ၾကားသိရသမွ်

ပင္ပန္းၾကမ္းတမ္းမႈေတြကို အခုခ်ိန္ထိသည္းခံေနခဲ့တဲ့ တစ္ခုတည္းေသာအေၾကာင္းျပခ်က္ကို ေျပာျပလာတဲ့ PDF လူငယ္တစ္ဦး

Zawgyi

ပင္ပန္းၾကမ္းတမ္းမႈေတြကို အခုခ်ိန္ထိသည္းခံေနခဲ့တဲ့ တစ္ခုတည္းေသာအေၾကာင္းျပခ်က္ကို ေျပာျပလာတဲ့ PDF လူငယ္တစ္ဦး

အာဏာသိမ္းမႈျဖစ္စဥ္အၿပီး (၆) လ ေက်ာ္ၾကာ ျမင့္လာတဲ့အထိ PDF လူငယ္ေတြဟာ ေပ်ာ္စရာေတြ မိသားစုရဲ႕ေႏြးေထြးမႈေတြကိုစြန႔္လႊတ္ၿပီး ျပည္သူတစ္ရပ္လုံးအတြက္ အနစ္နာခံေပးဆပ္ေနၾကဆဲပါ။

မိဘအိမ္မွာေနရသလို ေအးခ်မ္းမႈေတြလုံးဝမရွိဘဲ ခက္ခဲၾကမ္းတမ္းလြန္းတဲ့အေျခအေနေတြနဲ႔ ျဖစ္သလိုစားေနရတဲ့အာဟာရေတြနဲ႔ အသ က္ဆ က္ေနၾကၿပီး အာဏာရွင္ကိုေတာ္လွန္ဖို႔ ႀကိဳးစားေနၾကသူေတြပါ။

ဘယ္လိုပဲပင္ပန္းခက္ခဲေနၾကပါေစ ျပည္သူလူထုကသာ သူတို႔ဖက္မွာ မားမားမတ္မတ္ရပ္တည္ေပးမယ္ဆိုရင္ ဒီအေရးေတာ္ပုံႀကီး ေအာင္ျမင္ၿပီးဆုံးတဲ့အထိ တိုက္ခိုက္သြားမယ္လို႔ ေျပာခဲ့ပါေသးတယ္။

ဒီလိုခံစားခ်က္ေတြကို ” ျခင္ကိုက္လည္း အိပ္ရတာပဲ။ မိုး႐ြာလည္း အိပ္ရတာပဲ။ ခ်ဳံၾကား အပင္ၾကားလည္း အိပ္ရတာပဲ။ ေနမေကာင္းလည္း ခြၽဲႏြဲ႕တိုးဝင္စရာ မိဘရင္ခြင္အနားမရွိ အစားဆင္းရဲ၊အေနဆင္းရဲတယ္။ ဒါေပမယ့္ စိတ္ဓာတ္မက်ပါဘူး။

ျပည္သူအားလုံး စကစ လက္ေအာက္က လြတ္ ေျမာက္ဖို႔အတြက္ ကြၽန္ေတာ္တို႔ အသက္ေတြရင္းထားတယ္။ ျပည္သူေတြက ကြၽန္ေတာ္တို႔အေနာ က္က ကြၽန္ေတာ္တို႔နဲ႔ တစိတ္တဝမ္းထဲ ရပ္တည္ေပးပါ။

ျပည္သူ႔အားေပးသံက ကြၽန္ေတာ္တို႔အတြက္အ င္အားပါ။ အေရးေတာ္ပုံေအာင္ျမင္ဖို႔ ကိုယ္တ တ္ႏိုင္တဲ့ဖက္က ဝိုင္းဝန္းႀကိဳးစားၾကပါစို႔။ အေရ းေတာ္ပုံ ေအာင္ရမည္။ ” ဆိုၿပီး PDF လူငယ္ေလးတစ္ဦးက သူ႔ရဲ႕လူမႈကြန္ယက္မွာ ေျပာျပလာခဲ့ပါတယ္။

လူငယ္ေတြဟာသူတို႔ရဲ႕အသက္ကိုေတာင္ပဓာဏမထားေတာ့ဘဲစြန႔္လႊတ္ေနၾကတဲ့အခ်ိန္မွာ ျပ ည္သူလူထုႀကီးအေနနဲ႔လည္း ဒီလိုလူငယ္ေတြအ တြက္ စိတ္ခြန္အားေရာ ေငြအားေရာ အမ်ားႀကီးေထာက္ပံ့ေပးသင့္ပါတယ္။

တိုက္ပြဲတစ္ခုေအာင္ျမင္ဖို႔ဆိုတာ စည္းလုံးညီၫြ တ္မႈက အေျခခံပါပဲ။ ျပည္သူတစ္ရပ္လုံးကသာ PDF လူငယ္ေတြကိုေထာက္ပံ့ေပးၿပီး ခက္ခဲတဲ့ အေျခအေနေတြႀကဳံလာတိုင္း တတ္စြမ္းသ၍ကာကြယ္ေပးမယ္ဆိုရင္ ဒီအေရးေတာ္ပုံႀကီးေအာ င္ျမင္ဖို႔ ေန႔ရက္ေတြဟာ လုံးဝမေဝးႏိုင္ေတာ့ပါဘူး။

Unicode

ပင်ပန်းကြမ်းတမ်းမှုတွေကို အခုချိန်ထိသည်းခံနေခဲ့တဲ့ တစ်ခုတည်းသောအကြောင်းပြချက်ကို ပြောပြလာတဲ့ PDF လူငယ်တစ်ဦး

အာဏာသိမ်းမှုဖြစ်စဉ်အပြီး (၆) လ ကျော်ကြာ မြင့်လာတဲ့အထိ PDF လူငယ်တွေဟာ ပျော်စရာတွေ မိသားစုရဲ့နွေးထွေးမှုတွေကိုစွန့်လွှတ်ပြီး ပြည်သူတစ်ရပ်လုံးအတွက် အနစ်နာခံပေးဆပ်နေကြဆဲပါ။

မိဘအိမ်မှာနေရသလို အေးချမ်းမှုတွေလုံးဝမရှိဘဲ ခက်ခဲကြမ်းတမ်းလွန်းတဲ့အခြေအနေတွေနဲ့ ဖြစ်သလိုစားနေရတဲ့အာဟာရတွေနဲ့ အသ က်ဆ က်နေကြပြီး အာဏာရှင်ကိုတော်လှန်ဖို့ ကြိုးစားနေကြသူတွေပါ။

ဘယ်လိုပဲပင်ပန်းခက်ခဲနေကြပါစေ ပြည်သူလူထုကသာ သူတို့ဖက်မှာ မားမားမတ်မတ်ရပ်တည်ပေးမယ်ဆိုရင် ဒီအရေးတော်ပုံကြီး အောင်မြင်ပြီးဆုံးတဲ့အထိ တိုက်ခိုက်သွားမယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီလိုခံစားချက်တွေကို ” ခြင်ကိုက်လည်း အိပ်ရတာပဲ။ မိုးရွာလည်း အိပ်ရတာပဲ။ ချုံကြား အပင်ကြားလည်း အိပ်ရတာပဲ။ နေမကောင်းလည်း ချွဲနွဲ့တိုးဝင်စရာ မိဘရင်ခွင်အနားမရှိ အစားဆင်းရဲ၊အနေဆင်းရဲတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါဘူး။

ပြည်သူအားလုံး စကစ လက်အောက်က လွတ် မြောက်ဖို့အတွက် ကျွန်တော်တို့ အသက်တွေရင်းထားတယ်။ ပြည်သူတွေက ကျွန်တော်တို့အနော က်က ကျွန်တော်တို့နဲ့ တစိတ်တဝမ်းထဲ ရပ်တည်ပေးပါ။

ပြည်သူ့အားပေးသံက ကျွန်တော်တို့အတွက်အ င်အားပါ။ အရေးတော်ပုံအောင်မြင်ဖို့ ကိုယ်တ တ်နိုင်တဲ့ဖက်က ဝိုင်းဝန်းကြိုးစားကြပါစို့။ အရေ းတော်ပုံ အောင်ရမည်။ ” ဆိုပြီး PDF လူငယ်လေးတစ်ဦးက သူ့ရဲ့လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။

လူငယ်တွေဟာသူတို့ရဲ့အသက်ကိုတောင်ပဓာဏမထားတော့ဘဲစွန့်လွှတ်နေကြတဲ့အချိန်မှာ ပြ ည်သူလူထုကြီးအနေနဲ့လည်း ဒီလိုလူငယ်တွေအ တွက် စိတ်ခွန်အားရော ငွေအားရော အများကြီးထောက်ပံ့ပေးသင့်ပါတယ်။

တိုက်ပွဲတစ်ခုအောင်မြင်ဖို့ဆိုတာ စည်းလုံးညီညွ တ်မှုက အခြေခံပါပဲ။ ပြည်သူတစ်ရပ်လုံးကသာ PDF လူငယ်တွေကိုထောက်ပံ့ပေးပြီး ခက်ခဲတဲ့ အခြေအနေတွေကြုံလာတိုင်း တတ်စွမ်းသ၍ကာကွယ်ပေးမယ်ဆိုရင် ဒီအရေးတော်ပုံကြီးအော င်မြင်ဖို့ နေ့ရက်တွေဟာ လုံးဝမဝေးနိုင်တော့ပါဘူး။