ၾကားသိရသမွ်

လာမည့်နှစ်မှစ၍ အလှူ၊ မင်္ဂလာဆောင်ပြုလုပ်လျှင် စစ်ကောင်စီက ငွေကျပ် သုံးသိန်း တောင်းခံမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဧရာဝတီတိုင်းအတွင်း နှစ်မကုန်မီ အလှူ၊ မင်္ဂလာဆောင်များအပြိုင်အဆိုင်ပြုလုပ်နေ

လာမည့်နှစ်မှစ၍ အလှူ၊ မင်္ဂလာဆောင်ပြုလုပ်လျှင် စစ်ကောင်စီက ငွေကျပ် သုံးသိန်း တောင်းခံမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ဧရာဝတီတိုင်းအတွင်း နှစ်မကုန်မီ အလှူ၊ မင်္ဂလာဆောင်များအပြိုင်အဆိုင်ပြုလုပ်နေ

လာမည့် ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှစတင်၍ အလှူမင်္ဂ လာဆောင်များပြုလုပ်ပါက ငွေကျပ် သုံးသိန်းတောင်းခံမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဧရာဝတီတိုင်းတိုင်း၊ ဟင်္သာတခရိုင်အတွင်းမြို့နယ်များတွင်နှစ်မကုန်မီ အလှူ၊ မင်္ဂလာဆောင် များကို အပြိုင်အဆိုင်ပြုလုပ်နေကြကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါသတင်းများသည် ယခုလဆန်းပိုင်းမှစတင်၍ ပြန့်နှံ့နေခြင်းခြင်းဖြစ်ပြီး အဆိုပါသတင်းများကြောင့် လာမည့်နှစ်အတွင်းကျင်းပရန်လျာထားသည့် အလှူ၊မင်္ဂ လာဆောင်များကိုပါ ယခုနှစ်မကုန်မီ ရွှေ့ဆိုင်း၍ ပြုလုပ်နေကြောင်း သိရသည်။

“ကြာပီပေါ့ အဲဒီသတင်းကြားနေတာ။ အလှူပဲလုပ်လုပ် မင်္ဂလာဆောင်ပဲလုပ်လုပ် သုံးသိန်းပေးဆောင်ရမယ်လို့ အသံတွေကြားနေတာ။ စစ်ကောင်စီငွေပြတ်နေတော့ တောင်းရင်တောင်းနိုင်တယ်။အတည်ဖြစ်သွားလို့ပေးရမယ်ဆိုရင် သုံးသိန်းဆိုတာမနဲဘူး မပေးနိုင်ဘူး။

အာ့ကြောင့်ခုရက်ထဲလုပ်လိုက်တာ။ ရွာထဲကလှူဖို့စီစဥ်ထားတဲ့သူတွေလည်းဒီရက်ထဲမှာ အကုန်စုပြီးလုပ်နေကြတယ် ။ ” ဟု ဟင်္သာတခရိုင်၊ လေး မျက်နှာမြို့မှ ဒေသခံတဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်အာဏာသိမ်းထားသည့်စစ်အုပ်ချုပ်ရေးကာလဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုမရှိသည့်ကာလ ဖြစ်၍ ဘာမဆိုဖြစ်လာနိုင်သည့်အတွက် ယခု ကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောဆိုသည်။

” မင်္ဂလာဆောင်ရင်လက်မှတ်ထိုးရင် ငွေသုံးသိန်း ပေးရမယ်ဆိုတဲ့သတင်းက ခုတလောကြားနေရလို့ ကျနော်တို့က ၃ လပိုင်းမှယူဖို့လုပ်ထားတာ။ အခုက ငွေတောင်းမယ်လို့ကြားနေတော့ ကျနော်တို့ခုခေတ်ကာလမှာပိုက်ဆံမနဲစုပြီးယူဖို့စီစဥ်ရတာ။

အဲ့လောက်ပိုက်ဆံတော့မပေးနိုင်ဘူး။မဟုတ်ပါဘူးလို့ဘယ်သူမှလည်း အာမခံနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူး။ ဟု ကြံခင်းမြို့နယ်က မင်္ဂ လာသတို့သားလောင်းတဦးကဆိုသည်။

၂၀၂၂ ခုနှစ်မှစတင်၍ အလှူ၊မင်္ဂလာဆောင်ပွဲ များပြု လုပ်ပါက အခွန် ငွေသုံးသိန်းပေးဆောင်ရမည်ဟုသတင်း များထွက်ပေါ်နေပြီး အများပြည်သူများအကြားဝေဖန်မှုများမြင့်တက်နေကြောင်း သိရသည်။

” အခွန်ဆိုပြီး ကောက်လို့တော့မရဘူး။ ခေါင်းစဥ်မရှိဘူး။ မူဝါဒမရှိဘူး။ အတည်ပြုပေးမယ့် လွှတ် တော်လည်းမရှိဘူး။ ဒါပေမယ့် စစ်အုပ်ချုပ်ရေး ကာလဖြစ်တဲ့အတွက် သူတို့ဘာသာဆက်ကြေး တောင်းသလိုတောင်းရင်တော့မသိဘူး” ဟု အခွန် ဦးစီးဌာန ဒု-ဦးစီးမှူးတဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ သတင်းများထွက်ပေါ်နေမှုကြောင့်၂၀၂၂ မတိုင်မီ ဟင်္သါတခရိုင်အတွင်းမြို့များဖြစ်သည့် ဟင်္သါတ၊အင်္ဂပူ၊လေးမျက်နှာ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း စသည့်မြို့ နယ်များအတွင်း တွင် အလှူ၊မင်္ဂလာဆောင်များ နေ့စဉ်နီးပါးကျင်းပပြုလုပ်လျှက်ရှိနေကြောင်း ဟင်္သာတခရိုင်အတွင်းမှ ဒေသခံများထံကသိရသည်။

ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်