ၾကားသိရသမွ်

သူဌေးတွေမဟုတ်တာမို့ စားသောက်ဆိုင်ကြော်ငြာလေး လက်ခံရိုက်ကူးမိတာနဲ့ အပြစ်ရှိသွားရင်လည်း BOYCOTT သာလုပ်လိုက်ကြပါတော့လို့ ဆိုလိုက်တဲ့ အဆိုတော် နေဝင်း…

Snare အဖွဲ့က အဆိုတော်နေဝင်းကတော့ သူ့ရဲ့ချစ်ဇနီး အိမ့်ချစ်ချောနဲ့အတူတူ ခရီးသွားဘလော့တွေနဲ့ ကြော်ငြာတွေကို သူတို့ရဲ့ Page ကနေ ရေးသားပေးဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေဝင်းက လွန်ခဲ့တဲ့ရက်ပိုင်းက စားသောက်ဆိုင်ကြော်ငြာတစ်ခုကို သူတို့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်ကနေ တင်ခဲ့ရာ ပြည်သူတွေဒုက္ခရောက်နေတာတောင် အစားအသောက်၊ အသွားအလာမပျက်တာကြောင့် Boycott လုပ်သင့်တယ်ဆိုပြီး ပရိသတ်အချို့ရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး နေဝင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြောလာပါတယ်။

“အလုပ်လုပ်လို့မရတဲ့ ကျွန်တော်တို့ဘဝတွေ၊ သူဌေးတွေလို့ထင်ခံနေရတဲ့ ကျွန်တော်တို့ဘဝတွေ၊ ကိုယ့်ပေါင်ကိုယ်လှံ့ထောင်းရတော့မယ့် ကျွန်တော်တို့ဘဝတွေ၊ ဘူမသိကိုးမသိပဲ တောင်ပြောမြောက်ပြော ပြောခံရတဲ့ ကျွန်တော် တို့ ဘဝတွေ၊ ကျွန်တော်တို့လဲ ပြည်သူပါပဲလို့ အမြဲ ပြောနေရတဲ့ကျွန်တော်တို့ ဘဝတွေ။

ကျွန်တော်တို့လဲ ပျော်နေတာမှမဟုတ်တာ။ boycott company တွေနဲ့လဲ အလုပ်လုပ်နေတာမဟုတ်ဘူး။ တသက်လုံးလဲမလုပ်ဘူး။

ကျွန်တော်တို့ ခရီးတွေသွားပြီး အလှပုံ အပျော်ပုံတွေ တင်နေတာမှမဟုတ်တာ။ စားသောက်ဆ်ုင်ကြော်ငြာလေဗျာ။ boycott မဟုတ်တဲ့ local လုပ်ငန်းတွေ တခြားကြော်ငြာလေးတွေတော့ လုပ်လို့မရဘူးလားဗျ။”“ဒီခရီးကြီးက အချိန်တစ်ခုထိ အားလုံးအတူတူ သွားရမှာလေ။

ကျွန်တော်တို့လဲ အလုပ်လေး နည်းနည်းပါးပါးတော့ လုပ်မှရမှာပေါ့။ စကစရဲ့ အဖမ်းတော့မခံချင်လို့ နောက်ပိုင်းတော့ speakout မလုပ်ဖြစ်တာဗျာ။ ဒါပေမယ့်ကိုယ်တတ်နိုင်တာတော့ အမြဲလစဉ်လုပ်တယ်ဗျာ။

အကျယ်တဝင့်တော့မရှင်းပြတော့ဘူး။ ပြီးတော့ ကျွန်တော်တို့ ခရိုနီ လဲမဟုတ်ဘူူး / ဒလန်မဟုတ်ဘူူး / ဘောမလဲ မဟုတ်ဘူး။

ကျွန်တော် Nay Win အမှန်ခြစ်လေးနဲ့ ဒီpage ကို ကြည့်ပါအုံး ဘာတွေလုပ်ထားလဲလို့။ ဒီထဲမှာ ရှိတဲ့လူတွေလဲ အလုပ်တစ်ခုမဟုတ်တစ်ခုတော့ လုပ်နေကြတဲ့လူတွေပဲမဟုတ်ဘူးလား။ ကျွန်တော်တို့လဲ သာမာန် လူတွေပါပဲ။ ကျွန်တော်တို့က ဒီပေါ်မှာလုပ်ရတဲ့သူတွေလေဗျာ။”“လုပ်ရတာလဲ လက်ဆယ်ချောင်းတောင်မရှိပါဘူး။

သီချင်းသစ်တွေ တင်နေတာလဲမဟုတ်ဘူး။

MWD မှာ သီချင်းဆိုနေတာလဲမဟုတ်ဘူး။ line ပေါ်မှာ ပျော်ပြီး ဒွန့်ပြနေတာလဲမဟုတ်ဘူး။ အလုပ်အတွက် ဓာတ်ပုံရိုက်တာ အဲ့လိုမရိုက်လို့ ဘယ်လိုရိုက်ရမလဲ။ အဲ့ဒါမှ cott ချင်သပါ့ဆိုရင်တော့ cott ဗျာ” ဆိုပြီး သူ့ရဲ့ ခံယူချက်ကို ပွင့်ပွင့်လင်းလင်းပြောလာတာပဲဖြစ်ပါတယ်။

Source: Nay Win’ fb

Credit