါ႐ိုက္တာအျဖစ္ ဦးေဆာင္ကာ မင္းသမီး တင့္တင့္ထြန္းႏွင့္ ဒုကၡကိုအေရာင္ဆိုးထားတယ္ ဗီဒီယို ဇာတ္ကားအား ႐ိုက္ကူးခဲ့သည္။

ထိုဇာတ္ကားမွာ မူးယစ္ေဆးဝါးဆန္႔က်င္ေရးႏွင့္ ရဲဝန္ထမ္းတို႔၏ ဘဝကို သ႐ုပ္ေဖာ္ထားေသာ ႏိုင္ငံေတာ္အက်ိဳးျပဳ ဗီဒီယိုကားျဖစ္သည္။“ဒုကၡကို အေရာင္ဆိုးထားတယ္” သည္ ‌ေဒြးအတြက္ မင္းသားအျဖစ္ ပထမဆုံး သ႐ုပ္ေဆာင္ရေသာ စိန္ေခၚမႈတစ္ခု ျဖစ္ေသာ္လည္း ကေလးသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့သည့္ အေတြ႕အၾကဳံႏွင့္ ေလ့က်င့္သင္ၾကားထားေပးမႈတို႔ေၾကာင့္ အေကာင္းမြန္ဆုံး ျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သည္။

ဦးေက်ာ္ဟိန္း၏ ဟန္၊ အသံ၊ ဌာန္တို႔ လုံးဝ မလႊမ္းမိုးေစဘဲ ကိုယ္ပိုင္ဟန္၊ အသံ၊ ဌာန္တို႔ျဖင့္ အႏုပညာမွတ္တိုင္ စိုက္ထူႏိုင္ခဲ့သည္။ ဒုကၡကိုေဆးဆိုးထားတယ္မွ စတင္၍ ပရိသတ္ရင္ထဲသို႔ စူးစူးနစ္နစ္ ဝင္ေရာက္ခဲ့ေသာေဒြးသည္ အ႐ွိန္အဟုန္ေကာင္းစျပဳေနေသာ ျမန္မာ့ဗီဒီယို ေစ်းကြက္အတြင္းသို႔ ခ်င္းနင္းဝင္ေရာက္ခဲ့သည္။ ‌

ထိုအခ်ိန္တြင္ ဗီဒီယိုေစ်းကြက္မွာ တစ္စတစ္စ ႀကီးထြားလာခဲ့ၿပီး ႐ုပ္႐ွင္ဇာတ္ကားႀကီးမ်ားကိုပင္ ပရိသတ္အားေပးမႈ က်ဆင္းလာသည္အထိ ႐ိုက္ခတ္ခဲ့သည္။ ပရိသတ္အားေပးမႈကို တခဲနက္ ရ႐ွိၿပီးေသာ ‌ေဒြးသည္ ျမန္မာဗီဒီယိုေစ်းကြက္ကို ဝင္ေရာက္ၿပီးေနာက္ ၿမိဳ႕ေရာ၊ နယ္ပါ တစ္ႏိုင္ငံလုံးသို႔ က်ယ္ျပန္႔စြာ ေနရာယူႏိုင္ခဲ့သည္။

ထို႔ေနာက္ ‌ဗီဒီယိုေလာကတြင္ အ႐ွိန္ေကာင္းေကာင္းျဖင့္ ေအာင္ျမင္ေနေသာ ေဒြးသည္ ၁၉၉၄ ခုႏွစ္တြင္ ေက်ာ္ဟိန္း၊ ျမင့္ျမင့္ခိုင္၊ တင့္တင့္ထြန္းတို႔ႏွင့္ “ေဝလည္းေမႊး၊ ေႂကြလည္းေမႊး” ဟူေသာ ႐ုပ္႐ွင္ဇာတ္ကားကို ပထမဆုံးအႀကိမ္ ႐ိုက္ကူးခဲ့သည္။

တပ္မေတာ္သားတို႔၏ ဘဝ၊ ဇြဲလုံ႔လ ဝိရိယႏွင့္ သတၱိတို႔ကို မိဘေမတၱာႏွင့္ အိမ္ေထာင္ေရးအျပင္ လူငယ္တို႔၏ ဆြတ္ပ်ံ႕ဖြယ္အခ်စ္ တို႔ျဖင့္ ေရာယွက္ ပုံေဖာ္ထားသည့္ ႏိုင္ငံ့အက်ိဳးျပဳ ႐ွပ္႐ွင္ကားျဖစ္သည္။

“ေဝလည္းေမႊး၊ ေႂကြလည္းေမႊး” တြင္ ေဒြးသည္ က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္ခဲ့သည္။ ဇာတ္သိမ္းခန္းတြင္ ” အေဖ…. ကြၽန္ေတာ္မသိဘူးအေဖရာ” ဟူေသာ ေၾကကြဲသံသည္ တပ္ၾကပ္ႀကီးဖိုးစီအျဖစ္ သ႐ုပ္ေဆာင္ေသာ ဦးေက်ာ္ဟိန္းအား အကယ္ဒမီရသည္အထိ တြန္းပို႔ေပးႏိုင္ခဲ့သည္။

ေဒြးသည္ ဦးေလးျဖစ္သူ ဦးေက်ာ္ဟိန္း၏ လမ္းၫႊန္မႈျဖင့္ ႐ုပ္႐ွင္ေလာကထဲတြင္ အႀကီးအက်ယ္ေအာင္ျမင္မႈ ရ႐ွိခဲ့သည္။ ဗီဒီယိုကားေပါင္းမ်ားစြာႏွင့္ ႐ုပ္႐ွင္ကားေပါင္းမ်ားစြာ ႐ိုက္ကူးၿပီး ျမန္မာျပည္တြင္ စူပါမင္းသားတစ္ေယာက္ ျဖစ္လာခဲ့သည္၊၊

ေမာင္ထင္လင္းဟူေသာ အမည္ႏွင့္ ပနံရစြာပင္ ေဒြးသည္ အႏုပညာနယ္ပယ္တြင္ တစ္တိုင္းျပည္လုံး ခ်စ္ခင္ၾကေသာ မင္းသားတစ္ေယာက္၊ ၾကယ္တစ္ပြင့္ အျဖစ္ ထြန္းလင္းေတာက္ပခဲ့သည္။ ျမန္မာ့႐ုပ္႐ွင္သမိုင္းတစ္ေလွ်ာက္ ေက်ာ္ၾကားခဲ့ေသာ မင္းသားမ်ားအနက္မွ ေဒြးသည္ အထူးျခားဆုံးျဖစ္သည္။

ၿမိဳ႕ျပေရာ၊ ေက်းလက္ပါမက်န္ ပရိသတ္အားေပးမႈ အခိုင္အမာျဖင့္ “ေဒြးတစ္ေခတ္” ဟု ေခၚဆိုရေလာက္ေသာ ၁၅ႏွစ္တာကာလ ( ၁၉၉၂-၂၀၀၇) ကို ထူေထာင္ႏိုင္ခဲ့သည္။ ၁၉၉၇ ခုႏွစ္တြင္ အေမ့ေျခရာ ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္‌ေဆာင္ဆု၊ အကယ္ဒမီ ရ႐ွိခဲ့သည္။

“အေမ့ေျခရာ” ဇာတ္ကားမွာ ေဒြး၏ႀကိဳးပမ္းမႈမ်ားထဲမွ အေျပာင္ေျမာက္ဆုံးႏွင့္ အေလးနက္ဆုံးျဖစ္သည္ဟု ထင္ျမင္မိသည္။ မိခင္ေမတၱာကို နားမလည္၊ မိခင္ကို ေကာင္းက်ိဳးမျပဳဘဲ ဒုကၡသာေပးေနစဥ္ မိခင္၏ေမတၱာကိုနားလည္ၿပီး မိခင္ကိုခ်စ္ျမတ္ႏိုးကာ အေမ့ေျခရာကို ရယူ၍ဦးထိပ္ထားသည့္ လုပ္ငန္း႐ွင္ႏွင့္ေတြ႕ရာမွ အျမင္မွန္ရေသာ္လည္း မိခင္ကြယ္လြန္သည့္ အျဖစ္ႏွင့္ ၾကဳံရသည့္သားအျဖစ္ ပရိသတ္ကို သ႐ုပ္ေဆာင္ျပခဲ့သည္

အခ်ိန္အတန္ၾကာ “ေဒြး” ဟူေသာ အမည္ကို ထိန္းႏိုင္ခဲ့သည့္ လွ်ိဳ႕ဝွက္ခ်က္ကို ဆန္းစစ္ၾကည့္ရာတြင္

• ပရိသတ္အေပၚ အေလးထားေသာ ဆႏၵ

• ေခတ္ေရစီးေၾကာင္း အေပၚအကဲခတ္ေလ့လာမႈ

• ႀကိဳးစားအားထုတ္မႈ

• အလုပ္အေပၚ ျမတ္ႏိုးတန္ဖိုးထားမႈ

• ကိုယ္ရည္ကိုယ္ေသြး ထက္ျမက္မႈ စသည္တို႔ကို ေတြ႕႐ွိခဲ့ရသည္။

သ႐ုပ္ေဆာင္ေလာကတြင္ ေအာင္ျမင္မႈမ်ား ရ႐ွိၿပီးေနာက္ ‌ေဒြးသည္ ငယ္စဥ္က ႐ူးသြပ္ခဲ့ေသာ ဂီတဘက္သို႔ ေျခဆန္႔ခဲ့သည္။ ႐ုပ္႐ွင္ေနာက္ခံေတးအခ်ိဳ႕အား ကိုယ္တိုင္သီဆိုျခင္း၊ ေတးစီးရီးမ်ားကို တစ္ဦးတည္းေရာ အျခားေတးသံ႐ွင္မ်ားႏွင့္ပါ တြဲဖက္၍ ထုတ္လုပ္ျခင္း၊ ေတးဂီတပြဲမ်ားတြင္ သီဆိုေဖ်ာ္ေျဖျခင္း တို႔ကို လုပ္ေဆာင္ခဲ့သည္။

ေတးသီခ်င္းေပါင္း ၃၀ ေက်ာ္ကို သီဆိုခဲ့ၿပီး ကိုယ္ပိုင္အယ္ဘမ္တစ္ေခြ၊ အတြဲေခြမ်ား၊ လူစုံေတးစီးရီးမ်ား ပါဝင္ခဲ့သည္။ “ထြန္းလင္းခြင့္ေပးပါ” သည္ ေဒြး၏ တစ္ေခြတည္းေသာ တစ္ကိုယ္ေတာ္ အယ္လ္ဘမ္ ျဖစ္သည္။

႐ုပ္႐ွင္ဗီဒီယို ဇာတ္ကားမ်ားတြင္လည္းေကာင္း၊ တီဗြီေၾကာ္ျငာမ်ားတြင္လည္းေကာင္း၊ေတးဂီတ နယ္ပယ္တြင္လည္းေကာင္း လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့ေသာ ေဒြးသည္ အႏုပညာဝမ္းစာ ျပည့္ဝလာေသာအခါ ဒါ႐ိုက္တာတစ္ဦး အျဖစ္လည္း ေဆာင္႐ြက္ခဲ့သည္။

႐ုံတင္ဗီဒီယိုကားမ်ား ထြန္းကားလာခ်ိန္တြင္ ေငြသိုက္၏ ဗီဒီယိုအတြက္ “မာန္၏ဒဏ္” ဒီဗီဒီကားကို ဒါ႐ိုက္တာအျဖစ္ ဦးစီး၍ ႐ိုက္ကူးခဲ့သည္။ ‌ေဒြးကိုယ္တိုင္ ဒါ႐ုက္တာအျဖစ္ ႐ိုက္ကူးခဲ့ေသာ ေနာက္ဆုံးဇာတ္ကားမွာ “ႏွင္းဆီမိုးတိမ္” ျဖစ္သည္။ ထို႔အျပင္ ေဒြးသည္ ပန္းခ်ီလက္ရာမ်ားစြာကိုလည္း ခ်န္ရစ္ခဲ့သည္။

ဘဝနိဂုံး

ေအာင္ျမင္မႈ အထြဋ္အထိပ္ ေရာက္‌ေနစဥ္ ၂၀၀၇ ခုႏွစ္၊ ဇူလိုင္လ ၁၁ ရက္ (ဗုဒၶဟူးေန႔)၊ ညေန ၅ နာရီခန္႔တြင္ အမွတ္ ၃၄(စီ)၊ ‌ေအးသာယာလမ္း၊ ေဘာက္ေထာ္ေနအိမ္တြင္ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့ေလသည္။ ကြယ္လြန္ခ်ိန္တြင္ ေဒြးသည္ အသက္ (၄၂) ႏွစ္ခန္႔ သာ ႐ွိေသးသည္။

အခ်ိန္မတိုင္ခင္ ကြယ္လြန္ခဲ့ရသည့္အတြက္ တစ္တိုင္းျပည္လုံး ယူက်ံဳးမရ ျဖစ္ခဲ့ရေလသည္။ ဒုကၡကို အေရာင္ဆိုးခဲ့ေသာ ေဒြးသည္ ေလာကကို ခြန္႔ခြာသြားခဲ့ေသာ္လည္း ေဝလည္းေမႊး၊ ေႂကြလည္းေမႊး ဟူေသာ စကားအတိုင္း ေသဆုံးသြားေသာ္လည္း ယခုအခ်ိန္အထိ ‌ေဒြး၏ဂုဏ္သတင္းမွာ ေမႊးပ်ံ႕ေနဆဲပင္ျဖစ္သည္။

‌ေဒြး၏ ႐ုပ္အ‌ေလာင္းကို ေရးေဝသုႆန္တြင္ မီးသၿဂိဳလ္၍ အ႐ိုးျပာကို ျပန္လည္သယ္ေဆာင္ကာ ေခ်ာင္းဝဘုန္းႀကီးေက်ာင္း၌ လြမ္းေစတီ တည္ထားခဲ့သည္။ ျမန္မာ့႐ုပ္႐ွင္သမိုင္းတြင္ ေငြၾကယ္တစ္ပြင့္အျဖစ္ ထြန္းလင္းခဲ့ေသာ ေဒြးသည္ ယေန႔ထက္တိုင္ ျမန္မာျပည္သူတို႔၏ ရင္ထဲဝယ္ ေအာက္ေမ့တသလွ်က္ပင္ ႐ွိေနပါေတာ့သည္။

(ျမန္မာႏိုင္ငံမွ စံတင္ရေလာက္ပါေသာ စြယ္စုံရအႏုပညာ႐ွင္တစ္ဦးျဖစ္သည့္ ဦးထင္လင္း (ခ) ကိုသားႀကီး ေခၚ ေဒြး အား ဂုဏ္ျပဳ၍ ေရးသားေဖာ္ျပလိုက္ပါသည္။)

Credit Celeonly