သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်း ဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။ သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။
ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပံျသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။
နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်က ဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် မထင်လို့ပါတဲ့။
ဘာလို့သူတို့အဲလိုထင်လဲဆိုတော့ ဆင်တွေကို ငယ်စဉ်ကတည်းက ခိုင်ခံတဲ့ကြိုးနဲ့ ချည်နှောင်ထားပါတယ်တဲ့။ သူတို့ကြိုးစား ရုန်းကြည့်ပေမဲ့ မရပါဘူး။ အဲဒီလို ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ အတွက် ဆင်တွေကြီးလာလို့ ခွန်အားနဲ့ ပြည့်စုံချိန်မှာလည်း ငါ့တို့ ဒီသံကြိုးက လွတ်မှာ မဟုတ်ပါဘူးလို့ ယုံကြည်ပြီး ရုန်းမကြည့်တော့တာပါတဲ့။
ဒီတိရိစ္ဆာန် နှစ်မျိုးက ဘာတွေ သင်ယူနိုင်မလဲဆိုတော့ ပိတုန်းလို သဘာဝတရားကြီးက ကန့်သတ်ထားတာတောင် ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတယ်။ ဆင်ကတော့ ကိုယ့်မှာ လုပ်နိုင်စွမ်းရှိတာတောင် ကိုယ်လုပ်နိုင်တာ မယုံကြည်တဲ့ အတွက် မလုပ်ကြည့်တော့ပါဘူးတဲ့။
တကယ်တော့ ကျနော်တို့တွေမှာ ပိတုန်းလိုလူတွေလဲရှိပါတယ်။ ဒါကြောင့် ရိုက်ညီနောင်တို့လို လေယာဉ်ပံျ တီထွင်တဲ့သူတွေ။ မီးလုံးတီထွင်တဲ့ အက်ဒီဆင်တို့လိုသူတွေ။ ဂရေဟမ်ဘဲလ်လို တယ်လီဖုန်းထွင်တဲ့သူတွေလို မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို လုပ်ပြနိုင်တဲ့ သူတွေဖြစ်လာတာပါ။
ဆင်လိုမျိုး အရည်အချင်းတွေရှိတယ် ဒါပေ့မယ် မလုပ်ကြည့်တဲ့အတွက် မလုပ်နိုင်ဘူးထင်တဲ့သူတွေလည်းရှိပါတယ်။
ဒါကြောင့်ဒီနေ့လို နှစ်သစ်မှာ ဒီနှစ်သစ်အတွက်ရည်မှန်းချက်အသစ်တွေချပါ ကြိုးစား အကောင်အထည်ဖော်ပါ။ ပိတုန်းတွေလို တိရိစ္ဆာန်ကတောင် သဘာဝတရားက ကန့်သတ်ချက်ကို လွန်ဆန်နိုင်ရင် ကျနော်တို့လို လူသားတွေက ကိုယ့်ဘဝမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်မှန်းချက်တွေ ဘာကြောင့် ကြိုးစားအကောင်အထည် မဖော်နိုင်ရမှာလဲဗျာ….။
ဒီနှစ်သစ်မှာ သူငယ်ချင်းတို့ရဲ့ ရည်မှန်းချက်တွေ တလုံးတဝတည်း ပြည့်ဝ ကြပါစေဗျာ.. 😊🙏🏻🙏🏻🙏🏻
#ရဲမင်း
Credit:တောသားလေးရဲ့ စာပေရွာ
Zawgyi
သိပၸံပညာရွင္ေတြ ရဲ႕ေလ့လာခ်က္အရ ပိတုန္း ဟာ ေလေပၚပ်ံတက္ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူးတဲ့။ ပိတုန္းရဲ႕ အေတာင္ပံဟာ အရမ္းေသးငယ္ၿပီး ခႏၶာကိုယ္ကပိုႀကီးတဲ့ အတြက္ျဖစ္ပါတယ္တဲ့။ သူ႔ေတာင္ပံက သူခႏၶာကိုယ္ကို သယ္ၿပီးပ်ံသန္းဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူးတဲ့။ ဒါေပမယ့္ ပိတုန္းက ဘာလို႔ေလေပၚပ်ံႏိုင္လဲ။ စိတ္ဝင္စားစရာပါ။
ပိတုန္းက သူ မပ်ံႏိုင္တာကို မသိပဲနဲ႔ ႀကိဳးစားပံ်သန္းရင္းနဲ႔ ပ်ံလို႔ရသြားတာပါတဲ့။ သေဘာက ကိုယ့္ကိုသဘာဝတရားအရ ကန္႔သတ္ထားတာကို မသိပဲ ႀကိဳးစားျပဳလုပ္ရင္းက လုပ္လို႔ရသြားတာပါ။
ေနာက္ထပ္ စိတ္ဝင္စားစရာ တိရိစၧာန္က ဆင္ပါ။ ဆင္ေတြကို သံႀကိဳးနဲ႔ ခ်ည္ျပီး ခၽြန္းနဲ႔ထိုးကာ ခိုင္းၾကပါတယ္။ တကယ္က ဆင္ကိုခ်ည္ထားတဲ့ သံႀကိဳးကို ဆင္အားနဲ႔ တခ်က္႐ုန္းလိုက္ရင္ သံႀကိဳးျပတ္ၿပီး အေႏွာင္အဖြဲ႕က လြတ္ေျမာက္သြားႏိုင္ပါတယ္တဲ့။ ဒါေပမယ့္ ဆင္ေတြအေနနဲ႔ မ႐ုန္းၾကည့္ၾကပါဘူတဲ့။ သူတို႔႐ုန္းလဲ လြတ္မယ္ မထင္လို႔ပါတဲ့။
ဘာလို႔သူတို႔အဲလိုထင္လဲဆိုေတာ့ ဆင္ေတြကို ငယ္စဥ္ကတည္းက ခိုင္ခံတဲ့ႀကိဳးနဲ႔ ခ်ည္ေႏွာင္ထားပါတယ္တဲ့။ သူတို႔ႀကိဳးစား ႐ုန္းၾကည့္ေပမဲ့ မရပါဘူး။ အဲဒီလို ငယ္စဥ္ကတည္းက ႐ိုက္သြင္းထားတဲ့ အတြက္ ဆင္ေတြႀကီးလာလို႔ ခြန္အားနဲ႔ ျပည့္စံုခ်ိန္မွာလည္း ငါ့တို႔ ဒီသံႀကိဳးက လြတ္မွာ မဟုတ္ပါဘူးလို႔ ယံုၾကည္ၿပီး ႐ုန္းမၾကည့္ေတာ့တာပါတဲ့။
ဒီတိရိစၧာန္ ႏွစ္မ်ိဳးက ဘာေတြ သင္ယူႏိုင္မလဲဆိုေတာ့ ပိတုန္းလို သဘာဝတရားႀကီးက ကန္႔သတ္ထားတာေတာင္ ႀကိဳးစားျပဳလုပ္ရင္းက လုပ္လို႔ရသြားတယ္။ ဆင္ကေတာ့ ကိုယ့္မွာ လုပ္ႏိုင္စြမ္းရွိတာေတာင္ ကိုယ္လုပ္ႏိုင္တာ မယံုၾကည္တဲ့ အတြက္ မလုပ္ၾကည့္ေတာ့ပါဘူးတဲ့။
တကယ္ေတာ့ က်ေနာ္တို႔ေတြမွာ ပိတုန္းလိုလူေတြလဲရွိပါတယ္။ ဒါေၾကာင့္ ႐ိုက္ညီေနာင္တို႔လို ေလယာဥ္ပံ် တီထြင္တဲ့သူေတြ။ မီးလံုးတီထြင္တဲ့ အက္ဒီဆင္တို႔လိုသူေတြ။ ဂေရဟမ္ဘဲလ္လို တယ္လီဖုန္းထြင္တဲ့သူေတြလို မျဖစ္ႏိုင္ဘူးထင္တဲ့ အရာေတြကို လုပ္ျပႏိုင္တဲ့ သူေတြျဖစ္လာတာပါ။
ဆင္လိုမ်ိဳး အရည္အခ်င္းေတြရွိတယ္ ဒါေပ့မယ္ မလုပ္ၾကည့္တဲ့အတြက္ မလုပ္ႏိုင္ဘူးထင္တဲ့သူေတြလည္းရွိပါတယ္။
ဒါေၾကာင့္ဒီေန႔လို ႏွစ္သစ္မွာ ဒီႏွစ္သစ္အတြက္ရည္မွန္းခ်က္အသစ္ေတြခ်ပါ ႀကိဳးစား အေကာင္အထည္ေဖာ္ပါ။ ပိတုန္းေတြလို တိရိစၧာန္ကေတာင္ သဘာဝတရားက ကန္႔သတ္ခ်က္ကို လြန္ဆန္ႏိုင္ရင္ က်ေနာ္တို႔လို လူသားေတြက ကိုယ့္ဘဝမွာ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ရည္မွန္းခ်က္ေတြ ဘာေၾကာင့္ ႀကိဳးစားအေကာင္အထည္ မေဖာ္ႏိုင္ရမွာလဲဗ်ာ….။
ဒီႏွစ္သစ္မွာ သူငယ္ခ်င္းတို႔ရဲ႕ ရည္မွန္းခ်က္ေတြ တလံုးတဝတည္း ျပည့္ဝ ၾကပါေစဗ်ာ.. 😊🙏🏻🙏🏻🙏🏻
#ရဲမင္း
Credit:ေတာသားေလးရဲ့ စာေပရြာ



