JRose (Mckzone daily)
Reference : yan
Unicode
ကျောင်းသားတစ်ဦးဟာ အတန်းထဲမှာ အလွယ်တကူအိပ်စက်နိုင်စေရန်အတွက် အလွန်ခေတ်မီဆန်းပြားတဲ့နည်းလမ်းနဲ့ ပရိတ်သတ်များကို ရယ်မောစေခဲ့ပါတယ် ။
ဒီကောင်လေး ပြုလုပ်တဲ့နည်းလမ်းက အတန်းထဲမှာ အလွယ်တကူ တစ်ရေးတစ်မော အိပ်စက်နိုင်တဲ့အပြင် မျိုးဆက်သစ်ကျောင်းသားများစွာ အတွက်လည်း နည်လမ်းကောင်းလေးပါ ။ အဆိုပါကျောင်းသားက စာရွက်တစ်ရွက်ကို မျက်မှန်နဲ့ အံကိုက်ဖြစ်အောင် ညှပ်ထည့်လိုက်ပြီး အထူးမျက်မှန်တစ်စုံကို တီထွင်ခဲ့တာပါ ။
ထိုနည်းဖြင့် ဆရာ၊ဆရာမများအတွက် အဝေးကနေကြည့်ရင် ခန့်မှန်းရခက်စေပါတယ် ။ ထိုထူးခြားတဲ့နည်းလမ်းကြောင့် ကောင်လေးက ဆရာ အပြစ်ပေးခံရမှာကို မကြောက်တော့ဘဲ အတန်းထဲမှာ ပေါ့ပေါ့ပါးပါး အိပ်စက်နေခဲ့ပါတယ် ။ အင်တာနက်သုံးစွဲသူတွေက ကောင်လေးရဲ့ ရဲရင့်တဲ့အကြံအစည်ကို ကြည့်ပြီး ရယ်မောနေခဲ့ကြပါတယ် ။