မႏၲေလး မဂၤလာမႏၲေလးတြင္ ညေနပိုင္း ဓားျပတိုက္ခံရၿပီး က်ပ္သိန္း(၃၀၀၀)ပါသြားဟုဆို (႐ုပ္သံ)
MFP ၊ ဒီဇင္ဘာ – ၁၈
မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၇၃ လမ္းေပၚရွိ တ႐ုတ္စီးပြားေရး လုပ္ငန္းရွင္မ်ား ပိုင္ဆိုင္ထားေသာ မဂၤလာမႏၲေလး အိမ္ယာစီမံကိန္းတြင္ ယမန္ေန႔ ဒီဇင္ဘာ(၁၇)ရက္ ညေန႐ုံးဆင္းခ်ိန္က ဓားျပတိုက္မႈ ျဖစ္ပြားခဲ့ၿပီး က်ပ္သိန္း (၃၀၀၀) လုယက္ခံလိုက္ရေၾကာင္း နီးစပ္သူမ်ားႏွင့္ စစ္ေကာင္စီ အုပ္ခ်ဳပ္ေရးအသိုင္းအဝိုင္းက MFP သို႔ ေျပာသည္။
ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၁)ရပ္ကြက္၊ (၇၃)လမ္းေပၚရွိ မဂၤလာမႏၲေလးအိမ္ယာဝင္း ေျမညီထပ္ရွိ ကုမၸဏီတစ္ခု၏ ေငြထုတ္၊ေငြအပ္ ျပဳလုပ္ရာ ေနရာသို႔ အမ်ိဳးသား ေလးဦး ဝင္ေရာက္လာၿပီး ေသနတ္ျပ ၿခိမ္းေျခာက္ကာ ေငြက်ပ္သိန္း(၃၀၀၀) ဓားျမတိုက္သြားျခင္း ျဖစ္ကာ က်ဴးလြန္သူမ်ားကို ဖမ္းမမိေသးဟု ဆိုသည္။
မဂၤလာမႏၲေလး အိမ္ယာရွိ အဆိုပါကုမၸဏီ၏ ေငြထုတ္၊ေငြအပ္ႏွံသည့္ ေနရာတြင္ ကုမၸဏီဝန္ထမ္းအခ်ိဳ႕ ရွိေနစဥ္ မက္(စ္)မ်ား တပ္ထားေသာ အမ်ိဳးသားေလးဦး လက္နတ္မ်ားကိုင္ေဆာင္ကာ ေရာက္ရွိလာၿပီး “ကိုယ္အသက္ကိ ႏွေျမာရင္ မလႈပ္ၾကနဲ႔”ဟု ေျပာဆိုကာ ေငြမ်ားထားသည့္ အခန္းအတြင္းမွ ဆာလာအိတ္ျဖင့္ ထည့္ထားေသာ ေငြက်ပ္သိန္း(၃၀၀၀)ကို ယူေဆာင္၍ ေမာ္ေတာ္ယာဥ္ျဖင့္ ေမာင္းႏွင္ထြက္ေျပးခဲ့ျခင္း ျဖစ္သည္ဟု MFP က သတင္းရရွိသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားကို ဖမ္းမိႏိုင္ရန္ စစ္ေကာင္စီ ရဲတပ္ဖြဲ႕က စုံစမ္းေနေၾကာင္း သတင္းရရွိသည္။
မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ ေလယာဥ္ကြင္းေဟာင္းအနီး ၇၃ လမ္းေပၚရွိ မႏၲေလး စည္ပင္ပိုင္ေျမမ်ားကို ႀကံ့ခိုင္ေရး အစိုးရ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ဦးရဲျမင့္က မႏၲေလးၿမိဳ႕ေန တ႐ုတ္လူမ်ိဳး စီးပြားေရးသမားမ်ား ျဖစ္ေသာ New Star Light ကုမၸဏီႏွင့္ CAD ကုမၸဏီတို႔ကို ခ်ထားေပးခဲ့ရာမွ မဂၤလာ မႏၲေလး အိမ္ယာ စီမံကိန္း ေပၚေပါက္လာျခင္း ျဖစ္သည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မႏၲေလးၿမိဳ႕၌ ဓားျပမႈ၊ လုယက္မႈႏွင့္ လုယက္သတ္ျဖတ္မႈမ်ား မၾကာခဏ ျဖစ္ပြားေနၿပီး ၿပီးခဲ့သည့္ လပိုင္းက မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေနအိမ္တစ္အိမ္ႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္တစ္ဆိုင္ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္ခံခဲ့ရသည္။
ထို႔အျပင္ မႏၲေလးၿမိဳ႕၌ လမ္းသြားလမ္းလာမ်ားကို ႐ိုက္ႏွက္ကာ ဆိုင္ကယ္ႏွင့္ ပိုက္ဆံအိတ္ လုယက္သည့္ ျဖစ္စဥ္မ်ားလည္း ေန႔စဥ္နီးပါး ျဖစ္ပြားေနသည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။(Mandalay Free Press – MFP
မန္တလေး မင်္ဂလာမန္တလေးတွင် ညနေပိုင်း ဓားပြတိုက်ခံရပြီး ကျပ်သိန်း(၃၀၀၀)ပါသွားဟုဆို (ရုပ်သံ)
MFP ၊ ဒီဇင်ဘာ – ၁၈
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းပေါ်ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်ထားသော မင်္ဂလာမန္တလေး အိမ်ယာစီမံကိန်းတွင် ယမန်နေ့ ဒီဇင်ဘာ(၁၇)ရက် ညနေရုံးဆင်းချိန်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း (၃၀၀၀) လုယက်ခံလိုက်ရကြောင်း နီးစပ်သူများနှင့် စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းက MFP သို့ ပြောသည်။
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ (၇၃)လမ်းပေါ်ရှိ မင်္ဂလာမန္တလေးအိမ်ယာဝင်း မြေညီထပ်ရှိ ကုမ္ပဏီတစ်ခု၏ ငွေထုတ်၊ငွေအပ် ပြုလုပ်ရာ နေရာသို့ အမျိုးသား လေးဦး ဝင်ရောက်လာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ငွေကျပ်သိန်း(၃၀၀၀) ဓားမြတိုက်သွားခြင်း ဖြစ်ကာ ကျူးလွန်သူများကို ဖမ်းမမိသေးဟု ဆိုသည်။
မင်္ဂလာမန္တလေး အိမ်ယာရှိ အဆိုပါကုမ္ပဏီ၏ ငွေထုတ်၊ငွေအပ်နှံသည့် နေရာတွင် ကုမ္ပဏီဝန်ထမ်းအချို့ ရှိနေစဉ် မက်(စ်)များ တပ်ထားသော အမျိုးသားလေးဦး လက်နတ်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး “ကိုယ်အသက်ကိ နှမြောရင် မလှုပ်ကြနဲ့”ဟု ပြောဆိုကာ ငွေများထားသည့် အခန်းအတွင်းမှ ဆာလာအိတ်ဖြင့် ထည့်ထားသော ငွေကျပ်သိန်း(၃၀၀၀)ကို ယူဆောင်၍ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု MFP က သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းမိနိုင်ရန် စစ်ကောင်စီ ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းအနီး ၇၃ လမ်းပေါ်ရှိ မန္တလေး စည်ပင်ပိုင်မြေများကို ကြံ့ခိုင်ရေး အစိုးရ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က မန္တလေးမြို့နေ တရုတ်လူမျိုး စီးပွားရေးသမားများ ဖြစ်သော New Star Light ကုမ္ပဏီနှင့် CAD ကုမ္ပဏီတို့ကို ချထားပေးခဲ့ရာမှ မင်္ဂလာ မန္တလေး အိမ်ယာ စီမံကိန်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ဓားပြမှု၊ လုယက်မှုနှင့် လုယက်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် လပိုင်းက မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်အိမ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံခဲ့ရသည်။
ထို့အပြင် မန္တလေးမြို့၌ လမ်းသွားလမ်းလာများကို ရိုက်နှက်ကာ ဆိုင်ကယ်နှင့် ပိုက်ဆံအိတ် လုယက်သည့် ဖြစ်စဉ်များလည်း နေ့စဉ်နီးပါး ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောသည်။(Mandalay Free Press – MFP



