


Rain (For Ialinks)
Unicode
အိမ်မှာလျှပ်စစ်မီးမရှိ၍ ညတိုင်း လမ်းမီးတိုင်အောက်မှာ ကျောင်းစာလုပ်ခဲ့ရသော ကောင်လေး

ပီရူးနိုင်ငံ မိုချီမြို့တွင် နေထိုင်သော ၆တန်းကျောင်းသားလေးတစ်ဦးသည် အိမ်ကဆင်းရဲတာကြောင့် လျှပ်စစ်မီးမရှိသည့်အတွက် မှောင်မည်းနေကာ ဖယောင်းတိုင်မီးထွန်းမည့်အစား လမ်းမပေါ်ထွက်ပြီး စာလုပ်ခဲ့သည်။

ကောင်လေးသည် ညတိုင်း လူသွားလူလာမဲ့သော လမ်းမထက်ရှိ မီးတိုင်အောက်နားလေးတွင် ကျောင်းကပေးလာသောစာကို ပြီးအောင်လုပ်ပြီးမှပဲ အိမ်ပြန်လေ့ရှိရာ CCTVမှတ်တမ်းကနေတဆင့် ကောင်လေးရဲ့ ကြိုးစားအားထုတ်မှုကို တွေ့ခဲ့ရသည်။

ထို့ကြောင့်ပဲ ချမ်းသာကြွယ်ဝသော သူဌေးသားလူငယ်တစ်ဦးသည် ကောင်လေးကို လေးစားသောအားဖြင့် သူတို့ရဲ့အိမ်စုတ်စုတ်လေးကို နှစ်ထပ်တိုက်အိမ်ပြောင်းဆောက်ပေးခဲ့ပြီး ကောင်လေးရဲ့ ပညာသင်စရိတ်ကိုလည်း ထောက်ပံ့ပေးသွားမည်ဟု ဆိုခဲ့သည်။

Rain (For Ialinks)



