င်ထဲက အကြွေး မီးတောက်ကြီး…သား လာငြိမ်းပေးလိုက်တာ
အဖွား အသက်(၇၆)နှစ်တဲ့ မြေးမလေးနှင့် ဒလမှာ နေပါတယ်
မြေနီကုန်း တံတားအောက်လေးမှာ…ရေသန့်လေးတွေ စံပယ်ပန်းလေးတွေ ရောင်းပါတယ်
ရေသန့် တဗူး (၃၀၀)ကျပ်ပါ…
အဖွားမှာ အကြွေး (၁)သိန်း ရှိတယ်တဲ့…..အိမ်ငှါးခက တလ (၃)သောင်းတဲ့
အကြွေးက နေ့ပြန်တိုး တနေ့ (၁)ထောင်ပေးရတယ်တဲ့
အဖွားရေ လာပါအုံးဗျ…
သားလေး ရေသန့်ဝယ်မလို့လား?? (အဖွား အပြေးလေး လာခဲ့တယ်)
ဟုတ် အဖွား ရေသန့်လေး ဝယ်မလို့…..(၂)ဗူး ယူမယ်နော်(လက်ထဲ (၂)ဗူးတွေ့လို့)
ကျေးဇူးပါ သားရယ်…..
ရော့ အဖွား 120,000 Ks….
(၁)သိန်းက အဖွား အကြွေး ဆပ်နော်…(၂)သောင်းက ရေသန့်ဗူးဖိုးနော်
ဟာ….သားရယ်….အဖွား မနက်အစောကြီး ပျော်လိုက်တာ…ပြောမပြတတ်အောင်ပဲ…မသိတော့ပါဘူး ဝမ်းသာလိုက်တာ
ရပါတယ် အဖွားရယ်…..
သားရယ်…အဖွား နေ့တိုင်း စိတ်ပူနေရတဲ့…ရင်ထဲက အကြွးမီတောက်ကြီးကို…ရေနဲ့ လာဖြန်းပြီ ငြိမ်းလိုက်သလို ခံစားရတယ်
ဝမ်းသာလိုက်တာ…အဖွား ဒီနေ့ ပြန်ရောက်ပြီဆိုတာနဲ့…အကြွေး သွားဆပ်တော့မယ်…အဖွား အကြွေးတွေကင်းပြီ
ဟုတ် အဖွား…သွားဆပ်လိုက်နော်…စောစောပြန်နားပြီ ဆပ်လိုက်နော်
ဆပ်မှာ သားရေ…အရမ်း ပျော်တာပဲ
(လှူဒါန်းပေးကြတဲ့ (၇)ရက်သားသမီးများအား အဖွားကိုယ်စာ ကျေးဇူးတင်ပါတယ် ဗျ
•အော…အဖွား ပျော်နေတာလေးကြည့်ပြီ… ကျနော်လဲ တနေကုန် ပျော်နေမိတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
☎ 09-5408437