လက်ရှိကာလမှာ အသုံးစရိတ်ကိုတက်နိုင်သလောက် ထိန်းချုပ်သင့်ပါတယ်။ အကျပ်အတည်းကာလဖြစ်တာနဲ့အညီ လူတိုင်းလိုလို ငွေကြေးနဲ့ပတ်သတ်ပြီး အခက်အခဲလေးတွေရှိတက်ကြတာတော့ အမှန်ပါ။
ဒါကြောင့် သင့်အနေနဲ့ တစ်လတစ်လဝင်ငွေတွေကို အလဟာသက်မဖြစ်စေဖို့ ထိန်းသိမ်းသင့်ပြီး အောက်ပါအရာတွေအတွက် ငွေကုန်ကျခံခြင်းကိုရှောင်သင့်ပါတယ်။
(၁) အဝတ်အစားဝယ်ခြင်း
လက်ရှိအချိန်မှာ အိမ်ထဲမှာပဲနေရတာဖြစ်တဲ့အတွက် အဝတ်အစားအသစ်ဝယ်ဖို့ဆိုတာ တကယ်တော့ မလိုအပ်သေးဘူးလို့ပြောလို့ရပါတယ်။
ဒီအချိန်မှာ အဝယ်အစားအသစ်တွေဝယ်တာဟာ မလိုအပ်ပဲ ငွေဖြုန်းနေခြင်း သက်သက်သာဖြစ်ပါတယ်။ဒါကြောင့် အွန်လိုင်းရှော့ပင်တွေကနေ အဝတ်အစားအသစ်တွေ ဝယ်တာမျိုး ရှောင်သင့်ပါတယ်။
(၂) လောင်းကစားလုပ်ခြင်း
အကျပ်အတည်းကာလမှာ အပိုငွေလေးရအောင်လောင်းကစားလုပ်ကြည့်မယ်လို့ ယောင်လို့တောင် စိတ်မကူးမိပါစေနဲ့။ လောင်းကစားလုပ်တယ်ဆိုတာ အနိုင်ထက် အရှုံးက ပိုများပါတယ်။
အရှုံးနဲ့ကိုယ်ငွေအရင်းလေးပြန်ရအောင် လိုက်ရင်းလိုက်ရင်း ပြုတ်ပြုတ်ပြုန်းသွားကြသူတွေလည်း လောင်းကစားလောကမှာ အများကြီးပါ။ဒါကြောင့် လက်ရှိအချိန်မှာ ဘယ်လိုလောင်းကစားနည်းကိုမှ မစမ်းသပ်သင့်ပါဘူး။
(၃) အပြင်စာတွေမှာစားခြင်း
အိမ်အရောက်ပို့ပေးတဲ့ Food Delivery တွေကနေတဆင့် အစားအစာတွေမှာစားခြင်းကိုလည်း လက်ရှိအခြေအနေမှာ အနည်းငယ်ထိန်းချုပ်ထားသင့်ပါတယ်။
အခုအချိန်မှာ အကောင်းဆုံး အိမ်မှာပဲ အဟာရရှိတဲ့အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်စားသင့်တာဖြစ်ပါတယ်။ အပြင်စာတွေအမြဲမှာစားတာက ငွေကုန်ကျပိုများသလို ကျန်းမာရေးအတွက်လည်း ရာနှုန်းပြည့်စိတ်ချရဖို့ မဖြစ်နိုင်ပါဘူး။
(၄) တန်ဖိုးကြီးပစ္စည်းတွေဝယ်ယူခြင်း
လက်ရှိမှာ ငွေကုန်ကြေးကျများတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း မဝယ်ယူသင့်သေးပါဘူး။ ဥပမာအားဖြင့် နောက်ဆုံးပေါ် စမတ်ဖုန်းတွေ နည်းပစ္စည်းတွေ ကား အိမ်ခြံမြေ စသည်ဖြင့်ပေါ့။
အကျပ်အတည်းကာလမှာ ငွေအလုံးအရင်းနဲ့ ကုန်ကျရမယ့် အရာတွေကို ခဏလောက်ထိန်းချုပ်ပြီးနေသင့်ပါတယ်။
crd
Zawgyi ဖြင့်ဖတ်ပါ
အကြပ်အတည်းကာလမှာ ငွေကုန်မခံသင့်တဲ့အရာများ