ၾကားသိရသမွ်

မဲမသာမှုကိုအကြောင်းပြုအာဏာထိန်းသည်ကို ပြည်သူတွေမယုံကြည်လို့ဆိုပီး ပြည်သူတစ်ယောက်ချင်းစီဖတ်နိုင်အောင် စာအုပ်ထုတ်ပေးမည်

မဲမသမာမှု မတရားပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်လို့ အမည်ပေးထားတဲ့ စာအုပ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ဝေ

SAC ကနေ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသ

မာမှု မတရားပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်လို့ နာမည်ပေးထားတဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချိထားပြီလို့ သိရပါတယ်။

SAC ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်၊ ဒါတွေကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် NLD အစိုးရဘက်က

ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံ့အာဏာကို ရယူလိုက်တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ ရွေးကောက်ပွဲဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးဖို့ SAC က ညွှန်ကြားခဲ့တာပဲ

ဖြစ်ပါတယ်။

အခုလိုစာအုပ် ထွက်ရှိလာတာဟာ လူထုနဲ့ တပ်မိသားစုတွေဆီ ဝါဒဖြန့်ဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီကို ၂၀၂၀ ရွေးကောက်ပွဲမှာ မ

တရားပြုကျင့်မှုနဲ့ မဲမသမာမှုတွေရှိခဲ့တယ်ဆိုတာကို တစ်ဖက်လှည့်နဲ့ သတင်းစကားပေးဖို့အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်

သူတစ်ဦးက မှတ်ချက်ပေးသွားခဲ့ပါတယ်။

“အရင်တုန်းကလည်း အခုလို ဝါဒဖြန့်စာအုပ်တွေ ထွက်ခဲ့ဖူးတာပဲလေ။ ဒါပေမဲ့ ဒါဟာ နိုင်ငံရေးလောကဓံနဲ့ မြန်မာ့နိုင်ငံရေးထဲက သမိုင်း

အဖြစ်အပျက်တစ်ခုဆိုတော့ ဘယ်လိုတွေ ရေးထားလဲ၊ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လိုပုံဖော်ထားသလဲဆိုတာ လေ့လာသင့်တဲ့စာအုပ်ပါ

ပဲ။

တစ်ရက်ရက်ရောက်ရင် အကိုးအကားတွေ ပြန်ရှာလို့ရနိုင်တဲ့စာအုပ်လို့ ပြောရပါလိမ့်မယ်။ ဒီစာအုပ်ကနေတဆင့် နောက်လာမယ့်

ရွေးကောက်ပွဲအခင်းအကျင်းကိုလည်း သိရှိခွင့်ရနိုင်ပါတယ်”လို့ အဆိုပါ မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက အသိပေးသွားခဲ့ပါတယ်။

#Mercury_Media