အခ်စ္နွင့္ဘဝ

ရင္ထဲမွာ နင့္ေနေအာင္ခ်စ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ (၅) မ်ိဳး

မိန္းကေလးေတြရဲ႕ စိတ္က ခန္႔မွန္းရခက္ပါတယ္။ အေၾကာင္းကေတာ့ စိတ္ထဲရွိတာက တစ္ျခား၊ အျပဳအမူက တစ္ျခားျဖစ္ေနတတ္လို႔ပါ။ ေနာက္တစ္ခုက မိန္းကေလးေတြဟာ အရမ္းဂရုိစုိက္ခံခ်င္၊ အရမး္အခ်စ္ခံခ်င္တဲ့သူေတြပါ။ အဲလို ဂရုစိုက္၊ အခ်စ္ခံရေအာင္လည္း နည္းမ်ိဳးစံုနဲ႕ၾကိးစားတတ္ၾကပါတယ္

ခုေဖာ္ျပေပးမွာကေတာ့ ခ်စ္သူအေပၚမွာ ဆုိးေပမယ့္ တကယ္တမ္း ရင္ထဲမွာက်ေတာ့ နင့္ေနေအာင္ခ်စ္တဲ့ မိန္းကေလးေတြရဲ႕ လကၡဏာ(၅)မ်ိဳး ျဖစ္ပါတယ္။ ဒီလိုမိန္းကေလးမ်ိဳးေတြက ကေလးဆန္တာေလးကလြဲရင္ သင့္အတြက္ အစစအရာရာ ျပည့္စံုတဲ့သူျဖစ္လို႔ လက္လႊတ္ မခံသင့္ပါဘူးေနာ္

၁= ေဒါသၾကီးတယ္

ဒီလုိမ္ိန္းကေလးေတြက ေဒါသအရမး္ၾကီးပါတယ္။ ဒါေပမယ့္ ဒီလိုေဒါသၾကီးတာကလည္း သင့္ကိုခ်စ္လြန္းလို႔ပဲျဖစ္ပါတယ္။ သင္နဲ႔ပတ္သက္ရင္ အေသးအမႊားေလးကအစ အရမး္ဂရုိစုိက္တတ္တဲ့ သူျဖစ္တာေၾကာင့္၊ ဖုန္းမဆက္တာေလး၊ စာမျပန္တာေလးကအစ သူ႔အတြက္ အရမ္းစိတ္ထိခိုက္ရပါတယ္။ ဝမ္းနည္းသြားတဲ့ သူ႔ရဲ႕စိတ္ကို ေဒါသအျဖစ္ ေျပာင္းလိုက္တာေၾကာင့္ ေဒါသၾကီးေနရတာပါ။ တကယ္တမး္က်ေတာ့ သင့္ကိုခ်စ္လြန္းအားၾကီးလို႔ဆိုတာ သိထားလိုက္ပါေနာ္

၂= အရြဲ႕တုိက္တယ္

ဒီလိုမိန္းကေလးေတြဟာ ရြဲ႕တဲ့ေနရာမွာေတာ့ ႏွစ္ေယာက္မရွိပါဘူး။ သူ႔ရင္ထဲမွာ ထိခိုက္ေလေလ ပိုျပီး အရြဲ႕တိုက္ေလေလပါပဲ။ သူသဝန္တိုရင္ပဲ ျဖစ္ျဖစ္၊ ဝမး္နည္းရင္ပဲ ျဖစ္ျဖစ္၊ တစ္ခုခုျဖစ္တိုင္း ဘယ္ေတာ့မွ တိုက္ရိုက္ေျပာမွာ မဟုတ္ပါဘူး။ သူရြဲ႕ေနျပီဆိုရင္ သင္ဘာအမွားလုပ္မိလဲ ကိုယ့္ကိုယ္ကိုသာ ျပန္ေမးလိုက္ပါ။ သင့္ကိုရြဲ႕ေနတာ အရမ္းဂရုစိုက္လို႔ပါ၊ သူဂရုမစိုက္တဲ့သူဆိုရင္ ဘာအလုပ္လုပ္ အဖတ္ကို မလုပ္တာပါ

၃= ကိုယ္ကစျပီး မေခၚဘူး

ခ်စ္သူအေပၚကို ဆိုးေပမယ့္ နင့္ေနေအာင္ခ်စ္တဲ့ ေကာင္မေလးေတြဟာ ခ်စ္သူကို ကိုယ့္ဖက္က စျပီးဘယ္ေတာ့မွ ေခၚမွာမဟုတ္ပါဘူး။ နင္နဲ႔ငါျပတ္ျပီ လို႔ေျပာသာ ေျပာေနတာ ခ်စ္သူလာေခၚမယ့္၊ လာေခ်ာ့မယ့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနၾကတာ ျဖစ္ပါတယ္။ ခ်စ္သူကို စသာမေခၚတာ ရင္ထဲမွာေတာ့ မိနစ္တိုင္းက နာက်င္ေနတာ ျဖစ္ပါတယ္။ ခ်စ္သူမ်ားစိတ္ကုန္သြားမလား၊ တကယ္ျပတ္သြားမလား ဆိုတာ ေတြးျပီး အရမး္ေၾကာက္ၾကပါတယ္။ ဒါေၾကာင့္ ရန္ျဖစ္ စိတ္ေကာက္ၾကတဲ့အခါ သူ႔ကိုအၾကာၾကီး ပစ္မထားပါနဲ႔၊ အျမန္ေခ်ာ့လိုက္ပါ။ သင့္ကို နင့္ေနေအာင္ ခ်စ္ပါတယ္ဆိုတာ သင္သိထားပါ

၄= ရစ္တယ္

အရမး္ရစ္ႏိုင္ၾကတဲ့ သူေတြလည္း ျဖစ္ပါတယ္။ ခ်စ္သူကုိ ရစ္တဲ့အခါတုိင္း ခ်စ္သူရဲ႕ အျပဳအမူ အေျပာအဆိုေတြကို ေသခ်ာ အကဲခတ္ေနတာလည္း ျဖစ္ပါတယ္။ ခ်စ္သူက အရင္လို စိတ္ရွည္ရဲ႕လား၊ ကုိယ့္ကို ၾကင္ၾကင္နာနာ ဆက္ဆံရဲ႕လားဆိုတာ သိခ်င္လို႔ တမင္ရစ္တဲ့ အခါေတြလည္းရွိပါတယ္။ သူဘာေၾကာင့္ပဲ ရစ္ရစ္ ေသခ်ာတာကေတာ့ သင့္ကို အရမး္ခ်စ္လုိ႔ ဆိုတာပါပဲ

၅= ဦးစားေပးခံခ်င္တယ္

ခ်စ္သူအတြက္ သူကသာ နံပါတ္ (၁) ျဖစ္ခ်င္တဲ့သူပါ။ ခ်စ္သူရဲ႕ အလိုလိုက္မႈ၊ ဦးစားေပးမႈကို အျမဲတမ္းလိုခ်င္ပါတယ္။ ဒါေၾကာင့္ပဲ တစ္ခါေလ သူငယ္ခ်င္းေတြကိုေရြးမလား ကိုယ့္ကိုယ္ေရြးမလားဆိုတဲ့ အက်ပ္ရိုက္ေစတဲ့ ေမးခြန္းမ်ိဳးေတြကို ေမးတတ္တာျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ သူ႔ကိုသာ ဦးစားေပးလိုက္ရင္၊ အရာအားလံုး သင့္စိတ္ၾကိဳက္ ျဖစ္ေစမယ့္သူပါ။ ဒါေၾကာင့္ သူ႔ကို တတ္ႏိုင္သေလာက္ ဦးစားေပးလိုက္ပါ။ သူ႔ရင္ထဲမွာ ဘယ္ေလာက္ေတာင္ ၾကည္ႏူးေနမလဲဆိုတာ သင္မသိလို႔ပါ

ခရက္ဒစ္

unicode

မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပါတယ်။ အကြောင်းကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ်လို့ပါ။ နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမး်အချစ်ခံချင်တဲ့သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစားတတ်ကြပါတယ်

ခုဖော်ပြပေးမှာကတော့ ချစ်သူအပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ(၅)မျိုး ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးတွေက ကလေးဆန်တာလေးကလွဲရင် သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော်

၁= ဒေါသကြီးတယ်

ဒီလိုမ်ိန်းကလေးတွေက ဒေါသအရမး်ကြီးပါတယ်။ ဒါပေမယ့် ဒီလိုဒေါသကြီးတာကလည်း သင့်ကိုချစ်လွန်းလို့ပဲဖြစ်ပါတယ်။ သင်နဲ့ပတ်သက်ရင် အသေးအမွှားလေးကအစ အရမး်ဂရိုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊ ဖုန်းမဆက်တာလေး၊ စာမပြန်တာလေးကအစ သူ့အတွက် အရမ်းစိတ်ထိခိုက်ရပါတယ်။ ဝမ်းနည်းသွားတဲ့ သူ့ရဲ့စိတ်ကို ဒေါသအဖြစ် ပြောင်းလိုက်တာကြောင့် ဒေါသကြီးနေရတာပါ။ တကယ်တမး်ကျတော့ သင့်ကိုချစ်လွန်းအားကြီးလို့ဆိုတာ သိထားလိုက်ပါနော်

၂= အရွဲ့တိုက်တယ်

ဒီလိုမိန်းကလေးတွေဟာ ရွဲ့တဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူး။ သူ့ရင်ထဲမှာ ထိခိုက်လေလေ ပိုပြီး အရွဲ့တိုက်လေလေပါပဲ။ သူသဝန်တိုရင်ပဲ ဖြစ်ဖြစ်၊ ဝမး်နည်းရင်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တိုင်း ဘယ်တော့မှ တိုက်ရိုက်ပြောမှာ မဟုတ်ပါဘူး။ သူရွဲ့နေပြီဆိုရင် သင်ဘာအမှားလုပ်မိလဲ ကိုယ့်ကိုယ်ကိုသာ ပြန်မေးလိုက်ပါ။ သင့်ကိုရွဲ့နေတာ အရမ်းဂရုစိုက်လို့ပါ၊ သူဂရုမစိုက်တဲ့သူဆိုရင် ဘာအလုပ်လုပ် အဖတ်ကို မလုပ်တာပါ

၃= ကိုယ်ကစပြီး မခေါ်ဘူး

ချစ်သူအပေါ်ကို ဆိုးပေမယ့် နင့်နေအောင်ချစ်တဲ့ ကောင်မလေးတွေဟာ ချစ်သူကို ကိုယ့်ဖက်က စပြီးဘယ်တော့မှ ခေါ်မှာမဟုတ်ပါဘူး။ နင်နဲ့ငါပြတ်ပြီ လို့ပြောသာ ပြောနေတာ ချစ်သူလာခေါ်မယ့်၊ လာချော့မယ့် အချိန်ကို စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ချစ်သူကို စသာမခေါ်တာ ရင်ထဲမှာတော့ မိနစ်တိုင်းက နာကျင်နေတာ ဖြစ်ပါတယ်။ ချစ်သူများစိတ်ကုန်သွားမလား၊ တကယ်ပြတ်သွားမလား ဆိုတာ တွေးပြီး အရမး်ကြောက်ကြပါတယ်။ ဒါကြောင့် ရန်ဖြစ် စိတ်ကောက်ကြတဲ့အခါ သူ့ကိုအကြာကြီး ပစ်မထားပါနဲ့၊ အမြန်ချော့လိုက်ပါ။ သင့်ကို နင့်နေအောင် ချစ်ပါတယ်ဆိုတာ သင်သိထားပါ

၄= ရစ်တယ်

အရမး်ရစ်နိုင်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ ချစ်သူကို ရစ်တဲ့အခါတိုင်း ချစ်သူရဲ့ အပြုအမူ အပြောအဆိုတွေကို သေချာ အကဲခတ်နေတာလည်း ဖြစ်ပါတယ်။ ချစ်သူက အရင်လို စိတ်ရှည်ရဲ့လား၊ ကိုယ့်ကို ကြင်ကြင်နာနာ ဆက်ဆံရဲ့လားဆိုတာ သိချင်လို့ တမင်ရစ်တဲ့ အခါတွေလည်းရှိပါတယ်။ သူဘာကြောင့်ပဲ ရစ်ရစ် သေချာတာကတော့ သင့်ကို အရမး်ချစ်လို့ ဆိုတာပါပဲ

၅= ဦးစားပေးခံချင်တယ်

ချစ်သူအတွက် သူကသာ နံပါတ် (၁) ဖြစ်ချင်တဲ့သူပါ။ ချစ်သူရဲ့ အလိုလိုက်မှု၊ ဦးစားပေးမှုကို အမြဲတမ်းလိုချင်ပါတယ်။ ဒါကြောင့်ပဲ တစ်ခါလေ သူငယ်ချင်းတွေကိုရွေးမလား ကိုယ့်ကိုယ်ရွေးမလားဆိုတဲ့ အကျပ်ရိုက်စေတဲ့ မေးခွန်းမျိုးတွေကို မေးတတ်တာဖြစ်ပါတယ်။ သေချာတာကတော့ သူ့ကိုသာ ဦးစားပေးလိုက်ရင်၊ အရာအားလုံး သင့်စိတ်ကြိုက် ဖြစ်စေမယ့်သူပါ။ ဒါကြောင့် သူ့ကို တတ်နိုင်သလောက် ဦးစားပေးလိုက်ပါ။ သူ့ရင်ထဲမှာ ဘယ်လောက်တောင် ကြည်နူးနေမလဲဆိုတာ သင်မသိလို့ပါ

ခရက်ဒစ်