မြန်မာ့ ဂီတ/ရုပ်ရှင် အနုပညာရှင် ဆရာကြီး ဗိုလ်ကလေးတင့်အောင်သည် ယမန်နေ့(ဒီဇင်ဘာ ၁၆)ညက ကွယ်လွန် အနိစ္စရောက်ခဲ့
ကြောင်း သိရသည်။
ဆရာကြီး ဗိုလ်ကလေးတင့်အောင် သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်
တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတစ်ဦး ဖြစ်ပြီး အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦး
လည်း ဖြစ်သည်။ နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသူ
ဖြစ်သည်။

အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားသည်။ သားသမီး
ခြောက်ယောက်အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကိုမှာ စတုတ္ထသား ဖြစ်သည်။
၁၉၃၈ ခုနှစ် (၁၃၀၀ ပြည့် အရေးတော်ပုံ) ကျောင်းသားသပိတ်မှောက်ရာမှ ကျောင်းပြန်မတက်တော့ဘဲ တခါတည်းထွက်ခဲ့၍ အင်္ဂလိပ်-
မြန်မာ အဋ္ဌမတန်းအထိသာ ပညာသင်ကြားခဲ့ရဖူးသည်။ ရဲတပ်၊ ဗမာ့လက်ရုံးတပ်၊ သံမဏိတပ်တွင် ပါဝင်ဆောင်ရွက်ခဲ့၍ ၁၉၄၀-၄၁ ခုနှစ်
တွင် နယ်ချဲ့အား တော်လှန်ရန် ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။
၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေတပ်) ဖွဲ့စည်းရာ ဗိုလ်အောင်မြတ်၊ ဗိုလ်စံရှား၊ ဗိုလ်သန်းတို့နှင့်အတူ ပါဝင်
ထမ်းရွက်ခဲ့ပြီး ဘီအိုင်အေတပ် ဖျက်သိမ်းပြီးသည့်နောက် နိုင်ငံရေး လုံးဝမလုပ်တော့ဘဲ အနုပညာနယ်အတွင်းသို့ ဝင်ခဲ့ရာမှ ဂီတ၊ ပြဇာတ်၊
စာပေတာဝန်များကို တောက်လျောက်ထမ်းဆောင်ခဲ့သည်။
မကွယ်လွန်ခင်( ၄)ရက်အလိုချိန်တွင် ဂီတအနုပညာမြတ်နိုးစွာဖြင့် တေးသီချင်းများသီဆိုနေသေးသော
ဘဘစည်သူဘိုကလေးတင့်အောင်
မှတ်တမ်း 12.12.2021
ဘဘစည်သူဘိုကလေးတင့်အောင် ကောင်းရာသုဂတိရောက်ပါစေ🙏🙏🙏
Source -ရီရီသန့် နှင်းရီသန့်မြန်မာမှု့တေးဂီတအဖွဲ့



